မတ်လ (၆)ရက်။
မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်နဲ့ ဘုန်းကြီးကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်” လို ဆိုပါတယ်။
စစ်တပ်ရဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာအနီးကို တိုက်ခိုက်ခဲ့ရာ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်နဲ့ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းမပြီး ပျက်စီးခဲ့ရသလို စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။
အခုလို စစ်တပ်ရဲ့ အရပ်ဖက်၊ စစ်ဖက် နေရာမရွေးဘဲ “ ဘယ်သူသေသေ ငတေမာရင်ပြီးရော” လုပ်ဆောင်နေချိန်မှာ လေယာဉ်လာရင် အထူးသတိထားဖို မြိုနယ်ပအဖက နှိးဆော်ထားတယ်လို သိရပါတယ်။










