နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

မတ်လ (၄)ရက်။

အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။

“မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ မီးစရှို့တာ၊ မီးရှို့ခံရတာက မြောက်ရွာ၊ တောင်ရွာနဲ့ ကူတောရွာတွေ”လို့ ဆိုပါတယ်။

မနေ့က နေ့လယ် (၂)နာရီကျော်အချိန်ကစပြီး အကြမ်းဖက်စစ်တပ်အပါအဝင် ပျူစောထီးတွေနဲ့ ဒလန်တွေ ဦးဆောင်ကာ စိတ္တိန်းမြောက်ဘက်ရွာကနေ မီးရှို့ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို မီးရှို့တာတွေကြောင့် စိတ္တိန်းမြောက်ရွာရှိ အိမ်ခြေ (၄၀)၊ တောင်ရွာရှိ အိမ်ခြေ (၂၀)နဲ့ ကူတောရွာရှိ အိမ်ခြေ (၈)လုံး မီးလောင်ပြာကျခဲ့တယ်လို့ ရေးသားထားပါတယ်။

“မီးရှို့ခံရတဲ့အထဲမှာ ကြက်သွန်ဂိုဒေါင်နဲ့ ပဲမှော်တိုက်တွေပါပါတယ်။ ဒီနေ့ မနက် (၆)နာရီကျော်လောက်ကလဲ ဆိုင်ဂေါင်ရွာနားက တဲတိုက် (၅)အိမ်ကို မီးရှို့သွားသေးတယ်။ ပြီးတော့ စစ်ရှောင်ထန်းတက်သမားတဦးကိုလဲ ပစ်သတ်ခဲ့တယ်”လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ဒီကနေ့ နံနက် (၆)နာရီ (၂၀)မိနစ်အချိန်ကလဲ ဆိုင်ဂေါင်ရွာအနီးရှိ အိမ်ခြေ (၅)လုံးကို ထပ်မံမီးရှို့ခဲ့သလို စစ်ရှောင်ထန်းတက်သမားတဦးကို ပစ်သတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျေးရွာဘုန်းကြီးဆီက လမ်းခင်းဖို့ ကျပ်သိန်း (၃၀)အပါအဝင် စစ်မရှောင်နိုင်တဲ့ အဘွားအိုတဦးဆီက ငွေကျပ် (၆)သိန်းနဲ့ ဆွဲကြိုးတကုံးတို့ကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်‌တပ်စစ်ကြောင်းဟာ ကျေးရွာထဲရှိ အိမ်ကြီးအိမ်ကောင်းတွေကိုသာ မီးရှို့ဖျက်ဆီးခဲ့သလို အခုအခါမှာတော့ အဲ့ဒီဒေသရှိ တဲတိုက်နဲ့ စမ်းပြာနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို