Photo – CJ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့ ခဲ့ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
ဝင်ရောက်မီးရှို့ခဲ့သည့် စစ်အုပ်စု စစ်ကြောင်းသည် အင်အား ရာကျော်ရှိပြီး လက်နက်ကြီးများ ပစ်ခတ်ကာ ရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းသို့ ဝင်ရောက်ပြီးနောက် ရွာများရှိ နေအိမ်များကို မီးတင်ရှို့ခဲ့ခြင်းဖြစ် သည်။
မီးတင်ရှို့ခံရသည့် ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာ ကျေးရွာများမှ ပြည်သူ တစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်းသိရသည်။
MoeZ/Era’sEyes