မတ်လ (၅)ရက်။
မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ KNLA တပ်သားတွေက စစ်တပ်နဲ့ စစ်ရေးဖော်ဆောင်ဖို့ အင်အားဖြည့်ဖို့ သွားတဲ့အချိန်မှာ ဗိုလ်စောအယ်ခွီး(ခ)ကောလားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ဗိုလ်စောအယ်ခွီး(ခ)ကောလားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့ဟာ သမီးပေါ်သောရွာနဲ့ ပျားသားကျောင်းရွာကြားမှာ KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂)ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုက်ခိုက်တာဟာ KNLA တပ်သားတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ စစ်ရေးဖော်ဆောင်ဖို့ အင်အားဖြည့်သွားနေချိန် KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၂)က ရဲဘော် (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။










