နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက်

ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု (Cyberscam) လုပ်ငန်းခွင်သို့ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါကြည့်ရှုရာတွင် လိမ်လည် သူများသည် နိုင်ငံခြားသားများကို အွန်လိုင်းမှတစ်ဆင့် မည်သို့မည်ပုံ ကျော့ကွင်းဆင် ဖမ်းယူ နေကြသည်ကို တွေ့ရှိခဲ့ရသည်။

အရှေ့တောင်အာရှတွင် အဓိကစုပြုံနေသော ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာလိမ်လည်မှု လုပ်ငန်း သည် “ စက်မှုလက်မှုလုပ်ငန်းကြီးတစ်ခုသဖွယ်” အချိုးအစားကြီးမားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောကြားထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် အချစ်ရေးနှင့် ခရစ်ပတိုငွေကြေး (Cryptocurrency) ရင်းနှီး မြှုပ်နှံမှုများကို အသုံးချကာ တစ်ကမ္ဘာလုံးရှိ အင်တာနက်အသုံးပြုသူများကို လိမ်လည် နေသည့် ဒေါ်လာဘီလီယံနှင့်ချီသော ရာဇဝတ်ဂိုဏ်းကြီးများ အခြေစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ၎င်းတို့နိုင်ငံသားများထံမှ ခိုးယူနေသည့် အဆိုပါကွန်ရက် များကို နှိမ်နင်းရန် ကမ္ဘောဒီးယားကို ဖိအားပေးနေစဉ်၊ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် တစ်ရက်အကြာတွင် ဖနွမ်းပင်မြို့တော်ရှိ ရုံးခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုရန် AFP သတင်းဌာနကို ဖိတ်ကြားခဲ့သည်။

ဇိမ်ခံအဆောက်အအုံတစ်ခု၏ အထပ် ၃၀ မြောက်တွင် ဒက်စတော့ကွန်ပျူတာ မျက်နှာပြင် ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး ဗြိတိန်နှင့် ဥရောပရှိ လူများကို လိမ်လည်ရန် အသုံးပြုသည့် စကားပြောခန်း (Chat) များ၊ Group Chat များနှင့် ဆော့ဖ်ဝဲလ်များကို တွေ့ရှိခဲ့ရသည်။

အင်္ဂါနေ့ညက အဆိုပါရုံးခန်းတွင် ကမ္ဘောဒီးယား သံသယရှိသူ ၅၇ ဦးနှင့် တရုတ်လူမျိုး “ ခေါင်းဆောင်” ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“ သူတို့က ဥရောပက နိုင်ငံခြားသားတွေကို ရင်းနှီးမြှုပ်နှံမှုအတုတွေမှာ ငွေထည့်ဖို့ ဆွဲဆောင်ပြီး အွန်လိုင်းကနေ လိမ်လည်ခဲ့ကြတာပါ” ဟု စီးနင်းမှုကို ဦးဆောင်ခဲ့သူ ဖနွမ်းပင် ဒုတိယရဲမှူးကြီး Bun Sosekha က ပြောသည်။ “ အရင်က ပြစ်မှုကျူးလွန်သူတွေဟာ နိုင်ငံခြားသားတွေပဲ ဖြစ်ခဲ့ပေမဲ့ အခုတော့ ကမ္ဘောဒီးယားနိုင်ငံသားတွေပါ ဒါကို စလုပ် လာကြတာကို တွေ့ရပါတယ်”

အိမ်သာတက်ချိန်ကိုပါ စောင့်ကြည့်ခြင်း

ဖွင့်ထားဆဲ ကွန်ပျူတာမျက်နှာပြင်များပေါ်တွင် “ စတော့ရှယ်ယာဆိုင်ရာ အချက်အလက်များ” ရောင်းချနေသည့် တရုတ်ဘာသာစကားဖြင့် Telegram Channel များ၊ လူမှုကွန်ရက် အကောင့်များနှင့် အမေရိကန်နှင့် ဗြိတိန်သုံး SIM ကတ်များကို တွေ့ရသည်။ အခြား Chat Window များတွင် အိမ်သာတက်ချိန်၊ စားသောက်ချိန်နှင့် ဆေးလိပ်သောက်ချိန် အပါအဝင် အလုပ်လုပ်ချိန် မှတ်တမ်းများကို တွေ့ရှိရသည်။

မော်နီတာတစ်ခုတွင် ဥရောပဘာသာစကား ၂၀ ကျော်ဖြင့် ရေးသားထားသော “ ဇာတ်ညွှန်းများ (Scripts)” ကို တွေ့ရသည်။

“ စိတ်မရှိဘူးဆိုရင် မေးပါရစေ၊ ရှင်က ကျွန်မထက် အသက်ကြီးလား ငယ်လားဟင်? ကျွန်မကတော့ ၃၃ နှစ်ပါ” ဟု ချက် (Czech) ဘာသာစကားဖြင့် ရေးသားထားသော စကားပြောခန်းတစ်ခုတွင် ဖော်ပြထားသည်။ တစ်ဖက်မှ အသုံးပြုသူက “ ၅၂” ဟု ပြန်ဖြေသည်။

“ ဒီအရွယ် အမျိုးသားတွေက အရမ်းဆွဲဆောင်မှုရှိပြီး တည်ငြိမ်ရင့်ကျက်ကြတာပဲ” ဟု လိမ်လည်သူ၏ အကောင့်က ပြန်လည်ရေးသားထားသည်။ ထို့နောက် “ အခုပြောနေသူက ကျွန်မပါ၊ အရမ်းလှပါတယ်” ဟု ဆိုကာ အမျိုးသမီးငယ်တစ်ဦး၏ ဓာတ်ပုံကို ပေးပို့ လိုက်သည်။

“ Pig-butchering” (ဝက်သတ်ခြင်း) ဟု လူသိများသည့် ဤနည်းလမ်းမှာ လိမ်လည်သူများ သည် ပစ်မှတ်ထားသူကို ရင်းနှီးမှုရအောင် ရက်သတ္တပတ်ပေါင်းများစွာ ချဉ်းကပ်ပြီးနောက်၊ ရင်းနှီးမြှုပ်နှံမှုအတုများနှင့် အခြားလှည့်ကွက်များထဲသို့ ငွေပုံအောထည့်လာအောင် ဆွဲဆောင် ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလက ထုတ်ပြန်သော UNODC အစီရင်ခံစာအရ အရှေ့တောင်အာရှတွင် အဓိက စုပြုံနေသော ဤလုပ်ငန်း၏ နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၆၄ ဘီလီယံအထိ ရှိနိုင်ကြောင်း ခန့်မှန်း ထားသည်။ ဤလုပ်ငန်းတွင် ပါဝင်နေသူ ထောင်ပေါင်းများစွာမှာ လူကုန်ကူးခံရပြီး အဓမ္မ စေခိုင်း ခံရသူများ ဖြစ်သော်လည်း အချို့မှာမူ မိမိသဘောဆန္ဒအလျောက် လုပ်ကိုင်ကြသူများ ဖြစ်သည်။

အတိုင်းအတာ သေးငယ်လာသော လိမ်လည်မှုများ

ဇူလိုင်လမှစ၍ အစိုးရ၏ နှိမ်နင်းမှုများကြောင့် လိမ်လည်သည့် ဆိုဒ်ပေါင်း ၂၅၀ ခန့်နှင့် ကာစီနို ၉၁ ခုကို ပိတ်သိမ်းခဲ့ကြောင်း အစိုးရ၏ ဆိုင်ဘာလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်မှ ဝန်ကြီး Chhay Sinarith က ပြောသည်။ လူပေါင်း ၂ သိန်းကျော်သည် လိမ်လည်သည့် နေရာ များမှ ထွက်ပြေးခဲ့ပြီး ကမ္ဘောဒီးယားမှ ထွက်ခွာသွားကြသလို၊ နိုင်ငံခြားသား ၁ သောင်းခန့်ကို လည်း ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဝေဖန်သူများက ဤနှိမ်နင်းမှုများကို “ ဟန်ပြ” သာဖြစ်သည်ဟု ဆိုကြသော်လည်း၊ ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်ဖွား လုပ်ငန်းရှင်ကြီးချန်းဇီ( Chen Zhi) ကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ အကြီးမားဆုံး အောင်မြင်မှုဖြစ်သည်။

အမေရိကန်အစိုးရက တရားစွဲဆိုထားသော ထိုသူသည် ဝန်ကြီးချုပ် ဟွန်မာနက်(Hun Manet) နှင့် ၎င်း၏ဖခင် ဟွန်ဆန်(Hun Sen) တို့၏ အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ လက်ရှိတွင် ချန်း(Chen) ၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ထားပြီး ၎င်းကို ကမ္ဘောဒီးယားတွင် လည်း တရားစွဲဆိုသွားမည်ဟု သိရသည်။

လိမ်လည်သူများသည် ယခင်ကကဲ့သို့ ဝင်းကြီးများအတွင်း လုပ်ကိုင်ခြင်းထက် ရုံးခန်းနှင့် ဟိုတယ်များကဲ့သို့ သေးငယ်သော နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း အာဏာပိုင်များက ဝန်ခံထားသည်။

“ ကျွန်တော်တို့ ဧပြီလကုန်မှာ ဒီလုပ်ငန်းတွေကို အပြီးတိုင် ရှင်းလင်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Chhay Sinarith က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် အဓိကတည်ရှိသော ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်း သည် ‘စက်မှုလုပ်ငန်းအချိုးအစား’ သို့ ရောက်ရှိနေပြီဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက ပြောကြား © TANG CHHIN Sothy / AFP(ဓါတ်ပုံ)

ဒေသတွင်း လိမ်လည်မှုများ ကျူးလွန်နေသူ သိန်းနှင့်ချီ၍အနက် အချို့မှာ လူကုန်ကူးခံရပြီး ၎င်းတို့၏ဆန္ဒမပါဘဲ ဖမ်းဆီးခံရပြီး အချို့မှာ မိမိသဘောဖြင့်အလုပ်လုပ်ကိုင်နေကြသည် © TANG CHHIN Sothy / AFP(ဓါတ်ပုံ)

ကမ္ဘောဒီးယားရဲ့ လိမ်လည်မှုလုပ်ငန်းဟာ ဧပြီလကုန်မှာ ‘ပျောက်ကွယ်သွားလိမ့်မယ်လို့’ မျှော်လင့်ကြောင်း အကြီးတန်းအရာရှိ ချိုင်း ဆီနာရစ်က ပြောကြား © TANG CHHIN Sothy / AFP(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော