နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်

နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။

ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ လက်ဝယ်ရရှိနိုင်မည့် အလားအလာအပေါ် ထရမ့်က စိတ်အားထက်သန်စွာ ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်ရေနံလုပ်ငန်းရှင်များသည် အကြောင်းရင်းများစွာကြောင့် ဗင်နီဇွဲလားသို့ အလောတကြီး ခြေစုံပစ်ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း လုပ်ငန်းတွင်းသတင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။ ၎င်းအကြောင်းရင်းများမှာ – မြေပြင်အခြေအနေသည် မရေမရာ ဖြစ်နေဆဲဖြစ်ခြင်း၊ ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းမှာ ပျက်စီးယိုယွင်းနေခြင်းနှင့် ကာရာကတ်စ် (Caracas) အစိုးရသည် အမေရိကန်ရေနံပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည့် သမိုင်းကြောင်း ရှိခြင်း တို့ကြောင့်ဖြစ်သည်။

အကြီးမားဆုံးပြဿနာမှာ လက်ရှိရေနံစျေးနှုန်းများမှာ အလွန်နိမ့်ကျနေသဖြင့် ပျက်စီး နေသော ဗင်နီဇွဲလားရေနံလုပ်ငန်းကို ပြန်လည်ရှင်သန်လာစေရန် လိုအပ်မည့် ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဖြစ်နိုင်ခြေအားဖြင့် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းအထိ) ရင်းနှီး မြှုပ်နှံရန် မတန်တဆဖြစ်နေခြင်းဖြစ်သည်။

“ လက်ရှိအချိန်မှာ ဗင်နီဇွဲလားထဲကို တိုးဝင်ဖို့ စိတ်ဝင်စားမှုက တော်တော်လေးနည်းပါတယ်။ အဲဒီက အစိုးရက ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ လုံးဝမသိရသေးဘူး” ဟု လုပ်ငန်းတွင်းမှ သတင်းမြစ်တစ်ခုက တနင်္လာနေ့တွင် CNN သို့ ပြောကြားခဲ့သည်။ “ သမ္မတရဲ့ ဆန္ဒက လုပ်ငန်းရှင်တွေရဲ့ အနေအထားနဲ့ ကွဲပြားနေတယ်။ တကယ်လို့ အိမ်ဖြူတော်အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က စစ်ဆင်ရေးမတိုင်ခင်မှာ လုပ်ငန်းရှင်တွေနဲ့သာ ဆက်သွယ်ဆွေးနွေးခဲ့ရင် ဒါကို သိမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တေလာရော်ဂျာ (Taylor Rogers) ကမူ CNN သို့ပေးပို့သော ထုတ်ပြန်ချက်တွင် “ ကျွန်မတို့ရဲ့ ရေနံကုမ္ပဏီတွေအားလုံးဟာ အာဏာမရှိတဲ့ မာဒူရို အစိုးရ ကြောင့် ပျက်စီးခဲ့ရတဲ့ ဗင်နီဇွဲလားရဲ့ ရေနံအခြေခံအဆောက်အအုံတွေကို ပြန်လည်တည် ဆောက် ဖို့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အဆင်သင့်ရှိနေကြပါတယ်။

အမေရိကန်ရေနံကုမ္ပဏီတွေဟာ ဗင်နီဇွဲလားပြည်သူတွေအတွက် ကောင်းမွန်တဲ့အလုပ် တွေကို လုပ်ဆောင်ပေးမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးမှာပါ” ဟု ဆိုသည်။

အိမ်ဖြူတော်အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ စွမ်းအင်ဝန်ကြီး ခရစ်ရိုက် (Chris Wright) နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) တို့သည် ထရမ့်၏ကိုယ်စား ရေနံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ဦးဆောင်သွားမည်ဖြစ်သည်။ ရေနံကုမ္ပဏီများနှင့် ဆက်သွယ်မှုများကို စတင်နေပြီဖြစ်ပြီး ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ ဝန်ကြီး ခရစ်ရိုက်သည် အမေရိကန် ကုမ္ပဏီများ ဗင်နီဇွဲလားတွင် ရေနံတူးဖော်မှုများ ပြန်လည်စတင်နိုင်ရေးအတွက် ယခုအပတ်အတွင်း ရေနံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

သို့သော် ထရမ့်အစိုးရအဖွဲ့ဝင်များသည် ဗင်နီဇွဲလားသို့ ပြန်လည်ဝင်ရောက်ရန် စိတ်ဝင်စားမှု ရှိမရှိ အမေရိကန်ရေနံကုမ္ပဏီများကို မေးမြန်းခဲ့သော်လည်း စွမ်းအင်ကုမ္ပဏီများမှာ ထိုနေရာ တွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် ဝန်လေးနေကြကြောင်း သတင်းမြစ်နှစ်ခုက CNN သို့ ယခင်က ပြောကြားခဲ့ဖူးသည်။

လက်တွေ့ထက် စကားလုံးက ရှေ့ရောက်နေခြင်း’

ဖက်ဒရယ်အစိုးရ၏ ခန့်မှန်းချက်များအရ ဗင်နီဇွဲလားသည် အီရတ်၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စု သုံးနိုင်ငံပေါင်းထက်ပင် ပိုမိုများပြားသော ကမ္ဘာ့အကြီးဆုံး ရေနံအရန် သယံဇာတများကို ပိုင်ဆိုင်ထားသည်။

သို့သော် ရေနံကုမ္ပဏီများသည် ဝေးလံသောဒေသများတွင် ရေနံတူးဖော်ရေး စီမံကိန်းများ အတွက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်သည့်အခါ နောင်နှစ်ပေါင်းများစွာ (သို့မဟုတ်) ဆယ်စုနှစ် များစွာအထိ လုပ်ငန်းလည်ပတ်မည့် ပတ်ဝန်းကျင်အခြေအနေအပေါ် ယုံကြည်မှုရှိရန် လိုအပ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် နောက်သီတင်းပတ်အနည်းငယ်အတွင်း ဗင်နီဇွဲလား၏ အစိုးရပုံစံနှင့် အဖွဲ့အစည်းများ မည်သို့ဖြစ်လာမည်ကိုပင် မသေချာသဖြင့် နောင်နှစ်ပေါင်းများစွာအတွက် စိတ်ချရန်မှာ ခက်ခဲလှသည်။

“ ကမ္ဘာ့အကြီးဆုံး ရေနံသယံဇာတတွေ ရှိနေရုံနဲ့ အဲဒီမှာ သွားပြီး ထုတ်လုပ်မယ်လို့ မဆိုလိုပါဘူး” ဟု အခြားလုပ်ငန်းတွင်း သတင်းမြစ်တစ်ခုက ပြောသည်။ “ ဒါက လမ်းဘေးစာသောက်ဆိုင်လေးတစ်ခု ဖွင့်တာနဲ့ မတူဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းမြစ်၏ အဆိုအရ ထရမ့်အစိုးရသည် “ လက်တွေ့ထက် စကားလုံးကို ရှေ့တန်းတင်နေသည်” ဟု ဆိုပြီး ကုမ္ပဏီများ ပြည်ပတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားရာ၌ နိုင်ငံရေးတည်ငြိမ်မှုသည် “ အရေးအကြီးဆုံး” ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဗင်နီဇွဲလားမှာ ငွေမရှိတော့ပါ’

နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်း၊ စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံတကာ၏ ပယ်ကြဉ်ခြင်းခံရမှုတို့ကြောင့် ဗင်နီဇွဲလား၏ ရေနံအခြေခံအဆောက်အအုံများသည် ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် ရှိနေသည်။

“ ဗင်နီဇွဲလားက ဒေဝါလီခံနေရပါပြီ။ ငွေလည်းမရှိတော့ဘူး။ နိုင်ငံပိုင်ရေနံကုမ္ပဏီကလည်း ပရမ်းပတာဖြစ်နေတယ်။ သူ့ပြည်သူတွေကိုတောင် အနိုင်နိုင်ကျွေးမွေးနေရတာ” ဟု ဗင်နီဇွဲလားတွင် မွေးဖွားကြီးပြင်းခဲ့သည့် Citgo ဥက္ကဋ္ဌဟောင်း လူအီဆာ ပါလာစီယို (Luisa Palacios) က ပြောကြားခဲ့သည်။

Rystad Energy အကြံပေးလုပ်ငန်း၏ ခန့်မှန်းချက်အရ ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှုကို လက်ရှိအဆင့်ဖြစ်သော တစ်ရက်လျှင် စည်ပေါင်း ၁.၁ သန်း (မြောက်ဒါကိုတာပြည်နယ်၏ ထုတ်လုပ်မှုနှင့် အတူတူနီးပါး) တွင် ဆက်လက်ထိန်းထားရန်ပင်လျှင် နောက်လာမည့် ၁၅ နှစ်အတွင်း ဒေါ်လာ ၅၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်သည်။

သို့သော် ဗင်နီဇွဲလားကို ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းကကဲ့သို့ တစ်ရက်လျှင် စည်ပေါင်း ၃ သန်းအထိ ထုတ်လုပ်နိုင်သည့် ရွှေခေတ်သို့ ပြန်ရောက်စေရန်အတွက်မူ ၂၀၄၀ ပြည့်နှစ်အထိ စုစုပေါင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၈၃ ဘီလီယံအထိ ရှိလာမည် ဟု Rystad ၏ ခွဲခြမ်းစိတ်ဖြာချက်အရ သိရသည်။

ထိုမျှကြီးမားသော ပမာဏမှာ ဗင်နီဇွဲလား၏ ဟောင်းနွမ်းနေသောအခြေခံအဆောက်အအုံများ ကြောင့် သာမက ၎င်းတို့၏ ရေနံအများစုမှာ “ အပြင်းစား” (Heavy Crude) အမျိုးအစား ဖြစ်နေ ခြင်းကြောင့်လည်း ဖြစ်သည်။ ထိုရေနံအမျိုးအစားမှာ တက္ကဆက်အနောက်ပိုင်းရှိ ပစ္စည်းများထက် သန့်စင်ရန်နှင့် ပြုပြင်ရန် ပိုမိုခက်ခဲပြီး ကုန်ကျစရိတ်လည်း ပိုမိုများပြား သည်။

၆၀ ဒေါ်လာတန် ရေနံစျေးမှာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာမဟုတ်

လက်ရှိတွင် ရေနံစိမ်းစျေးနှုန်းများမှာလည်း နိမ့်ကျနေသည်။ ပြီးခဲ့သည့်နှစ်က ရေနံစျေးနှုန်း များသည် ၂၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ၎င်းမှာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်သည်။

စျေးသက်သာသော ရေနံသည် စားသုံးသူများအတွက် ကောင်းမွန်ပြီး ဓာတ်ဆီစျေးနှုန်းများကို (၄) နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိစေသည်။ သို့သော် ထိုသို့သော စျေးနှုန်းနိမ့်သည့် အခြေအနေကြောင့် ရေနံကုမ္ပဏီအမှုဆောင်များနှင့် ရှယ်ယာရှင်များမှာ စွန့်စားရမှုများသော စီမံကိန်းများတွင် ငွေပုံအောရန် ဝန်လေးစေပါသည်။

“ ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းကို ညတွင်းချင်း ပြန်စနိုင်မယ်ဆိုတဲ့ အယူအဆက လက်တွေ့ မကျပါဘူး။ ဒါတွေအားလုံးက တော်တော်လေး စောလွန်းနေပါသေးတယ်” ဟု Wolfe Research မှ မန်နေဂျင်းဒါရိုက်တာ ဒေါ့ဂ် လဂတ် (Doug Leggate) က ပြောကြားခဲ့သည်။

အကယ်စင်စစ် ထရမ့်အစိုးရအနေဖြင့် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာစေရန် အထူးအခွင့်အရေးများ သို့မဟုတ် အာမခံချက်များပေး၍ ဆွဲဆောင်ရန် ကြိုးစားနိုင် သော်လည်း ယင်းကဲ့သို့သော မက်လုံးများ ပေး၊ မပေးဆိုသည်မှာ ပြောရန် စောလွန်း နေပါသေးသည်။

ရှက်ဗရွန် (Chevron) ကုမ္ပဏီ အကျိုးအမြတ်ရနိုင်ခြေရှိ

မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ၏အဆိုအရ အမေရိကန်ရေနံကုမ္ပဏီ အနည်းငယ်သာလျှင် ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်ရန် လိုအပ်သော ငွေကြေးအင်အားနှင့် နည်းပညာရှိကြသည်။

ထိုစာရင်း၏ ထိပ်ဆုံးတွင် ရှက်ဗရွန် (Chevron) ကုမ္ပဏီ ရှိနေသည်။ အကြောင်းမှာ ဟူစတန် အခြေစိုက် အဆိုပါကုမ္ပဏီသည် ဆယ်စုနှစ်ပေါင်းများစွာ မတည်ငြိမ်မှုများကြားမှ ဗင်နီဇွဲလား တွင် ဆက်လက်ရပ်တည်နေသည့် တစ်ခုတည်းသော အနောက်နိုင်ငံ ရေနံကုမ္ပဏီကြီး ဖြစ်သောကြောင့် ဖြစ်သည်။

“ အမေရိကန်ရေနံကုမ္ပဏီတွေထဲမှာ Chevron က အခွင့်အလမ်းအရှိဆုံးပါပဲ” ဟု Rice တက္ကသိုလ်မှ Francisco Monaldi က ပြောကြားခဲ့သည်။

Rystad ၏ အဆိုအရ Chevron သည် လက်ရှိတွင် ဗင်နီဇွဲလား၌ တစ်ရက်လျှင် စည်ပေါင်း ၁၅၀,၀၀၀ ခန့် ထုတ်လုပ်နေပြီး ထရမ့်အစိုးရက မကြာသေးမီက သက်တမ်းတိုးပေး ထားသည့် ပိတ်ဆို့အရေးယူမှုကင်းလွတ်ခွင့်လိုင်စင်အောက်တွင် လုပ်ကိုင်နေခြင်းဖြစ်သည်။

နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အာဏာမှ ဖယ်ရှားခံရပြီးနောက် ဗင်နီဇွဲလားတွင် ထုတ်လုပ်မှု တိုးမြှင့်ရန် စိတ်ဝင်စားမှု ရှိ၊ မရှိ မေးမြန်းမှုကိုမူ Chevron က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အိတ်ဇွန် (Exxon) နှင့် ကိုနိုကို (Conoco) တို့က ဒေါ်လာဘီလီယံပေါင်းများစွာ ပြန်ရရန်ရှိနေ

အမေရိကန်၏ အခြားရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် ExxonMobil နှင့် ConocoPhillips တို့တွင်လည်း ဗင်နီဇွဲလားကို ပြန်လည်အသက်သွင်းနိုင်မည့် ကျွမ်းကျင်မှုနှင့် ငွေကြေးအင်အား ရှိသည်။ သို့သော် ကုမ္ပဏီနှစ်ခုလုံးမှာ ဗင်နီဇွဲလားတွင် ကြုံတွေ့ခဲ့ရသော အတိတ်က အတွေ့အကြုံများကြောင့် စိုးရိမ်စိတ်ရှိနေနိုင်ဆဲ ဖြစ်သည်။

ဗင်နီဇွဲလားခေါင်းဆောင်ဟောင်း ဟူဂိုချားဗက်ဇ် (Hugo Chavez) သည် ၂၀၀၆ ခုနှစ်ဝန်းကျင် တွင် Exxon နှင့် Conoco တို့၏ ရေနံပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်။ Chevron မှာ ဆက်လက်ရှိနေရန် ဆုံးဖြတ်ခဲ့သော်လည်း Exxon နှင့် Conoco တို့မှာ ထွက်ခွာ ခဲ့ကြပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများ အသိမ်းခံခဲ့ရသည်။

Reuters ၏ အဆိုအရ Conoco သည် ယခင်က အသိမ်းခံခဲ့ရသော ပိုင်ဆိုင်မှုများအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁၂ ဘီလီယံခန့် ပြန်လည်ရရှိရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ExxonMobil မှာလည်း ဒေါ်လာ ၂ ဘီလီယံနီးပါး ပြန်ရရန် ကြိုးပမ်းနေသည်။

“ ဗင်နီဇွဲလားဟာ ပိုင်ဆိုင်မှုအသိမ်းခံရမှုကြောင့် တရားစွဲဆိုမှု အများဆုံးခံထားရတဲ့ နိုင်ငံပါ။ ဒါကြောင့် အဲဒီမှာ လုပ်ငန်းစဖို့ စွန့်စားရမှုက အရမ်းမြင့်မားနေပါတယ်” ဟု ပါလာစီယိုက ပြောသည်။

လက်ရှိတွင် Exxon သည် အိမ်နီးချင်း ဂူယာနာ (Guyana) နိုင်ငံရှိ ရေနံမြေအသစ်များကို ဖော်ထုတ်ရန်သာ အာရုံစိုက်ထားသည်။ ဂူယာနာသည် နှစ်အနည်းငယ်အတွင်း ရေနံ ထုတ်လုပ်မှု မရှိသလောက်အဆင့်မှ ဗင်နီဇွဲလားကို ကျော်တက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

“ ဗင်နီဇွဲလားဟာ တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ လက်တင်အမေရိကမှာ တောင်မှ တခြားရွေးချယ်စရာတွေ ရှိနေပါပြီ” ဟု ပါလာစီယိုက နိဂုံးချုပ်ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၊ ဇူလီယာပြည်နယ်၊ မာရာကိုင်ဘိုမြို့ရှိ မာရာကိုင်ဘိုရေကန်၌ ရေနံစိမ်းတင်ဆောင်ရန် အလှည့်ကျစောင့်ဆိုင်းနေသော ရေနံတင်သင်္ဘောတစ်စင်း။(ဓါတ်ပုံ)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကာရာကတ်စ်ရှိ Petroleos de Venezuela (PDVSA) ရုံးချုပ်ရှေ့ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် ရုပ်တု၏ မြင်ကွင်း။(ဓါတ်ပုံ)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့ရှိ Petroleos de Venezuela SA (PDVSA) ဓာတ်ဆီဆိုင်တွင် အလုပ်သမားတစ်ဦးသည် ဓာတ်ဆီဆိုင်နှင့် အမေရိကန်ဒေါ်လာများကို ကိုင်ဆောင်ထားသည်။(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 11 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 41 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN