နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်

ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ကော်မတီဥက္ကဋ္ဌက CNN သို့ ပြောကြားရာတွင် အဆိုပါ “ခိုင်လုံသော အစီရင်ခံစာများ” သည် “ထိတ်လန့်ဖွယ်ရာ” ကောင်းလှသည်ဟု ဆိုသည်။

နော်ဝေနိုဘယ်လ်ကော်မတီ ဥက္ကဋ္ဌ ယော်ဂန် ဝတ်တနီ ဖရိုက်ဒ်နက်စ် (Jørgen Watne Frydnes) က မိုဟာမ္မဒီသည် အီရန်နိုင်ငံအတွင်း ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ စော်ကားညှင်းပန်းမှု များ ကို ခံနေရကြောင်း ပြည်တွင်းမှရရှိသည့် ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မိုဟာမ္မဒီ၏ မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ ကော်မတီက ရရှိ ထားသော မှတ်တမ်းများအပေါ် “တုန်လှုပ်ခြောက်ခြားမိသည်” ဟု ဖရိုက်ဒ်နက်စ်က CNN ၏ အကြီးတန်း နိုင်ငံတကာသတင်းတင်ဆက်သူ ခရစ်စတီးယန်း အာမန်ပူရ် (Christiane Amanpour) ကို ပြောခဲ့သည်။

အဆိုပါ အစီရင်ခံစာများအရ ဒီဇင်ဘာလအတွင်း သူမကို ဖမ်းဆီးစဉ်တွင် သစ်သားတုတ်များ၊ နံပါတ်တုတ်များဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခြင်း ခံခဲ့ရပြီး၊ ဆံပင်မှ ဆွဲခေါ်ခံရခြင်းကြောင့် ဦးခေါင်းတွင် ပွင့်ထွက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် တင်ပါးဆုံရိုးနှင့် မျိုးပွားအင်္ဂါ တစ်ဝိုက်ကိုလည်း အကြိမ်ကြိမ် ကန်ကျောက်ခံရသဖြင့် ပြင်းထန်သော ဝေဒနာကို ခံစား နေရပြီး ပုံမှန်အတိုင်း ထိုင်ရန် သို့မဟုတ် လှုပ်ရှားရန်ပင် မစွမ်းသာတော့ကြောင်း သူက ဆိုသည်။

“ဒီသတင်းတွေက တကယ်ကို ထိတ်လန့်စရာပါပဲ” ဟု ဖရိုက်ဒ်နက်စ်က CNN သို့ ပြောသည်။ “ဒါဟာ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ ဆက်ဆံမှုဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလည်း ဖြစ်ပါတယ်။” သူမကို ထိန်းသိမ်း ထားစဉ် အတွင်း ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများနှင့် ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး၊ လုံလောက်သော ဆေးကုသခွင့်ကိုလည်း စဉ်ဆက်မပြတ် ပိတ်ပင်ထားကြောင်း သူက ဆက်ပြောသည်။

မိုဟာမ္မဒီတွင် ရှိနှင့်ပြီးသားဖြစ်သော နှလုံးရောဂါနှင့် အခြားကျန်းမာရေး အခြေအနေများ ကြောင့် သူမ၏ ကျန်းမာရေး လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြေရှင်းပေးခြင်း မရှိခြင်း အပေါ် ဖရိုက်ဒ်နက်စ်က အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

“သူမ ဆက်ပြီး အသက်ရှင်နိုင်ပါတော့မလားဆိုတာ ကျွန်တော်တို့ တကယ်ပဲ စိုးရိမ်မိပါတယ်” ဟု သူမ၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရမှုနှင့် မကြာသေးမီ သီတင်းပတ်များအတွင်း ပိုမိုဆိုးရွားလာသည့် နှိပ်စက်ညှင်းပန်းမှု သတင်းများကို ကိုးကား၍ သူက ဆိုသည်။

သူမ၏ အခြေအနေသည် မကြာသေးမီက အီရန်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအပြီး ပေါ်ပေါက်လာသည့် တရားမဝင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများနှင့် ဆက်စပ်နေပြီး၊ သူမအပေါ် ဆက်ဆံပုံမှာ အီရန်အစိုးရ၏ နှိမ်နင်းမှုပုံစံ နောက်ထပ် သာဓက တစ်ခုဖြစ်ကြောင်း သူက ချိတ်ဆက် ပြောဆိုခဲ့သည်။

နိုဘယ်လ်ကော်မတီအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်သနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍ ဖရိုက်ဒ်နက်စ်က နိုင်ငံတကာဥပဒေကို လိုက်နာရန်နှင့် ချိုးဖောက်မှုများကို ရပ်တန့်ရန် အီရန်အာဏာပိုင်များထံ တိုက်ရိုက် တောင်းဆိုနေကြောင်း ပြောသည်။ ထို့အပြင် တီဟီရန် အစိုးရအပေါ် ဖိအားပေးမှုများ မြှင့်တင်ရန် နိုင်ငံတကာအသိုက်အဝန်းကိုလည်း တိုက်တွန်း ခဲ့သည်။

“ဒါဟာ အီရန်အစိုးရရော၊ နိုင်ငံတကာ အသိုက်အဝန်းကိုပါ မစ္စမိုဟာမ္မဒီရဲ့ ဘေးကင်း လုံခြုံရေးအတွက် ဖိအားပေးဖို့ တောင်းဆိုလိုက်တာပါ” ဟု သူက ဆိုသည်။ အီရန်နှင့် ဆက်သွယ်ပြောဆိုနေသည့် အစိုးရများအနေဖြင့် သူမကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေး ရေးကိစ္စကို ဆွေးနွေးမှုများတွင် ထည့်သွင်းရန်လည်း သူက တိုက်တွန်းခဲ့သည်။

ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသူများကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်းသည် ၎င်းတို့အပေါ် ဖိအားများ ပိုမိုပြင်းထန်လာစေနိုင်သည့် စွန့်စားရမှုများ ရှိနိုင်ကြောင်း ဖရိုက်ဒ်နက်စ်က ဝန်ခံခဲ့သည်။ သို့သော်လည်း မိုဟာမ္မဒီသည် ဆုမရရှိမီ နှစ်ပေါင်းများစွာ ကတည်းက ကြီးမားသော စွန့်စားမှုများကို ရင်ဆိုင်ခဲ့သူဖြစ်ပြီး၊ အီရန်နိုင်ငံ၏ ဆောင်ပုဒ် ဖြစ်သော “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” နှင့်အတူ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး များအတွက် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေသူဖြစ်ကြောင်း သူက မှတ်ချက်ပြုခဲ့သည်။

ဒီဇင်ဘာလအတွင်း ဖမ်းဆီးစဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သူမကို အကြိမ်ကြိမ် ရိုက်နှက်ကာ ဆံပင်ဆွဲပြီးခေါ်ခဲ့သဖြင့် ဦးရေပြား အစိတ်အပိုင်းအချို့ လန်ထွက်ခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်တွင်လည်း ဆက်လက် ရိုက်နှက်ခဲ့ကြောင်း နိုဘယ်လ် ကော်မတီက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

CNN အနေဖြင့် မှတ်ချက်ပေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးတို့ထံ ဆက်သွယ်ထားဆဲ ဖြစ်သည်။

အီရန်နိုင်ငံ၏ အထင်ရှားဆုံး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မိုဟာမ္မဒီ သည် ၂၀၂၃ ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု နီးပါးကာလ၏ အချိန်အတော်များများကို တီဟီရန်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင် (Evin) အကျဉ်းထောင်တွင် ကုန်ဆုံးခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ခွဲစိတ်ကုသမှုမှ ပြန်လည်နာလန်ထူနိုင်ရန် အီရန်အာဏာပိုင် များက သူမ၏ ထောင်ဒဏ်ကို ခေတ္တရပ်ဆိုင်းပေးခဲ့သော်လည်း၊ တစ်နှစ်အကြာတွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ထိုအချိန်မှစ၍ ဆက်လက် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က မိုဟာမ္မဒီကို နောက်ထပ် ထောင်ဒဏ် ၇ နှစ်ကျော် ချမှတ်ခဲ့ကြောင်း သူမ၏ ရှေ့နေက ပြောကြားသည်။

ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကြောင့် နိုင်ငံအတွင်း အကျပ်အတည်းများ ဆိုက်ရောက်နေချိန်တွင် အီရန်အစိုးရ၏ အတိုက်အခံ များအပေါ် ပြင်းထန်သော နှိမ်နင်းမှုများကြားမှ ယခုကဲ့သို့ ပြစ်ဒဏ်အသစ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံရမှု၊ ဆိုးရွားလှသော အကျဉ်းထောင် အခြေအနေများနှင့် မိသားစု၊ ရှေ့နေများဖြင့် တွေ့ဆုံခွင့် ပိတ်ပင်ခံရမှုများကို ဆန့်ကျင်သည့်အနေဖြင့် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက စတင်ခဲ့သော အစာငတ်ခံ ဆန္ဒပြမှုကို မိုဟာမ္မဒီက တနင်္ဂနွေနေ့တွင် အဆုံးသတ်ခဲ့သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ “အလွန် စိုးရိမ်ဖွယ်ရာ” ကောင်းနေကြောင်း သူမ၏ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က သူမ၏ ရှေ့နေ မိုစတာဖာ နီလီ (Mostafa Nili) နှင့် ခေတ္တဖုန်းပြောဆိုရာတွင် မိုဟာမ္မဒီက သူမသည် ပြီးခဲ့သည့်အပတ်က ဆေးရုံတက်ခဲ့ရသော်လည်း ကုသမှု မပြီးဆုံးမီ မှာပင် မတ်ရှ်ဟတ် (Mashhad) ရှိ ထိန်းသိမ်းရေးစခန်းသို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

မိုဟာမ္မဒီတွင် နှလုံးရောဂါအခံ၊ ရင်ဘတ်အောင့်ခြင်းနှင့် သွေးတိုးရောဂါတို့အပြင် ခါးရိုးဆစ်ပြဿနာများနှင့် အခြားသော ဝေဒနာများ ရှိနေကြောင်း သူမ၏ မိသားစုက ဦးစီးသည့် ဖောင်ဒေးရှင်းက ဆိုသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က တီဟီရန်မြို့ရှိ သူမ၏ တိုက်ခန်းတွင် တွေ့ရသည့် နာဂစ် မိုဟာမ္မဒီ။ (ဓာတ်ပုံ – Nooshin Jafari/Middle East Images/AFP/Getty Images)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်ခန်းမတွင် အကျဉ်းကျနေသော အီရန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂစ် မိုဟာမ္မဒီ၏ ကိုယ်စား သူမ၏ သားသမီးများဖြစ်သော အလီ နှင့် ကီယာနာ ရာမန်နီ တို့က ၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူစဉ်။ (ဓာတ်ပုံ – NTB/Fredrik Varfjell/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 36 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 31 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ