နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန် အဆင့်မြင့်အရာရှိတစ်ဦးက သတိပေးပြောကြား ထားသည်။

CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်

အီရန်၏ ခေါင်းဆောင်သစ်အဖြစ် လုပ်ကြံခံလိုက်ရသည့် ရေရှည်အုပ်ချုပ်သူ အလီ ခါမေနီ၏ ဒုတိယမြောက်သား မော့ဂျတာဘာ ခါမေနီအား နိုင်ငံ၏ နောက်ထပ် အာဏာအရှိဆုံး ခေါင်းဆောင်ကြီး (Supreme Leader) အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခါမေနီ၏သားကို ရွေးချယ်ခြင်းသည် “ လက်ခံနိုင်ဖွယ် မရှိသော” ရွေးချယ်မှုဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။ တီဟီရန်မြို့ရှိ ရေနံ သိုလှောင်ရုံ များကို အစ္စရေးက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ပြီး နာရီပိုင်း အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် စစ်သည်တစ်ဦး သေဆုံးခဲ့။ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အမေရိကန် စစ်ဘက်ဝင် သတ္တမမြောက်တစ်ဦး ထပ်မံသေဆုံး သွားခဲ့သည်။

ကျောင်းတိုက်ခိုက်ခံရမှုဖြစ်ခဲ့သည့်လက ကျောင်းသား ၁၆၀ ကျော် သေဆုံးခဲ့ရသည့် အီရန်မူလတန်းကျောင်းနှင့် ကပ်လျက်ရှိသော ရေတပ်အခြေစိုက်စခန်းတစ်ခုကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဗီဒီယိုအသစ်များက အတည်ပြု နေပုံရသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ ဟက်ဆက်သ် (Pete Hegseth) က အမေရိကန် အနေဖြင့် “ စုံစမ်းစစ်ဆေးနေဆဲ” ဖြစ်သည်ဟု ဆိုသော်လည်း၊ ထရန့်ကမူ ၎င်းကိစ္စအတွက် အီရန်ကိုသာ လက်ညှိုးထိုး အပြစ်တင်နေသည်။

ရေနံစျေးနှုန်းများ ထိုးတက်သွားခြင်း။ အမေရိကန်တွင် ရေနံစျေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပြီး၊ ယင်းမှာ ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မော့ဂျတာဘာ ခါမေနီသည် မဖြစ်နိုင်လောက်သော အလုပ်တစ်ခုကို ဆက်ခံရရှိထားခြင်း ဖြစ်ပြီး ၎င်းသည် “ ယာယီအကူးအပြောင်းကာလ ခေါင်းဆောင်” သာ ဖြစ်လာနိုင်ခြေ ရှိကြောင်း CNN ၏ ကမ္ဘာ့ရေးရာလေ့လာဆန်းစစ်သူက ပြောကြားခဲ့သည်။

“ သူဟာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အား အတောင့်တင်းဆုံး အစ္စရေး၊ ပြီးတော့ သူ့ရဲ့ကိုယ်ပိုင် လူ့အဖွဲ့အစည်းတို့နဲ့ စစ်ဖြစ်နေတဲ့ အစိုးရအဖွဲ့ကို ဆက်ခံနေရတာပါ” ဟု Carnegie Endowment for International Peace မှ ဝါရင့်သုတေသနအဖွဲ့ဝင် ကရင် ဆဒ်ဂျာပူရ် (Karim Sadjdapour) က CNN မှ အန်ဒါဆန် ကူးပါး (Anderson Cooper) ကို ပြောကြားခဲ့သည်။

ထို့အပြင် မော့ဂျတာဘာသည် လက်ရှိတွင် ဒဏ်ရာရရှိထားပြီး “ ပစ်မှတ်ထားခံထားရသည့် အခြေအနေ” ဖြင့် ပုန်းအောင်းနေထိုင်နေရကာ အီရန်ပြည်သူများကလည်း ၎င်း “ သေဆုံးပါစေ” ဟု ကြွေးကြော်နေကြပြီဖြစ်ကြောင်း ဆဒ်ဂျာပူရ်က ဆက်လက်ပြောဆိုသည်။

ယခုနှစ်အစောပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်များက လမ်းပေါ်ထွက်သူများကို အကြမ်းဖက် နှိမ်နင်းခဲ့ကြသည်။

“ သူ့ကို အချိန်အကြာကြီး သိခဲ့တဲ့သူတစ်ယောက်ကို ကျွန်တော် မေးကြည့်ဖူးတယ်၊ သူ ဘယ်လိုများ အုပ်ချုပ်မလဲဆိုတော့… သူက အုပ်ချုပ်ဖို့ကို အာရုံစိုက်နေတာမဟုတ်ဘူး၊ အသက်ရှင်သန်ဖို့ကိုပဲ အာရုံစိုက်နေတာလို့ အဲဒီလူက ဖြေတယ်” ဟု ဆဒ်ဂျာပူရ်က ဆိုသည်။

တနင်္ဂနွေနေ့က တီဟီရန်အနောက်မြောက်ပိုင်းရှိ ရှာရန် (Shahran) ရေနံချက်စက်ရုံကို ညလုံးပေါက် လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် လူနေအဆောက်အအုံတစ်ခုအနီးတွင် မီးခိုးအမည်းရောင်များ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

တီဟီရန်မြို့ခံတစ်ဦးက CNN သို့ ပြောကြားရာတွင် အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲများ ပြင်းထန်လာနေသဖြင့် မြို့မှ ထွက်ခွာသင့်၊ မသင့်အပေါ် သူနှင့် ဇနီးဖြစ်သူတို့ သဘောထားကွဲလွဲနေကြသည်ဟု ဆိုသည်။

“ စစ်စတင်ကတည်းက စနေနေ့ညက လောင်စာဆီသိုလှောင်ရုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အပြင်းထန်ဆုံး ဗုံးကြဲမှုပဲ” ဟု ၎င်းက ပြောသည်။ “ လူတွေဟာ စိုးရိမ်နေကြပြီး ဖိအားတွေ အများကြီးအောက်မှာ ရောက်နေကြတယ်။ ဒီနေ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ရန်ဖြစ်ကြပြီး သူကတော့ တီဟီရန်ကနေ ထွက်ပြီး သူ့မိဘတွေဆီ သွားနေဖို့ စဉ်းစားနေတယ်…”

သို့သော် သူကမူ မထွက်ခွာလိုပေ။ သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များအတွက် စိုးရိမ်နေသလို၊ ဇန်နဝါရီလက ဖြစ်ပွားခဲ့သော ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကဲ့သို့ လမ်းပေါ်ထွက်ရန် အခွင့်အရေး တစ်ဖန်ပြန်ရလာနိုင်သည်ဟုလည်း ယုံကြည်နေသည်။

“ ကျွန်တော် မြို့ကနေ မထွက်ချင်ဘူး။ ပြီးခဲ့တဲ့ အရေးအခင်းတုန်းက နှိမ်နင်းမှုတွေအတွက် တာဝန်ရှိတဲ့သူတွေအားလုံး သေတာကို စောင့်ကြည့်ချင်တယ်။ ကျွန်တော့်ရဲ့ မောင်နှမတွေကို ပစ်သတ်ခဲ့တဲ့သူတွေရဲ့ အလောင်းပေါ်မှာ ကခုန်ချင်တယ်။ ကလဲ့စားချေချင်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ အစိုးရထောက်ခံသူများကလည်း ပိုမိုရဲတင်း လာကြ ကြောင်း ၎င်းက ပြောသည်။ တီဟီရန်မြို့တွင် ညတိုင်းလိုလို အစိုးရထောက်ခံသူများက အီရန် အလံများကို ဝှေ့ယမ်းကာ နိုင်ငံရေးကြွေးကြော်သံများဖြင့် “ မော်တော်ယာဉ် စီတန်းလှည့်လည် ပွဲ” များကဲ့သို့ စုဝေးမှုများ ပြုလုပ်နေကြသည်။

“ သူတို့က ဒါကို အစိုးရအဖွဲ့ဝင်တွေနဲ့ တခြားထောက်ခံသူတွေကို အားပေးဖို့ လုပ်နေကြတာ။ တစ်ချိန်တည်းမှာပဲ ‘ငါတို့ အပြင်းအထန် တိုက်ခိုက်ခံနေရပေမဲ့ လမ်းမတွေကိုတော့ ဆက်ပြီး ထိန်းချုပ်ထားတုန်းပဲ’ ဆိုတာကို အတိုက်အခံတွေကို ပြသနေတာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ