နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

မတ်လ (၂၃)ရက်။

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။

ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က YDF တပ်မှူး သမိုင်းအပါအဝင် ရဲဘော် (၈)ဦးကို သေနတ်ပစ်ဖောက်ပြီး လမ်းပေါ်မှာ ဝမ်းလျားမှောက်ခိုင်းကာ မျက်နှာကို ခြေထောက်နဲ့ကန်ပြီး လက်ပြန်ကြိုးတုပ် ပြန်ပေးဆွဲ လုယက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို ဆိုပါတယ်။

YDF အနေနဲ့ ထွက်ပြေးရာဇဝတ်သားတွေကို ချက်ချင်း အရေးယူအပြစ်ပေးဖို အင်အားရှိပေမယ့် မသက်ဆိုင်တဲ့ ငယ်သားတွေ မထိခိုက်စေဖိုနဲ့ ဒေသထဲ ပဋိပက္ခတွေ မ‌ဖြစ်စေဖို ညှင်သာတဲ့နည်းလမ်းနဲ့သာ အရေးယူခဲ့တယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး တပ်ရဲ့ စည်းမျဉ်းမူဝါဒမှာ ရာဇဝတ်သားတွေနဲ့ ညှိနှိင်းတဲ့မူ မရှိပေမယ့် ညှိနှိင်းပေါင်းစပ်တဲ့ကိစ္စကိုသာ ရွေးချယ်ကာ ဒေသထဲ တော်လှန်ရေးအဖွဲတွေ ပါဝင်တဲ့ ညှိနှိင်းပေါင်းစပ် စကားပြောဆိုတာကို ဆောင်ရွက်ခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင် MOD ရဲ့ မကွေးတိုင်းကွပ်ကဲရေးမှူး၊ SRA နဲ့ YA တိုရဲ့ တာဝန်ခံတွေ ပါဝင်တဲ့ ညှိနှိင်းပြောဆိုတာကိုလဲ (၃)ကြိမ်ထက်မနဲ ဆောင်ရွက်ခဲ့ကာ တပ်မှူး သမိုင်းနဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ တခြားပစ္စည်းတွေကို ယူဆောင်ထားခဲ့တယ်လို ဆိုပါတယ်။

ဒီလိုညှိနှိင်းတဲ့အခါမှာ ညှိနှိင်းတဲ့ကာလထဲ ပြန်ပေးဆွဲဖမ်းဆီးလုယက်တာတွေ ထပ်မကျူးလွန်ဖို ကတိပြုထားပေမယ့် မနေ့က နေ့လယ် (၃)နာရီခွဲအချိန်မှာ ရာဇဝတ်သား ကောင်းကောင်း ဦးဆောင်တဲ့ အင်အား (၈)ဦးခန့်ဟာ တာဝန်နဲ့သွားလာတဲ့ YDF ရဲဘော် (၂)ဦးကို ပြန်ပေးဆွဲပြီး ညောင်လယ်ရွာ စတားလင့်ဆိုင်ဆီ ခေါ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ညနေ (၄)နာရီအချိန်မှာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ရဲဘော် (၁)ဦးဟာ စတားလင့်ဆိုင်မှာ ပြည်သူတွေနဲ့အတူ ကျန်ရစ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ကျန်တဦးကတော့ အခုအချိန်အထိ ပြန်မလွတ်လာသေးဘူးလို ဆိုပါတယ်။

ဒါ့ကြောင့် ရာဇဝတ်သားတွေအပါအဝင် သူတိုနဲ့အတူပါဝင်တဲ့ ငယ်သားတွေအနေနဲ့ နီးစပ်ရာ YDF ရဲ့ အခြေစိုက်စခန်းတွေဆီ သတင်းပေးပိုကာ တပ်ပိုင်လက်နက်ခဲယမ်းပစ္စည်းတွေကို ပြန်လည်လွှပြောင်းနိုင်အောင် ပူးပေါင်းဖို အသိပေးထားပါတယ်။

အဲ့ဒီရာဇဝတ်သားတွေဆီ ရောက်ရှိနေတဲ့ ငယ်သားတွေကိုလဲ မိသားစုဝင်တွေနဲ့ မိဘတွေက သားသမီးတွေကို YDF ဆီ အသိပေးအကြောင်းကြားပြီး ခေါ်ဆောင်ထားဖိုနဲ့ ဒီလိုမဟုတ်ဘဲ ဆက်လက်ခုခံနေရင် အရေးယူတဲ့အခါ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 32 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ‌သောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင်