နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

ဇန်နဝါရီလ (၂၆)ရက်။

မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၁၅)ရက်နေ့က ပျုစောထီးတွေနဲ့ စခတွေ ထန်းအူတွေပေါက်ပြီး ရိက္ခာရှာ‌နေတာကို ကင်းထောက်ဒရုန်းကနေ တွေ့ခဲ့တာ။ (၂၂)ရက်နေ့မှာ အဲ့ဒီနေရာကို ချဉ်းကပ်တဲ့အချိန် ကြိုစောင့်နေတဲ့ ရန်သူ့ကင်းပုန်းတွေနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ” လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၅)ရက်နေ့က ကနီပျူစောထီးရွာကနေ ပျုစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေဟာ ထန်းအူပေါက်ပြီး ရိက္ခာရှာနေတာကို ကင်းထောက်ဒရုန်းနဲ့ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် ဇန်နဝါရီလ (၂၂)ရက်နေ့က အဲ့ဒီနေရာကို စတင်ချဉ်းကပ်ခဲ့ရာ ကြိုတင်စောင့်နေတဲ့ စစ်ကောင်စီကင်းပုန်းတွေနဲ့ ထိပ်တိုက်တွေ့ပြီး (၁)နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ပစ်အားသားတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုထဲ ပျူစောထီး (၂)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ မြိုင်မြို့နယ်ပကဖဘက်က ရဲဘော် (၃)ဦး ကျဆုံးခဲ့ရသလို (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအခါ စစ်ကောင်စီတပ်စခန်းတွေ ပိုမိုလှုပ်ရှားလာတာကြောင့် ပြည်သူတွေနဲ့ အနီးကပ် ဦးဆောင်နေတဲ့ ခေါင်းဆောင်ငယ်တွေ စစ်ကောင်စီသတင်းတွေကို စနစ်တကျထောက်လှမ်းပြီး သွားလာဖို့နဲ့ စစ်ရေးလှုပ်ရှားဖို့ အထူးအရေးကြီးတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 4 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 6 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 33 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား
မြန်မာသတင်း

CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 27 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၇)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက လက်ရှိနိုင်ငံရေးနဲ့
မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU ရဲ့ ထုတိပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မယ်ဝါး(သဲဖြူ)ကျေးရွာအုပ်စုထဲကို (၂)ကြိမ်နဲ့ မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေထဲကို
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 30 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ
မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 22 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 30 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြင်းထန်စွာ ‌ဖောက်ဖျက်ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ