၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊ နိုင်ငံအများအပြားနှင့်ဖြစ်စေ အပြန်အလှန်အကျိုးပြုရန်အားထုတ်သည့် ထိတွေ့ဆက်ဆံမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်ကြောင်းတွေ့ရသည်။
သမ္မတရှီကတရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကိုအာရုံစိုက်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံ အနေနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံက သန္နိဋ္ဌာန်ချ အားထုတ်မှုများကို ကြိုးစား ပြသလျက်ရှိသည်။
နှစ်သစ်ကူးအကြိုနေ့၌ သမ္မတရှီနှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့သည် တဦးနှင့်တဦး နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ အပြန်အလှန် ပြောကြား၍ အဓိကမဟာမိတ်များအဖြစ် ရင်းနှီးမှုကိုပြခဲ့ကြသည်။ နှစ်သစ်ကာလ၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအသစ်များ ကို အတူတကွ အားစိုက်လုပ်ဆောင်ကြရန်အတွက် ပူတင်နှင့် နီးကပ်သောဆက်ဆံရေး ကို ဆက်လက်ထိန်းသိမ်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ရှီသည် ၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီ ၅ ရက်က တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် တောင်ကိုရီးယား (ROK) သမ္မတ လီဂျေမြောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ရှီနှင့် သမ္မတလီတို့သည် နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်များဖြင့် သွားရောက်ခဲ့ကြပြီး၊ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို အလေးထားမမြှင့်တင်ခဲ့ကြသည်။
ထိုနေ့တွင်ပင် ရှီက တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ် မာတင်နှင့် တွေ့ဆုံခဲ့သည်။ ဤထူးခြားချက်မှာ တရုတ်နိုင်ငံသို့ အိုင်ယာလန်ဝန်ကြီးချုပ်တစ်ဦး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အိုင်ယာလန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာစေရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ရှိစေရန်၊ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်နှင့် တရုတ်-အီးယူ ဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီသည် တရုတ်နိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်သည့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာသည်။ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မာ့ခ်ကာနီသည် ရှီနှင့်ဘီဂျင်းတွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံမှုတွင် ရှီက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်အားကောင်း၍ တိုးတက်မှုရှိသော လမ်းကြောင်းပေါ်တွင်ထိန်းသိမ်းကျောင်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပက်ထရီ အော်ပိုသည်လည်း ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်းသိရသည်။
(ဆင်ဟွာ) သတင်း- ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်









