CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်
သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။
“ အီရန်အစိုးရရဲ့ တောင်းဆိုချက်အရ၊ ကျွန်တော်ဟာ စွမ်းအင်စက်ရုံများ ဖျက်ဆီးမည့် ကာလ ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် တနင်္လာနေ့၊ အရှေ့ဘက်စံတော်ချိန် ည ၈ နာရီအထိ ၁၀ ရက် တိတိ ရပ်တန့်ထားမှာဖြစ်ကြောင်း ဒီထုတ်ပြန်ချက်နဲ့ အသိပေးအပ်ပါတယ်။ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သတင်းတုမီဒီယာတွေနဲ့ တခြားသူတွေရဲ့ ဆန့်ကျင်ဘက် မှားယွင်းဖော်ပြချက်တွေရှိနေပေမဲ့ ဆွေးနွေးမှုတွေဟာ အလွန်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု သမ္မတက Truth Social တွင် ပြောကြားခဲ့သည်။
လက်ရှိကျင့်သုံးနေသည့် ဆိုင်းငံ့မှုသည် သောကြာနေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ် ထားခြင်းဖြစ်သည်။ သမ္မတ၏ ပို့စ်သည် ယနေ့မွန်းလွဲပိုင်း ဈေးကွက်များ ပိတ်ပြီးနောက် မကြာမီတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် Cabinet Room တွင် ကြာသပတေးနေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး၌ သမ္မတ ဒေါ်နယ်ထရမ့် စကားပြောကြားနေစဉ်။ Chip Somodevilla/Getty Images (ပုံ)







