နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင် ၅,၀၀၀ အလေးချိန်ရှိ ထိန်းကြောင်းလမ်းညွှန်ပြီး ဖြုတ်ချသည့် ဗုံးများကို ကြဲချခဲ့သည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီ (Ali Larijani) သေဆုံးသွားပြီဖြစ်ကြောင်း တီဟီရန်က အတည်ပြုလိုက်သည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့အစောပိုင်း (ဒေသစံတော်ချိန်) တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ရာ၌ လာရီဂျာနီသည် တစ်သက်တာလုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် “အာဇာနည်” အဖြစ် အမွှန်းတင် ဖော်ပြထားသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) က တနင်္လာနေ့ညပိုင်းတွင် လာရီဂျာနီကို “ရှင်းလင်း” လိုက်ပြီဟု ပြောကြားခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ် လာခြင်းဖြစ်သည်။

မကြာသေးမီလများအတွင်း အီရန်နိုင်ငံ၏ အရေးပါဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် ထွက်ပေါ်လာသူ လာရီဂျာနီသည် ၎င်း၏သားဖြစ်သူနှင့် လုံခြုံရေးဝန်ထမ်းများအပါအဝင် အခြားသူအချို့နှင့်အတူ သေဆုံးသွားခြင်းဖြစ်ကြောင်း ကောင်စီက ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် လာရီဂျာနီ၏ ရှည်လျားလှသော နိုင်ငံရေးလုပ်သက်ကို ချီးကျူး ထားပြီး၊ ၎င်းအား “ဘဝ၏ နောက်ဆုံးမိနစ်အထိ” အီရန်နိုင်ငံ တိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သူနှင့် ပြင်ပခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းခဲ့သူတစ်ဦးအဖြစ် ဖော်ပြထားသည်။

အင်္ဂါနေ့အစောပိုင်းတွင်လည်း အီရန်၏ Basij ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဂိုလမ်ရီဇာ ဆိုလေမာနီ (Gholamreza Soleimani) သည် “အမေရိကန်-ဇီယွန်ဝါဒီ ရန်သူတို့၏ အကြမ်းဖက်တိုက်ခိုက်မှု” အတွင်း သေဆုံးသွားခဲ့ကြောင်း အီရန်က အတည်ပြုခဲ့သည်။

လာရီဂျာနီနှင့် ဆိုလေမာနီတို့၏ ဈာပနအခမ်းအနားများကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း အီရန်၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Mehr သတင်းဌာနက ဖော်ပြသည်။

အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က လာရီဂျာနီ သေဆုံးမှုအပေါ် “နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း” ပြောကြားခဲ့သည်ဟု Fars သတင်းဌာနက ဖော်ပြသည်။

“သူ့ဆီကနေ စေတနာ၊ အမြော်အမြင်၊ ဖော်ရွေမှုနဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု တွေကလွဲလို့ တခြားဘာမှ ကျွန်တော်မတွေ့ခဲ့ရဘူး” ဟု သမ္မတ၏ ပြောကြားချက်ကို Fars က ကိုးကားဖော်ပြထားသည်။

“သံသယဖြစ်စရာမလိုဘဲ ဒီဆုံးရှုံးမှုကို အစားထိုးဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို