မတ်လ (၁၉)ရက်။
မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတဲ့အခြေအနေကို ပြောဆိုခဲ့ပါတယ်။
နောက်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်တာတွေကို အခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို ဖော်ပြထားပါတယ်။
စစ်တပ်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖိုအပါအဝင် အွန်လိုင်းငွေကြေးလိမ်လည်တာတွေကို ထိထိရောက်ရောက်ဟန့်တားဖိုနဲ့ အဆင့်မြင့်အရာရှိတွေအစည်းအဝေး ကျင်းပဖိုကိစ္စတွေ ဆွေးနွေးခဲ့တယ်လို ရေးသားထားပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင် ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းစစ်ဦးစီးချုပ်နဲ့အတူ ပူးတွဲစစ်ဦးစီးချုပ်နဲ့ ထိုင်းဘုရင့်စစ်တပ်က အဆင့်မြင့်အရာရှိကြီးတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် ကြည်းတပ်စစ်သံမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို သိရပါတယ်။








