နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက်

အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။

ကတိကဝတ်အနေနှင့် လက်မှတ်ထိုးကြေး ဒေါ်လာ ၁၃,၀၀၀ နှင့် လစာ ဒေါ်လာ ၃,၅၀၀ အထိ ပေးမည်ဟု ကတိပြုခဲ့သော်လည်း လက်တွေ့တွင် လစာမရခြင်း၊ ဘဏ်အကောင့်ထဲမှ ငွေများ ခိုးယူခံရခြင်းနှင့် စာချုပ်ပါအချက်အလက်များကို မိမိနားလည်သည့်ဘာသာသို့ပြန်မပေးဘဲ ရုရှားလိုရေးသားထားသည့်စာချုပ်များကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်းများ ရှိနေသည်။

စစ်မှုထမ်းဖူးခြင်းမရှိသည့် အရပ်သားများကိုပင် ၃ ပတ်ခန့်သာစစ် သင်တန်းပေးပြီး ယူကရိန်းရှေ့တန်းသို့ ပို့ဆောင်၍စစ်တိုက်ခိုင်းခဲ့သည်။

လူမျိုးရေးခွဲခြားမှုနှင့် နှိပ်စက်မှုများ ရုရှားတပ်တွင်းတွင် ရှိနေပြီး အာဖရိကန် တိုက်ခိုက်ရေးသမားများသည် ရုရှားတပ်မှူးများ၏ လူမျိုးရေးခွဲခြား စော်ကားမှုများကို ရင်ဆိုင်ရပြီး၊ အန္တရာယ်ရှိသော ရှေ့တန်းနေရာများတွင် “ သားကောင်” သဖွယ် အသုံးချခံနေရသည်။

ထိုစစ်သားများ၏ရင်နင့်ဖွယ်နှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို အောက်တွင် ဖော်ပြ လိုက်ပါသည်။

 “ အသေခံဗုံးခွဲသူ” အဖြစ် အသုံးချခံရသည့် သားဖြစ်သူ

ကင်ညာနိုင်ငံမှ အန်နီ (Anne) သည် သူမ၏တစ်ဦးတည်းသောသား ဖရန်စစ် (Francis) ၃၅နှစ် အား လျှပ်စစ်အင်ဂျင်နီယာအလုပ် ရမည်ဆိုကာ ရုရှားသို့ လွှတ်လိုက်သည်။ သို့သော် နောက်ပိုင်း တွင် သူမ မြင်တွေ့လိုက်ရသည်မှာ ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင်တစ်ခုဖြစ်သည်။ သူမ၏သားသည် စစ်ယူနီဖောင်းဝတ်ထားပြီး ရင်ဘတ်တွင် မြေမြှုပ်မိုင်းတစ်ခုကို ချည်နှောင်ထားခြင်း ခံထားရသည်။ ထိုဗီဒီယိုထဲတွင် ရုရှားစကားပြောသူတစ်ဦးက ဖရန်စစ်ကို လူမျိုးရေးခွဲခြားစော်ကားသည့် စကားလုံးများသုံးကာ ယူကရိန်းခံစစ်ကို ဖောက်ထွင်းရန် သံဘူးဖွင့်စက်” (can-opener) အဖြစ် အသုံးချမည်ဟု လှောင်ပြောင်ပြောဆိုနေခဲ့သည်။

“ ထွက်ပြေးပါ၊ မဟုတ်ရင် သေရလိမ့်မယ်”

အသက် ၃၉ နှစ်အရွယ် ကန်ထရိုက်လုပ်သား ပတ်ထရစ် (Patrick) သည် ဆိုရှယ်မီဒီယာ ပေါ်တွင် သူငယ်ချင်းတစ်ဦး၏ ဘဝအဆင်ပြေနေပုံကို ကြည့်ပြီး ရုရှားစစ်တပ်တွင် လုံခြုံရေး လုပ်ရန် သွားခဲ့သည်။ သို့သော် သူရောက်သွားသည်မှာ “ ငရဲခန်း” ပင်ဖြစ်သည်။

ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိချိန်တွင် သူ၏ ရုရှားလုပ်ဖော်ကိုင်ဖက်က သူ့ကို ကူညီမည့်အစား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ “ ရုရှားစစ်တပ်ထဲ ခြေချမိပြီဆိုရင် ထွက်ပြေးနိုင်မှ လွတ်မယ်၊ မဟုတ်ရင် သေဖို့ပဲရှိတယ်” ဟု သူက ဆိုသည်။ သူသည် စိန့်ပီတာ စဘတ်တွင် ဆေးကုသခွင့်ရစဉ် မော်စကိုရှိ ကင်ညာသံရုံးသို့ ခိုးထွက်ကာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်လာခဲ့သည်။

ကိုယ်ဝန်ပျက်ကျမှုကိုပင် မသိနိုင်ခဲ့သည့် အဖေ

ကင်ညာဓာတ်ပုံဆရာအသက် ၃၂နှစ်အရွယ်ချားလ် နဂျိုကီ ( Charles Njoki) သည် ကိုယ်ဝန်ဆောင်ဇနီးနှင့် မိသားစုကို ထောက်ပံ့ရန် ကားကိုရောင်းပြီး ရုရှားသို့ သွားခဲ့သည်။ ရုရှားရောက်ပြီး စစ်သင်တန်းတက်နေစဉ် ဖုန်းများအသိမ်းခံထားရသဖြင့် သူ၏ဇနီး ကိုယ်ဝန်ပျက်ကျသွားသည်ကိုပင် ရက်အတော် ကြာသည်အထိ မသိခဲ့ရပေ။ နောက်ပိုင်းတွင် သူသည်လည်း ရှေ့တန်းတွင် ဒဏ်ရာရခဲ့ပြီး ရုရှားဆရာဝန်က “ မင်းသေနတ်ပစ်ဖို့ သုံးတဲ့ လက်ချောင်းနှစ်ချောင်း ကောင်းနေရင် ပြီးတာပဲ” ဟုသာ တုံ့ပြန်ခဲ့ကြောင်း ရင်ဖွင့်ခဲ့သည်။

အာဖရိကန် တိုက်ခိုက်ရေးသမားများသည် ယူကရိန်းဒရုန်းများအတွက် သားကောင်အဖြစ် အန္တရာယ်ရှိသော အခြေအနေများတွင် တမင်တကာ ထုတ်ဖော်ပြသခြင်း ခံခဲ့ရသည်ဟု နဂျိုကီ (Njoki) က စွပ်စွဲပြောဆိုသည်။ “ လူတွေကို သူတို့ပြောတာကတော့ နေရာတစ်ခုကို စောင့်ကြပ်ရုံပဲ၊ တိုက်ခိုက်ရေးအတွက် ရှေ့တန်းကို မသွားရဘူးဆိုပြီး ပြောတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေရတာကို ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရတယ်” ဟု သူက ဆိုသည်။ သူသည်လည်း စိန့်ပီတာစဘတ်မှ ထွက်ပြေးခဲ့ပြီး မော်စကိုရှိ ကင်ညာသံရုံးသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမိမြေသို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားဘက်က လူစုဆောင်းသူများနှင့် ပတ်သက်၍ ၎င်းက “ သူတို့က လူတွေကို လိမ်ညာနေကြတာပါ။ ပေးမယ်လို့ သူတို့ပြောတဲ့ ငွေကြေးပမာဏဟာလည်း အမှန်တရား မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဤဖြစ်ရပ်များသည် ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူကာ အာဖရိကန်လူငယ်များအား အသေခံစစ်သားများအဖြစ် အသုံးချနေသည့် ရုရှား၏ ရက်စက်သော စုဆောင်းရေးပုံစံကို ဖော်ပြနေပါသည်။

ယူကရိန်းက အာဖရိကနိုင်ငံများအနေဖြင့် ရုရှားတပ်များထဲသို့ အမျိုးသားများ ဝင်ရောက်မှုကို တားဆီးရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

“သူတို့က ရှေ့တန်းမှာ ရှိနေရင် သူတို့က ကျွန်တော်တို့ရဲ့ ရန်သူတွေဖြစ်ပြီး ယူကရိန်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပါ” ဟု ကင်ညာနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ယူရီ တိုကာက CNN သို့ ပြောကြားခဲ့သည်။ “ဒီပိုက်လိုင်းစီးဆင်းနေမှုကို ရပ်တန့်သင့်ပါတယ်။”

————————————————————————

မှတ်ချက်။ ။ ယနေ့ရုရှားနိုင်ငံသည်စစ်အုပ်စုနှင့်အလွန်ရင်းနှီးသောအနေအထားတွင်ရှိနေပြီး မကြာသေးမီက မြန်မာနိုင်ငံသားများအတွက် ရုရှားသို့လာရောက်လည်ပတ်ရန်နှင့် အလုပ် လုပ်ရန် အတွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ခြင်းမှာ မြန်မာလူငယ်များကိုရုရှား-ယူကရိန်း စစ်ပွဲအတွင်းသို့သွတ်သွင်းရန်လမ်းဖွင့်ထားခြင်းလားဟုသံသယရှိပါသည်။ အကယ်၍ စစ်ထဲသို့အတင်းသွတ်သွင်းခံရလျှင်သူတို့အနေနှင့်ထွက်ပြေး၍ မြန်မာသံရုံးသို့ အကူအညီတောင်းလျှင် ကောကူညီပါ့မလားသံသယရှိပါသည်။


စိတ်အနှောင့်အယှက်ဖြစ်စေသော ဗိုင်းရပ်စ်ဗီဒီယိုတစ်ခုတွင် ဖရန်စစ် အန်ဒွန်ဂူ အန်ဒါရူးအာသည် ရင်ဘတ်တွင် မြေမြှုပ်မိုင်းတစ်လုံး ချည်နှောင်ထားသည့် ယူနီဖောင်းဝတ်ထားပြီး ရုရှားစကားပြောသူတစ်ဦးက လူမျိုးရေးခွဲခြားသည့် စော်ကားသည့်စကားများ ပြောဆိုနေသည်ကို ပြသထားသည်။ CNN(ပုံ)

အလုပ်သမား စုဆောင်းရေး အေးဂျင့်တစ်ဦးက အာဖရိကရှိ အလုပ်လျှောက်ထားနိုင်သူ တစ်ဦးထံ ဆိုရှယ်မီဒီယာ သတင်းစကားမှတစ်ဆင့် ပေးအပ်မည်ဟု ဆိုသော အပိုဆုကြေးနှင့် လစာ အသေးစိတ် အချက်အလက်များကို ဖော်ပြထားစဉ်။ (CNN မှ ရရှိထားသော မှတ်တမ်းဖြစ်သည်) (ပုံ)

ယူကရိန်းတွင် တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဝတ်စုံဝတ်ဆင်ထားသည့် ဓာတ်ပုံတွင် ပါရှိသော ပက်ထရစ် ကဝိုဘာက ပြောကြားခဲ့သည်။(ပုံ)

ယူကရိန်းတွင် ရုရှားစစ်ဝတ်စုံဝတ်ဆင်ထားသည့် Charles Njoki ကို တွေ့ရစဉ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ