မတ်လ (၁၉)ရက်။
PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။
အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့ အခမ်းအနားကို စစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်းမှာ ကျင်းပခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီ PDF အဖွဲဝင်တွေဟာ အမျိုးသား (၄၅၃)ဦးနဲ့ အမျိုးသမီး (၅၃)ဦးတိုဖြစ်ပြီး သေနတ် (၇၈)လက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာလို ဖော်ပြထားကြပါတယ်။
နောက်ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာတွေကို နားလည်တဲ့ PDF တွေ အလင်းဝင်တာ များပြားလာခဲ့တယ်ဆိုပြီး ပြောဆိုထားပါသေးတယ်။
ဒါ့အပြင် အလင်းဝင်လာသူတွေဟာ AA တပ်သားတွေ၊ TNLA တပ်သားတွေနဲ့ MDY-PDF တွေအပြင် အခြား PDF တပ်ဖွဲဝင်တွေ ပါဝင်တယ်ဆိုပြီးလဲ ထုတ်ပြန်ထားကြပါတယ်။
အခုလို PDF တပ်ဖွဲဝင်တွေ အလင်းဝင်လာတာနဲ့ပတ်သက်ပြီး ဘယ်အချိန်၊ ဘယ်နေရာကနေ လာတယ်ဆိုတာကို ထည့်သွင်းပြောဆိုထားတာမရှိသလို ဝါဒဖြန့်သက်သက်သာဖြစ်တယ်လို ပြောဆိုထားကြပါတယ်။
စစ်တပ်ဆီ PDF တပ်ဖွဲဝင်တွေ အလင်းဝင်တယ်ဆိုတဲ့သတင်းအပေါ် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲတွေဘက်ကတော့ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးဘူးလို သိရပါတယ်။













