၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ စာရေး ဆရာမ ပရဟိတလုပ်ဆောင်သူ ဒေါ်သန်းမြင့်အောင်ကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးခဲ့သည်။
စာရေးဆရာမ ပရဟိတနှင့် အများအကျိုးသယ်ပိုးဆောင်ရွက်သူ ဒေါ်သန်းမြင့်အောင်သည် ဝတ္ထုတို/ရှည်နှင့် ဆောင်းပါးများအပါအဝင် စာပေများရေးသား၍ ပရဟိတလုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူတဦး ဖြစ်သည်။
ဆရာမအနေဖြင့် ရရှိခဲ့သည့် ဆုများမှာ ၂၀၁၄ ခုနစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု၊ အထက်မြန်မာပြည်မှ ချီးမြှင့်သည့် ရွှေပရဟိတ စာပေဆု၊ ထန်းရိပ်ညို စာပေဆု၊ မေတ္တာရှင် ရွှေပြည်သာ၏ ပရဟိတစံပြဆု၊ အမျိုးသား စာပေဆုတို့ကို ရရှိခဲ့ပြီးဖြစ်သည်။
ယခုကဲ့သို့ လွှတ်ပေးသည့်အထဲတွင် အခြားနိုင်ငံရေးအကျဉ်းသားမည်မျှ ပါဝင်သည်ကို မသိရသေးပေ။