ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ်
Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ
Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော အချိန်များမှစတင်၍ ပြည်နှင်ဒဏ်ပေးခံရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင် နေကြရသည်။
မြန်မာနိုင်ငံသားများအတွက် ဖက်ဒရယ်အစိုးရက ထုတ်ပြန်ထားသည့် ယာယီအကာအကွယ် ပေးထားသော အဆင့်အတန်း (TPS) သည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနုံး(Kristi Noem) က ၎င်းတို့၏ ဒုက္ခသည် အဆင့်အတန်းကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ-အမေရိကန် လူမှုအသိုင်းအဝိုင်း တက္ကသိုလ် (BACI) ၏ အဆိုအရ Fort Wayne ဧရိယာတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ၁၃,၀၀၀ ကျော် ရှိကြောင်း သိရသည်။
“ Fort Wayne မြို့ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ကြွယ်ဝတဲ့ သမိုင်းကြောင်းရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ရာစုနှစ် နှစ်ခုမက ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ Fort Wayne မှာ နေထိုင်ကြီးပြင်းလာသူအားလုံးရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ ယဉ်ကျေးမှုတွေကြောင့် ပိုမိုပြည့်စုံလာခဲ့ရပါတယ်။ ဒီမှာရှိတဲ့ မတူကွဲပြားမှုတွေကြောင့် ကျွန်မတို့ဟာ ပိုမိုခိုင်မာပြီး တက်ကြွလှုပ်ရှားတဲ့ မြို့တစ်မြို့ ဖြစ်လာတာပါ” ဟု Fort Wayne မြို့တော်ဝန် ရှာရွန်တပ်ကာ(Sharon Tucker) က စာဖြင့် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အပြင် မြို့တော်ဝန် Tucker က Fort Wayne ကို မိမိတို့အိမ်သဖွယ် သတ်မှတ်နေထိုင် ကြသော မြန်မာနိုင်ငံသားများကို တန်ဖိုးထားလေးစားပါကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
ပြည်နှင်ဒဏ်ပေးခံရနိုင်ခြေရှိခြင်းမှာ စိတ်မကောင်းစရာ အခြေအနေတစ်ခု ဖြစ်သော်လည်း ၎င်းကိစ္စသည် Fort Wayne မြို့၏ စီရင်ပိုင်ခွင့်အာဏာပြင်ပတွင် ရှိနေကြောင်း Tucker က ဆိုသည်။ ထိုအခြေအနေများနှင့် ရင်ဆိုင်နေရသူများအနေဖြင့် ဥပဒေကြောင်းအရ အကူအညီ များ ရယူကြရန်လည်း သူမက တိုက်တွန်းထားသည်။
WFTV- 55 News မှသတင်းကိုခေတ်မျက်လုံးမှဘာသာပြန်သည်။








