မတ်လ (၂၆)ရက်။
မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ခုနှစ် မတ်လ (၅)ရက်မှာ စတင်ပြောင်းလဲခဲ့တာလို ဆိုပါတယ်။
ဒီကနေ့အချိန်မှာတော့ NLA ဟာ PDF တပ်ရင်းတွေအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေပြီဖြစ်တယ်လို ဖော်ပြထားပါတယ်။
အခုလို ကွပ်ကဲမှုခံယူတဲ့ အခမ်းအနားမှာ PDF အလံတော်ကို အလေးပြုတာနဲ့ PDF ဘက်တံဆိပ်တွေ အပ်နှင်းတပ်ဆင်တာ အစရှိတဲ့ အခမ်းအနားအစီအစဉ်တွေ ကျင်းပခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၆)ရက်နေ့က အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ရဲ့ အရာရှိအပါအဝင် (၅)ဦးကို PDF တွေက ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီလိုဖမ်းဆီးတာဟာ အမှတ်(၁)စစ်ဒေသရဲ့ ညွှန်ကြားတာကြောင့်လို သိရပြီး အသေးစိတ်ကိုတော့ အခုအချိန်အထိ သက်ဆိုင်ရာတပ်တွေဘက်က ထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် NLA ဟာ တပ်ဖွဲ (၁၉)ခုနဲ့ ၂၀၂၅ခုနှစ် နိုဝင်ဘာလမှာ တပ်ပေါင်းစုအနေနဲ့ ဖွဲစည်းခဲ့တဲ့ SRA အဖွဲဝင်ဖြစ်ပါတယ်။
MOD အနေနဲ့ ကွပ်ကဲမှုအောက် မရောက်သေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲတွေကို ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ဖိုနဲ့ တပ်ရင်း၊ တပ်ဖွဲတွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို အမြဲကြိုဆိုနေတယ်လို ပြောဆိုထားချက်အရ သိရပါတယ်။













