မတ်လ (၁၆)ရက်။
ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။
“ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို သဘောပေါက်ပါတယ်။ တချိုဆိုရင်လဲ ပြည်ပမှာဖြစ်သလို၊ တချိုက နယ်စပ်ဒေသမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ခြေစုံရပ်ထားတဲ့ အမတ်တွေလဲ ရှိတာကြောင့် ကျွန်တော်တိုအနေနဲ့ တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ်တော်မျိုးကို ပိုမို ဖော်ဆောင်လာနိုင်ဖို လိုအပ်ပါတယ်” လို ဆိုပါတယ်။
ဒီလိုဖော်ဆောင်တဲ့အခါ အခြေအနေနဲ့ အချိန်အခါကို သတိထားပြီး လက်တွေ့ကျတဲ့ လွှတ်တော်အခင်းအကျင်းမျိုးဖြစ်အောင် အကောင်အထည်ဖော်ဖို တိုက်တွန်းထားပါတယ်။
အခုအချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီပုံစံလို ဖြစ်လာအောင် ကြိုးပမ်းဖိုနဲ့ ဒီစုဖွဲမှု ဖြစ်မြောက်လာဖိုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့အတူ အချိန်များစွာ ရင်းနှီးမြှုပ်နှံခဲ့ရတယ်လို ဆိုပါတယ်။
နောက်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်လာဖိုအတွက် အားသွန်ကြိုးပမ်းနေတယ်လို ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ဖိုအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်းထမ်းရွက်ကြဖို ယာယီသမ္မတက ထည့်သွင်းတိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်အနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ဖိုမှာ နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီလိုမျိုး ဖြစ်လာအောင် ပံ့ပိုးကူညီဖိုကိုလဲ မေတ္တာရပ်ခံခဲ့တယ်လို သိရပါတယ်။








