နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) အား စုံစမ်းစစ်ဆေးသည့် အဖွဲ့၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ရှေ့နေချုပ် ပမ် ဘွန်ဒီကို ဧပြီလ ၁၄ ရက်နေ့တွင် လာရောက် ထွက်ဆိုရန် အင်္ဂါနေ့က သမ္မန်စာ (Subpoena) ထုတ်ဆင့်ခဲ့သည်။

ကိုးမားက သမ္မန်စာ၏ အမှာစာတွင် ၎င်း၏ကော်မတီသည် အက်ပ်စတိန်းနှင့် ဂစ်စလိန်း မက်စ်ဝဲလ် (Ghislaine Maxwell) တို့အပေါ် “ ဖက်ဒရယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများတွင် စီမံခန့်ခွဲမှု မှားယွင်းနိုင်ခြေများ” ကို စုံစမ်းစစ်ဆေးနေကြောင်း ရေးသားခဲ့သည်။

“ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ သူနဲ့ ဆက်နွှယ်သူတွေကို စုံစမ်းစစ်ဆေးရာမှာ တရားရေး ဝန်ကြီးဌာနရဲ့ ကိုင်တွယ်ပုံတွေ၊ ပြီးတော့ ပြီးခဲ့တဲ့နှစ်က လွှတ်တော်က အတည်ပြုခဲ့တဲ့ အက်ပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာမှုအက်ဥပဒေ (Epstein Files Transparency Act) အပေါ် လိုက်နာဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကော်မတီမှာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်” ဟု ကိုးမားက ရေးသားထားသည်။ အဆိုပါဥပဒေမှာ အက်ပ်စတိန်းနှင့် ပတ်သက်သည့် ဖိုင်တွဲများကို တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးရန် လွှတ်တော်က တောင်းဆိုထားသည့် ဥပဒေဖြစ်သည်။

သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ကော်မတီက ရှေ့နေချုပ် ဘွန်ဒီနှင့် ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) တို့သည် ဗုဒ္ဓဟူးနေ့တွင် ကော်မတီဝင်များကို တံခါးပိတ် ရှင်းလင်းတင်ပြရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ လုပ်ငန်းစဉ်ကို သိရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် တရားရေးဝန်ကြီးဌာနသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေလိုက်နာမှု အခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ချက်ချင်းဖြေကြားနိုင်ရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ တရားဝင် ထွက်ဆိုချက်ပေးရန် အချိန်ဇယားဆွဲခြင်းမှာ အချိန်ယူရသောကြောင့် ဖြစ်ကြောင်း သိရသည်။

တရားရေးဝန်ကြီးဌာန (DOJ) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ယခုဆင့်ခေါ်မှုမှာ “ လုံးဝ မလိုအပ်ဘဲ လုပ်ဆောင်ခြင်း” ဟု ခေါ်ဆိုခဲ့သော်လည်း ရှေ့နေချုပ်အနေဖြင့် လိုက်နာခြင်း ရှိ၊ မရှိကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“ ဒီသမ္မန်စာဟာ လုံးဝကို မလိုအပ်တဲ့အရာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားရေးဝန်ကြီးဌာနမှာ ဖုံးကွယ်ထားတာမျိုးမရှိတဲ့ (Unredacted) ဖိုင်တွဲတွေကို ကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားထားပြီးသားဖြစ်သလို၊ ရှေ့နေချုပ်ဟာလည်း လွှတ်တော်အမတ်တွေနဲ့ တိုက်ရိုက်စကားပြောဖို့ အမြဲတမ်း အဆင်သင့်ရှိနေခဲ့တာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ သူမဟာ အက်ပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာမှုအက်ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေနဲ့ ဖုန်းပြောတာ၊ တွေ့ဆုံတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးဌာနက မနက်ဖြန်မှာ ကော်မတီကို ရှင်းလင်းတင်ပြဖို့ ကမ်းလှမ်းခဲ့တာပါ။ အမြဲတမ်းလိုပဲ မူဝါဒချမှတ်သူတွေကို အချက်အလက်တွေ ဆက်လက်ပေးအပ်သွားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးဌာနက ဖိုင်များကို ထုတ်ပြန်ရာတွင် လွှတ်တော်အတွင်း နှစ်ဖက်စလုံးမှ အမတ်များ၏ ကန့်ကွက်မှုကို ကြုံတွေ့နေရသည်။ ဝေဖန်သူများက ထုတ်ပြန်သည့် ဖိုင်တွဲများတွင် အရေးကြီးအချက်အလက်များကို အလွန်အကျွံ ဖုံးကွယ်ထားသည် (Redacted) ဟု ယုံကြည်ကြပြီး ပိုမိုပွင့်လင်းမြင်သာရန် တောင်းဆိုနေကြသည်။

“ ရှေ့နေချုပ်တစ်ဦးအနေနဲ့ သင်ဟာ ဒီအက်ဥပဒေအရ ဖိုင်တွဲတွေကို စုဆောင်းတာ၊ ပြန်လည်စစ်ဆေးတာနဲ့ ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တိုက်ရိုက်တာဝန်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး သင့်မှာ တန်ဖိုးရှိတဲ့ သိမြင် နားလည်မှုတွေ ရှိနေမယ်လို့ ကော်မတီက ယုံကြည်ပါတယ်” ဟု ကိုးမားက ရေးသားခဲ့သည်။

ယခုလုပ်ဆောင်ချက်မှာ Republican ပါတီ ဦးဆောင်သော ကော်မတီက ယခုလ အစောပိုင်း တွင် ဖိုင်များထုတ်ပြန်ရာ၌ သူမ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ထွက်ဆိုရန် ဘွန်ဒီကို ဆင့်ခေါ်ရန် နှစ်ပါတီသဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကော်မတီမှ ဒီမိုကရက်တစ်ပါတီ၏ ထိပ်တန်းအမတ် ရောဘတ် ဂါစီယာ (Robert Garcia) က အင်္ဂါနေ့တွင် ယခုဆင့်ခေါ်မှု ဖြစ်မြောက်လာစေသည့် နှစ်ပါတီပူးပေါင်း ကြိုးပမ်းမှုကို ချီးကျူးခဲ့သည်။

“ ကြီးကြပ်ရေးကော်မတီဝင် ဒီမိုကရက်တွေရဲ့ ညီညွတ်မှုနဲ့ ရီပတ်ဘလီကန် အချို့ရဲ့ ထောက်ခံမှုကြောင့် အခုဆိုရင် ရှေ့နေချုပ်ဟာ ကျွန်တော်တို့ ကော်မတီရှေ့မှာ ကျမ်းကျိန်ပြီး ထွက်ဆိုရတော့မှာပါ။ လိမ်ညာတာတွေ၊ အာရုံလွှဲတာတွေ မရှိစေရတော့ဘူး။ ကျွန်တော်တို့ အမှန်တရားကို လိုချင်ပါတယ်၊ ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှု ကိုလည်း လိုလားပါတယ်” ဟု ဂါစီယာက ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်က အိမ်ဖြူတော် အရှေ့ဘက်ခန်းမတွင် တွေ့ရသော အမေရိကန် ရှေ့နေချုပ် ပမ် ဘွန်ဒီ။ (Alex Wong/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော