မတ်လ (၂၈)ရက်။
မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပျူစောထီး မောင်ဆန်းကို Black Tiger ပြောက်ကျားအဖွဲရဲဘော်တွေက သူ့ရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးချိန် အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီလို ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ပျူစောထီး မောင်ဆန်းဟာ ကျည်ထိမှန် သေဆုံးခဲ့ပြီး သူနဲ့အတူ ထွက်ပြေးတဲ့ ပျူစောထီးခေါင်းဆောင်တဦး လွတ်မြောက်သွားခဲ့တယ်လို ဖော်ပြထားပါတယ်။
သူဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီလပိုင်းက CDM သူနာပြုဆရာမ မမေဇွန်မိုးကို တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)တပ်ရင်းက စစ်ကောင်စီတပ်တွေနဲ့အတူ မုဒိန်းကျင့် သတ်ဖြတ်တာမှာ ကျူးလွန်ခဲ့သူလို ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကို မမှန်သတင်းပေးပြီး စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ လူငယ်တွေကို စစ်တပ်နဲ့အတူ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကြောင့် အခုလို အရေးယူရတာလို ပြောဆိုထားပါတယ်။
တပ်ဖွဲအနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲတွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စုအပြင် သူတိုရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သူတိုအနီး သွားလာနေထိုင်တာ မလုပ်ဖို အသိပေးထားတယ်လိုလဲ သိရပါတယ်။








