မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့
ဇန်နဝါရီလ (၁၀)ရက်။
ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ကန့်ဘလူ(၆၀၀၆)ကနေ မုံရွာနမခကို ဆင်းဖိုလာတဲ့ စစ်တပ်ရဲ့ ထောက်ပိုရဟတ်ယာဉ် (Mi-17P)တစင်းကို ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ ယာဉ်ခေါင်းပိုင်းနဲ့ အမြီးပိုင်းကို ထိသွားတယ်။ ဒေသခံတွေကလဲ အောက်အကျမှာ ပေါက်ကွဲသံကြားရတယ်ပြောတယ်” လို ဆိုပါတယ်။
စစ်တပ်ရဲ့ ထောက်ပိုရဟတ်ယာဉ် Mi-17P တစင်းဟာ ကန့်ဘလူ(၆၀၀၆)ကနေ မုံရွာအခြေစိုက် နမခဌာနချုပ်ကို ဆင်းဖိုလာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက ပစ်ခတ်ခဲ့တာလို ဖော်ပြထားပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်တပ်ရဲ့ ထောက်ပိုရဟတ်ယာဉ် ဦးခေါင်းပိုင်းနဲ့ အမြီးပိုင်းတို ထိမှန်ခဲ့သလို ဆင်းသက်ချိန်မှာ ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်ပြီး ပျက်စီးခဲ့တယ်လို အတည်ပြုထားပါတယ်။
အဲ့ဒီ စစ်တပ်ရဟတ်ယာဉ်ကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း BOB ရဲ့စီမံမှုနဲ့အတူ သပိတ်ကျင်းတိုက်နယ်ပကဖ၊ အရာတော်မြိုနယ်ပကဖနဲ့ မုံရွာခရိုင်ပကဖရဲ့ ထောက်ပံ့မှုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို ပြောဆိုထားပါတယ်။
အခုလို ထောက်ပိုရဟတ်ယာဉ် Mi-17P ပစ်ခတ်ခံရကာ ပျက်စီးခဲ့ရတာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို သိရပါတယ်။







