နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

မတ်လ (၆)ရက်။

ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့ ‌ဆိုပါတယ်။

ဒီလို တပ်ဖွဲ့ထဲ ကျူးလွန်တဲ့ လူမျိုးရေးခွဲခြားတာတွေဟာ ခွင့်လွှတ်နိုင်စရာမရှိသလို ဖက်ဆစ်လုပ်ရပ်ဖြစ်ကာ ကော်မတီက ကျူးလွန်သူတွေကို တာဝန်ကနေ ရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူဖို့အပါအဝင် အချက် (၄)ချက် တောင်းဆိုထားပါတယ်။

အဲ့ဒီအချက်တွေဟာ ‌ကျူးလွန်ခံရသူအပါအဝင် ကလေးငယ်နဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အာမခံချက် ရရှိအောင် ဆောင်ရွက်ဖို့၊ NUG အနေနဲ့ တာဝန်ခံပြီး တပ်ရင်းတပ်ဖွဲ့တွေမှာ လူမျိုးရေးခွဲခြားတာတွေ မရှိအောင် ဆောင်ရွက်ဖို့နဲ့ ရန်သူနဲ့တူညီတဲ့ စရိုက်လက္ခဏာတွေကို ရှောင်ရှားတဲ့ ဥပဒေပြဋ္ဌာန်းဖို့တို့ ဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီတောင်းဆိုတာတွေကို ချက်ချင်းအကောင်အထည်ဖော်ဖို့၊ အခုလို ရာဇဝတ်မှုတွေ ကျူးလွန်တာကို စံနမူနာအနေနဲ့ ပြင်းထန်စွာ အရေးယူဖို့နဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေးအဖွဲ့တွေအနေနဲ့ ပြင်းထန်စွာ ဆန့်ကျင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ခက်ခဲတဲ့ တော်လှန်ရေးလမ်းမှာ အတူရုန်းကန်သူတွေချင်း လေးစားဖို့နဲ့ ကော်မတီအနေနဲ့လဲ တော်လှန်ရေးတာဝန်တွေကို နောက်ကျောလုံလုံနဲ့ ရဲဘော်ရဲ‌ဘက်ပီသတာတွေနဲ့ ထမ်းဆောင်လိုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 10 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 13 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က
မြန်မာသတင်း

ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတာကြောင့် ဦးတေဇရဲ့ Htoo ကုမ္ပဏီအပါအဝင် (၁၇)ခုကို စစ်အုပ်စုက အမည်မည်းစာရင်းက ပယ်ဖျက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 18 Views
ဧပြီလ (၂၈)ရက်။ ပို့ကုန်ရငွေ အပြည့်အဝ ပြန်ပေးသွင်းတဲ့ ကုမ္ပဏီ (၁၇)ခုကို စစ်အုပ်စုဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က အမည်မည်းစာရင်းနဲ့ ပြည်ဝင်/ထွက်ခွင့် တားဆီးတာတို့ကနေ
မြန်မာသတင်း

TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်း

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 25 Views
ဧပြီလ (၂၈)ရက်။ PDF-TRI ဗျူဟာက ရဲဘော် (၃၅)ဦးကို တပ်က ထုတ်ပယ်တာနဲ့ အမည်ပျက်စာရင်းသွင်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော်တွေဟာ တပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပြင်းထန်စွာ ‌ဖောက်ဖျက်ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 28 ရက်
  • 28 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖအသံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစအတွက် ဗျူဟာမြောက်အရေးပါတဲ့ ကလေးဝနယ် အောင်ချမ်းသာအထိုင်စခန်းကို
မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 26 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်က အကြမ်းဖက်စစ်အုပ်စုတပ်စခန်းကို ၇၉မမ အလုံး
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 22 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံက မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းထဲ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့တာနဲ့
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 25 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ