နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက်

တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း (de facto annexation)” ဟု ပြစ်တင်ရှုတ်ချခဲ့ကြသည်။

၁၉၆၇ ခုနှစ်တွင် အစ္စရေးက အဆိုပါနယ်မြေကို သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်၊ အစိုးရသည် မြေဧရိယာ အမြောက်အမြားကို နိုင်ငံတော်အောက်တွင် တရားဝင် မှတ်ပုံတင်ရန် လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ဖန်တီးမည်ဖြစ်သည်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဤလုပ်ရပ်မှာ မြေယာမှတ်ပုံတင်ခြင်းကို “စနစ်တကျ ဖြစ်စေရန်” ဆောင်ရွက်သည့် “စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံ” သာဖြစ်သည်ဟု ကာကွယ်ပြောဆို ခဲ့သည်။ သို့သော်လည်း အစိုးရဝန်ကြီးများကမူ ယင်း၏ ရည်ရွယ်ချက်မှာ အခြေချနေထိုင်မှု များကို တိုးမြှင့်ရန်နှင့် အဆိုပါမြေပေါ်တွင် အစ္စရေး၏ ချုပ်ကိုင်မှုကို ခိုင်မာစေရန်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။

လက်ယာစွန်းဝါဒီ ဘဏ္ဍာရေးဝန်ကြီး ဘီဇာလာ စမော့ထရစ် (Bezalal Smotrich) က အနောက်ဘက်ကမ်းခြေအတွက် ကျမ်းစာလာအသုံးအနှုန်းဖြစ်သော ဂျူးဒီးယားနှင့် ဆမာရီးယား (Judea and Samaria) ကို ရည်ညွှန်းလျက်၊ မြေယာမှတ်ပုံတင်ခြင်းသည် “ကျွန်ုပ်တို့မြေ၏ အစိတ်အပိုင်းအားလုံးတွင် အခြေချနေထိုင်မှုနှင့် အုပ်ချုပ်ရေး တော်လှန်ရေး” ကို ဆက်လက်ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ တရားရေးဝန်ကြီး ယာရစ် လီဗင် (Yariv Levin) ကလည်း အစ္စရေးသည် “ကျွန်ုပ်တို့မြေ၏ အစိတ်အပိုင်း အားလုံး အပေါ် ချုပ်ကိုင်မှုကို အားကောင်းစေရန် သန္နိဋ္ဌာန်ချထားပြီး၊ ဤဆုံးဖြတ်ချက်သည် ထိုကတိကဝတ်ကို ဖော်ပြနေခြင်းဖြစ်သည်” ဟု ဆိုသည်။

အစ္စရေး လူ့အခွင့်အရေးအဖွဲ့ Btselem ၏ အဆိုအရ အစိုးရ၏ အစီအမံသစ်သည် အနောက်ဘက်ကမ်းခြေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသော Area C တွင် သက်ရောက်မည်ဖြစ်ပြီး၊ ထိုနေရာတွင် ပါလက်စတိုင်းလူမျိုး ၁၈၀,၀၀၀ မှ ၃၀၀,၀၀၀ ခန့်နှင့် အခြေချနေထိုင်သူ အနည်းဆုံး ၃၂၅,၅၀၀ ဦး ရှိနေသည်။

ပါလက်စတိုင်း သမ္မတရုံးက ဤဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေပြီး “သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေကို လက်တွေ့ကျကျအင်အားသုံး သိမ်းပိုက် လိုက်ခြင်း” ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဤလုပ်ရပ် သည် “တရားမဝင် အခြေချနေထိုင်မှုများမှတစ်ဆင့် ကျူးကျော်သိမ်းပိုက်မှုကို ခိုင်မာစေရန် ရည်ရွယ်သည့် နယ်မြေသိမ်းပိုက်ရေး အစီအစဉ်များကို ကြေညာလိုက်ခြင်း” ဖြစ်ကြောင်း သတိပေးထားသည်။

အစ္စရေးသည် ၁၉၆၇ စစ်ပွဲအတွင်း အနောက်ဘက်ကမ်းခြေကို ဂျော်ဒန်နိုင်ငံထံမှ သိမ်းယူ ခဲ့ပြီးနောက်ပိုင်း ဂျူးအခြေချနေထိုင်စခန်းများကို စတင်တည်ထောင်ခဲ့သည်။ ယင်းစခန်း များကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အများစုက နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု သတ်မှတ်ထားသည်။ ကုလသမဂ္ဂက အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်တို့ကို ပါလက်စတိုင်းတို့က အနာဂတ်နိုင်ငံတော်အဖြစ် တည်ထောင်ရန် ကြိုးပမ်းနေသည့် သိမ်းပိုက်ခံနယ်မြေများအဖြစ် ရှုမြင်ထားသည်။

အစ္စရေး အခြေချနေထိုင်မှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့က အစိုးရ၏ လုပ်ရပ်ကို “အနောက်ဘက်ကမ်းခြေရှိ မြေယာများကို အကြီးအကျယ် သိမ်းပိုက်ခြင်း ဖြစ်ပြီး… ပြည်သူတို့၏ ဆန္ဒနှင့် လုံးဝဆန့်ကျင်ကာ အစ္စရေး၏ အကောင်းဆုံး အကျိုးစီးပွား ကိုလည်း ထိခိုက်စေသည်” ဟု ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အနောက်ဘက်ကမ်းခြေကို သိမ်းပိုက်ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း အစ္စရေးအစိုးရက ဤအစီအမံကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

“သမ္မတထရန့်ကို ကျွန်တော်တို့ သတိပေးချင်ပါတယ် – နေတန်ယာဟုက သင့်ကို လှည့်စား နေတာပါ။ နယ်မြေသိမ်းပိုက်မှုကို ခွင့်မပြုဘူးလို့ သင်ပြောခဲ့ပေမယ့်၊ သူက သင့်မျက်စိ အောက်မှာတင် ဒါကို လုပ်ဆောင်နေတာပါ” ဟု Peace Now က ပြောကြားခဲ့ပြီး ဤလုပ်ရပ် ကြောင့် ပါလက်စတိုင်း ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ မြေယာများကို စွန့်လွှတ်ရတော့ မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီလုပ်ငန်းစဉ်မှာ မြေပိုင်ရှင်တွေအနေနဲ့ ပိုင်ဆိုင်မှုကို သက်သေပြဖို့ လိုအပ်ပါတယ်၊ ဒါဟာ ပါလက်စတိုင်း အများစုအတွက် မဖြစ်နိုင်သလောက်ပါပဲ။ သူတို့ သက်သေမပြနိုင်ရင် အဲဒီမြေဟာ အလိုအလျောက် နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ခံရမှာပါ” ဟု Peace Now က အခိုင်အမာဆိုသည်။

ပြီးခဲ့သည့်အပတ်က အစ္စရေးလုံခြုံရေးကောင်စီသည် အနောက်ဘက်ကမ်းခြေအပေါ် အစ္စရေး၏ အုပ်ချုပ်မှုကို တိုးချဲ့မည့် အစီအမံကို အတည်ပြုခဲ့ပြီးနောက် ယခုနောက်ဆုံး လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းလုပ်ရပ်အပေါ် နိုင်ငံတကာက ပြစ်တင် ရှုတ်ချခဲ့ကြပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က နိုင်ငံတကာဥပဒေကို သိသိသာသာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း ယင်းသည် “မှားယွင်းသော လမ်းကြောင်းသို့ ခြေလှမ်း လှမ်းခြင်း” ဖြစ်ကြောင်း ဆိုခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေရှိ စာရော့ဂျ် (Sarouj) နယ်မြေတွင် အခြေချနေထိုင်စခန်းများ ဆောက်လုပ်ရန်အတွက် အစ္စရေးမြေထိုးစက်များက သူမ၏ မြေယာပေါ်တွင် လုပ်ဆောင်နေသည်ကို ပါလက်စတိုင်းအမျိုးသမီးတစ်ဦးက တောင်ကုန်းပေါ်မှ ကြည့်ရှုနေစဉ်။(ပုံ)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေရှိ ဟီဘရွန် (Hebron) မြို့ဟောင်းအတွင်းရှိ အစ္စရေးအခြေချနေထိုင်ရာနေရာတစ်ခုတွင် အစ္စရေးအလံ လွှင့်ထူထားစဉ်။ (Mussa Qawasma/Reuters) ။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 24 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်