နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား

ရုရှားသည် ပြည်ပရောက် ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန် အင်တာပိုလ်(Interpol) ၏ အလိုရှိသူစာရင်းကို အသုံးချနေကြောင်း ပေါက်ကြားလာသည့် အချက်အလက်များက ဖော်ပြခဲ့

BBC – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှ သတင်းပေးသူတစ်ဦးက ထုတ်ဖော်လိုက်သည့် ဖိုင်ပေါင်းထောင်ချီတွင် ရုရှားနိုင်ငံသည် ပြည်ပရောက် ၎င်း၏ ဝေဖန်ရေးသမားများကို ပစ်မှတ်ထားရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့၏ ယန္တရားကို အလွဲသုံးစားလုပ်နေသည့် အတိုင်းအတာကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိရသည်။

BBC World Service နှင့် ပြင်သစ်စုံစမ်းစစ်ဆေးရေးအဖွဲ့ Disclose တို့ထံ ပေးပို့လာသော အချက်အလက်များအရ ရုရှားသည် နိုင်ငံရေးအတိုက်အခံများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းထောက်များကို ရာဇ၀တ်မှုကျူးလွန်ထားသူများအဖြစ် စွပ်စွဲကာ Interpol ၏ အလိုရှိသူစာရင်း (Wanted lists) ကို အသုံးပြု၍ ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။

အချက်အလက်များမှ အဓိကတွေ့ရှိချက်များ

တိုင်ကြားမှုအများဆုံးနိုင်ငံ။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း Interpol ၏ လွတ်လပ်သော တိုင်ကြားစာ စစ်ဆေးရေးဌာနသို့ ရုရှားနှင့်ပတ်သက်သော တိုင်ကြားချက်များသည် အခြားနိုင်ငံအားလုံးထက် ပိုမိုများပြားခဲ့သည်။ ၎င်းသည် ဒုတိယအများဆုံးဖြစ်သော တူရကီနိုင်ငံထက် (၃) ဆ ပိုများနေသည်။

ပယ်ဖျက်ခံရမှုအများဆုံး။ မော်စကို၏ တောင်းဆိုချက်များအပေါ် ကန့်ကွက် တိုင်ကြားမှု များကြောင့် ဖမ်းဝရမ်းပယ်ဖျက်ပေးခဲ့ရသည့် အမှုအရေအတွက်မှာလည်း အခြားမည်သည့် နိုင်ငံထက်မဆို ပိုမိုများပြားနေသည်။

အထူးစောင့်ကြည့်စစ်ဆေးမှုများ။ ယူကရိန်းကို အပြည့်အဝကျူးကျော်ပြီးနောက် Interpol သည် ရုရှား၏ လှုပ်ရှားမှုများကို အလွဲသုံးစားမလုပ်နိုင်ရန် အပိုဆောင်းစစ်ဆေးမှုများ ပြုလုပ် ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် အဆိုပါ တင်းကျပ်သည့် အစီအမံအချို့ကို တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

အနီရောင်သတိပေးချက်(“ Red Notice” ) နှင့် ဘဝပျက်သွားရသူများ

Interpol သည် ကမ္ဘာလုံးဆိုင်ရာ ရဲတပ်ဖွဲ့မဟုတ်ဘဲ နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကူညီပေးသည့် အဖွဲ့အစည်းသာ ဖြစ်သည်။

အနီရောင်သတိပေးချက် (Red Notice)။ အဖွဲ့ဝင်နိုင်ငံအားလုံးသို့ ထုတ်ပြန်သော ဖမ်းဝရမ်း အချက်ပေးချက်။

အနီရောင်ဖြန့်ဝေမှု (Red Diffusion)။ သီးခြားသတ်မှတ်ထားသော နိုင်ငံများသို့သာ ပေးပို့သော ဖမ်းဆီးရန် တောင်းဆိုချက်။

ပေါက်ကြားလာသည့် ဖိုင်များထဲတွင် ပါဝင်သူ ရုရှားစီးပွားရေးလုပ်ငန်းရှင် အီဂေါ်ပက်ထရီကော့ဗ် (Igor Pestrikov) က “ Red Notice တစ်ခု ထိပြီဆိုတာနဲ့ သင့်ဘဝတစ်ခုလုံး ပြောင်းလဲသွားပါပြီ” ဟု ပြောကြားခဲ့သည်။ ၎င်းသည် ယူကရိန်း ကျူးကျော်မှုအပြီး ရုရှားမှ ထွက်ပြေးကာ ပြင်သစ်တွင် ခိုလှုံခွင့်တောင်းခံခဲ့သူဖြစ်သည်။ ၎င်း၏ အဆိုအရ ဤသို့ စာရင်းသွင်းခံရခြင်းကြောင့် တိုက်ခန်းငှားမရခြင်း၊ ဘဏ်အကောင့် များ ပိတ်ခံရခြင်းနှင့် အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ပက်ထရီကော့ဗ်(Pestrikov) သည် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် သတ္တုများကို ပြည်ပသို့မရောင်းဘဲ ရုရှားဈေးကွက်သို့သာ ဈေးပေါပေါဖြင့် ရောင်းချရန် ဖိအားပေးမှုကို ငြင်းဆန်ခဲ့သူဖြစ်သည်။ ယင်းငြင်းဆန်မှုကြောင့် ၎င်းအား ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများဖြင့် ရုရှားက စွပ်စွဲကာ Interpol မှတစ်ဆင့် လိုက်လံဖမ်းဆီးခိုင်းခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် Interpol ၏ စောင့်ကြည့်ရေးအဖွဲ့ (CCF) က ရုရှား၏ တောင်းဆို ချက်သည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိကြောင်း ဆုံးဖြတ်ကာ ဖမ်းဝရမ်းကို ပယ်ဖျက်ပေးခဲ့သည်။

လျှို့ဝှက်သတင်းပေးပို့မှုများနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း

Interpol သည် ၂၀၁၈ ခုနှစ်မှစ၍ မည်သည့်နိုင်ငံများက တိုင်ကြားခံရသည်ကို ထုတ်ပြန်ခြင်း မပြုတော့သဖြင့် ပြဿနာ၏အတိုင်းအတာကို သိရှိရန် ခက်ခဲခဲ့သည်။ သို့သော် ယခုပေါက် ကြား လာသော ဖိုင်များအရ –

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ရုရှား၏ အလိုရှိသူစာရင်းတွင် ပါဝင်သူ အနည်းဆုံး ၇၀၀ ခန့်က CCF သို့ တိုင်ကြားခဲ့ကြသည်။

ယင်းတို့အနက် အနည်းဆုံး ၄၀၀ ခန့်မှာ ဖမ်းဝရမ်းများ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

ထို့အပြင် ရုရှားသည် ပုံမှန်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ နိုင်ငံတကာ သတင်းစကား ပေးပို့စနစ် (Messaging system) ကို အသုံးပြုကာ ပြည်ပရောက် သတင်းထောက် အာမန် အာရာမရမ် (Armen Aramyan) ကဲ့သို့သော ပုဂ္ဂိုလ်များ၏ တည်နေရာနှင့် အချက်အလက် များကို စုံစမ်းရန် ကြိုးပမ်းခဲ့ကြောင်းလည်း တွေ့ရှိရသည်။

Interpol ၏ တုံ့ပြန်ချက်

Interpol ကမူ ၎င်းတို့သည် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အန္တရာယ်အရှိဆုံး ရာဇ၀တ်ကောင် ထောင်ပေါင်းများစွာကို ဖမ်းဆီးနိုင်ရန် ကူညီပေးနေကြောင်းနှင့် အလွဲသုံးစားမှုများကို တားဆီးရန် စနစ်များရှိကြောင်း တုံ့ပြန်ခဲ့သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားသည်ဟု ဆိုသည်။

သို့သော်လည်း ဥပဒေပညာရှင်များဖြစ်ကြသော ယူရီ နီမတ်စ် (Yuriy Nemets) နှင့် ဘင် ကိ့သ် (Ben Keith) တို့ကမူ Interpol အနေဖြင့် စနစ်ကို တစိုက်မတ်မတ် အလွဲသုံးစားလုပ်နေသည့် နိုင်ငံများကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် အရေးယူမှု များ ပြုလုပ်သင့်ကြောင်း အကြံပြုထားကြသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားမှ ထွက်ပြေးပြီးနောက် မော်စကိုက သူ့ကို အလိုရှိဆုံးစာရင်းတွင် ထည့်သွင်းထားကြောင်း စီးပွားရေးသမား Igor Pestrikov တွေ့ရှိခဲ့သည်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 28 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး