နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက်

လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အိမ်ဖြူတော်၏ Oval Office တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယှဉ်တွဲထိုင်နေစဉ် အတွင်း ၎င်းသည် အိမ်ရှင်၏ လေယူလေသိမ်းအတိုင်း စတင်ပြောဆိုခဲ့သည်။

“ ဒါဟာ တကယ်ကို ထူးခြားပါတယ်” ဟု စတာမာက ဆိုကာ၊ ထရမ့်အား ဗြိတိန်သို့ ဒုတိယအကြိမ်မြောက် နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) လာရောက်ရန် ဖိတ်ကြားထားသည့် ဘုရင်ကြီး ချားလ်စ် (King Charles III) ၏ ဖိတ်စာကို ပြသခဲ့သည်။ “ ဒါမျိုးက တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒါဟာ အစဉ်အလာကို ချိုးဖောက်တာပါ… ဒါဟာ တကယ်ကို သမိုင်းဝင်ပါတယ် — မကြုံစဖူး ဒုတိယအကြိမ်မြောက် နိုင်ငံတော်အဆင့် ခရီးစဉ်ပေါ့။”

စတာမာ၏ ထူးထူးခြားခြား မြှောက်ပင့်ပြောဆိုမှုများသည် ၎င်း၏အစိုးရအဖွဲ့အနေဖြင့် ထရမ့်၏ ဒုတိယသက်တမ်းကို မည်သို့ကိုင်တွယ်ရန် စီစဉ်ထားကြောင်း ပြသနေသည်။ ထရမ့်၏ မြှောက်ပင့်ခံလိုစိတ်နှင့် တော်ဝင်မိသားစုအပေါ် စွဲလန်းမှုကို အသုံးချကာ ဥရောပသမဂ္ဂအပေါ် ချမှတ်မည့် အခွန်နှုန်းထားထက် ပိုမိုသက်သာသော နှုန်းထားရရှိရန်နှင့် ယူကရိန်းအပေါ် အမေရိကန်၏ ဆက်လက်ထောက်ခံမှု ရရှိရန် မျှော်လင့်ထားခြင်းဖြစ်သည်။

တစ်ချိန်က ထိုမဟာဗျူဟာသည် ထိရောက်မှုရှိခဲ့သော်လည်း ယခုအခါ ပျက်ပြားသွားဟန် ရှိသည်။ အီရန်နှင့် စစ်ပွဲတွင် အမေရိကန်အား စစ်ရေးအရ ကူညီရန် တွန့်ဆုတ်နေသည့် မဟာမိတ် အားလုံးကို ထရမ့်က ပြစ်တင်ပြောဆိုနေသော်လည်း၊ စတာမာကိုမူ ပိုမို ပြင်းထန်သော စကားလုံးများဖြင့် ပစ်မှတ်ထားခဲ့သည်။ “ ကျွန်တော်တို့ ရင်ဆိုင်နေရတာ ဝက်န်စတန် ချာချီ (Winston Churchill) မဟုတ်ဘူး” ဟု ထရမ့်က မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။ တနင်္လာနေ့တွင်လည်း ဗြိတိန်သည် “ ထိပ်တန်းအဆင့် (Rolls-Royce) မဟာမိတ်” မဟုတ်တော့ကြောင်း ၎င်းက အရိပ်အမြွက် ပြောဆိုခဲ့သည်။

ထရမ့်၏ ပြင်းထန်သော ဝေဖန်မှုများကြောင့် ဘုရင်ကြီး ချားလ်စ်အနေဖြင့် ယခုနွေဦး ရာသီ တွင် အမေရိကန်သို့ သွားရောက်ရန် သင့်၊ မသင့်ကို လွှတ်တော်အမတ်များက စတင်မေးခွန်း ထုတ်လာကြသည်။ နိုင်ငံတော်အဆင့်ခရီးစဉ်ကို အတည်မပြုရသေးသော်လည်း၊ ဘုရင်ကြီး သည် အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလတွင် ဝါရှင်တန်ဒီစီသို့ သွားရောက်လိမ့်မည်ဟု လူအများက မျှော်လင့်ထားကြသည်။

“ ကျွန်မတို့ နောက်ဆုံး မဖြစ်ချင်ဆုံးအရာက ဘုရင်မင်းမြတ်ကို အရှက်ရစေမယ့် အခြေအနေမျိုးပါ” ဟု လေဘာပါတီ လွှတ်တော်အမတ် အမ်မလီ သွန်ဘယ်ရီ (Emily Thornberry) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ အခုအချိန်မှာ သွားဖို့ သင့်တော်ရဲ့လား ဆိုတာကို သေချာစဉ်းစားဖို့ လိုမယ်ထင်ပါတယ်။”

ထရမ့်နှင့် စတာမာတို့အကြား ပဋိပက္ခသည် အီရန်စစ်ပွဲအတွက် အမေရိကန်က ဗြိတိန်၏ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့် တောင်းခံမှုကို စတာမာက (ဥပဒေနှင့်မညီဟု ယူဆကာ) အစပိုင်းတွင် ငြင်းဆိုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အရှေ့အလယ်ပိုင်းရှိ ဗြိတိန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများ တိုက်ခိုက်ခံရပြီးနောက်တွင်မူ အီရန်၏ လက်စားချေမှု ကို ပြန်လည်ခုခံရာ၌ ဗြိတိန်က ပူးပေါင်းပါဝင်ခဲ့သည်။

သို့သော် ထိုအချိန်မှစ၍ ထရမ့်သည် စတာမာ၏ ကူညီလိုမှုကို လှောင်ပြောင်ခဲ့သည့်အပြင် ပိုမိုလုပ်ဆောင်ခြင်းမရှိသည့်အတွက် ပြစ်တင်ဝေဖန်ခဲ့သည်။ မတ်လ ၇ ရက်တွင် ထရမ့်က ဗြိတိန်သည် “ အရှေ့အလယ်ပိုင်းသို့ လေယာဉ်တင်သင်္ဘော နှစ်စင်း စေလွှတ်ရန် နောက်ဆုံး တော့ စဉ်းစားနေပြီ” ဟု ဆိုကာ စတာမာကို “ လာမနေနဲ့တော့” ဟု ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ အနိုင်ရသွားပြီဆိုမှ လာပူးပေါင်းတဲ့သူတွေကို မလိုအပ်ဘူး” ဟု ၎င်းက ဆိုသည်။

တနင်္လာနေ့တွင်လည်း ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဗြိတိန်က မိုင်းရှင်း သင်္ဘောများ ပို့ရန် တွန့်ဆုတ်နေမှုကို ထရမ့်က “ ဆိုးရွားလှသည်” ဟု ဝေဖန်ခဲ့သည်။ စတာမာအား အင်အားစုများ စေလွှတ်ရန် တောင်းဆိုစဉ် ဝန်ကြီးချုပ်က “ အဖွဲ့နဲ့ အရင် ဆွေးနွေးရဦးမယ်” ဟု ပြန်ပြောခဲ့ရာ၊ ထရမ့်က “ ခင်ဗျားက ဝန်ကြီးချုပ်ပဲ၊ ခင်ဗျားဘာသာ ဆုံးဖြတ်လို့ရတယ်။ အဖွဲ့တွေ ဘာတွေ စိတ်မပူနဲ့။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်” ဟု တုံ့ပြန်ခဲ့ကြောင်း ဆိုသည်။

အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ပီတာ ဝက်စ်မာကော့ (Peter Westmacott) ၏ အဆိုအရ၊ ထရမ့်က စတာမာကို နှိမ်ချပြောဆိုနေမှုများသည် ဗြိတိန်၏ “ မြှောက်ပင့်ခြင်း မဟာဗျူဟာ” ၏ အကန့်အသတ်ကို ပြသနေခြင်းဖြစ်သည်။ “ စတာမာဟာ ရန်စမှုတွေကို တုံ့ပြန်ခြင်းမပြုဘဲ သီးသန့်ဆွေးနွေးခြင်းဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ၁၈ လကြာ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက အမြဲတမ်း အလုပ်မဖြစ်ပါဘူး” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

သို့သော် ထရမ့်သည် စတာမာနှင့် အဖုအထစ် ရှိနေသော်လည်း ဘုရင်ကြီး ချားလ်စ်ကို လက်ခံ တွေ့ဆုံရန် မျှော်လင့်ထားဆဲဖြစ်သည်။ “ ယူကေဘုရင် — အင်္ဂလန်ဘုရင်လို့ပဲ ခေါ်ပါရစေ — သူဟာ လူကောင်းတစ်ယောက်ပါ။ သူ မကြာခင် လာပါလိမ့်မယ်” ဟု ထရမ့်က တနင်္လာနေ့ တွင် ပြောကြားခဲ့သည်။

ထရမ့်၏ ခန့်မှန်းရခက်သော စရိုက်ကြောင့် ဗြိတိန်အစိုးရအနေဖြင့် ဘုရင်ကြီး၏ ခရီးစဉ်ကို ရှေ့ဆက်သင့်၊ မသင့် ဆုံးဖြတ်ရန် ခက်ခဲနေသည်။ ဘုရင်မင်းမြတ်အား ထရမ့်၏ ဝေဖန်မှုများ အောက်တွင် အရှက်ရမည့်ဘေးမှ ကာကွယ်လိုသကဲ့သို့၊ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါက သမ္မတကို ဒေါသထွက်စေမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြသည်။

ဗြိတိန်နိုင်ငံရေးလောကတွင်လည်း စတာမာကို ဝေဖန်ခဲ့ကြသည့် အတိုက်အခံများပင် ယခုအခါ ရပ်တည်ချက် ပြောင်းလာကြသည်။ ထရမ့်၏ မဟာမိတ် နိုင်ဂျယ် ဖာရေ့ဂ်ျ (Nigel Farage) က အစပိုင်းတွင် စစ်ပွဲ၌ ပါဝင်သင့်သည်ဟု ဆိုခဲ့သော်လည်း၊ စစ်ပွဲသည် လူထုကြား တွင် အလွန်ရေပန်းမစားသည်ကို သိရှိပြီးနောက် “ နိုင်ငံခြားစစ်ပွဲမှာ မပါဝင်သင့်ဘူး” ဟု ပြောင်းလဲပြောဆိုလာသည်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ကီမီ ဘေဒီနောက် (Kemi Badenoch) ကလည်း အစပိုင်းတွင် အမေရိကန်-အစ္စရေး၏ ထိုးစစ်ကို ထောက်ခံခဲ့သော်လည်း၊ ယခုအခါတွင်မူ ထရမ့်၏ တိုက်ခိုက်မှုများမှ ဝန်ကြီးချုပ်ကို ကာကွယ်ပေးခဲ့သည်။ “ ကျွန်မဟာ စတာမာကို အဝေဖန်ဆုံးလူပါ။ ဒါပေမဲ့ အိမ်ဖြူတော်က ထွက်လာတဲ့ စကားလုံးတွေက မှားနေတယ်လို့ ထင်ပါတယ်။ ဒီလို စကားနာထိုးတာတွေ၊ ရန်ဖြစ်နေတာတွေဟာ အင်မတန် ကလေးဆန်ပြီး မသင့်လျော်ပါဘူး” ဟု သူမက ဆိုသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်နိုင်ငံ၊ ဝင်းဆာမြို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နိုင်ငံတော်ခရီးစဉ်အဖြစ် တတိယမြောက်ချားလ်စ်ဘုရင် က ဧည့်ခံခဲ့သည်။ Jordan Pettitt/WPA Pool/Getty Images(ပုံ)

ဝန်ကြီးချုပ် Keir Starmer နှင့် Trump တို့သည် စက်တင်ဘာလတွင် သမ္မတ၏ နိုင်ငံတော်ခရီးစဉ်အတွင်း “ နည်းပညာကြွယ်ဝချမ်းသာရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ Andrew Caballero-Reynolds/AFP/Getty Images(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 10 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 41 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။