နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

မတ်လ (၃၁)ရက်။

မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။

မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တာကို ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်နဲ့ အဖွဲ့တွေအားလုံး သိရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြို့နယ်ထဲနဲ့ တခြားထိစပ်မြို့နယ်တွေမှာ မလိုလားအပ်တဲ့ အကြောင်းအရာတွေ ဖြစ်ပွားနေတာကြောင့် လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီစစ်ကြောင်း ဒါမှမဟုတ် လှုပ်ရှားမှုတစုံတရာ မကြားရဘဲ လက်နက်ကိုင်သွားလာတာ မလုပ်ဖို့နဲ့ စစ်ဆေးရင် ကြည်ဖြူစွာ လက်ခံပြီး လိပ်စာအပြည့်အစုံ စာရင်းပေးသွင်းဖို့ ဖြစ်ပါတယ်။

နောက်ပြီး ထိစပ်မြို့နယ်တွေကနေ သွားလာသယ်ဆောင်နေတဲ့ လက်နက်ခဲယမ်းတွေကို စစ်ဆေးရေးအဖွဲ့ ဘယ်သူမဆို ကြည်ဖြူစွာ လက်ခံဖို့နဲ့ ပြေပြစ်ချေငံတဲ့သဘောမရှိရင် ပစ်ခတ်တိုက်ခိုက်မယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှုနဲ့ လှုပ်ရှားမှုလမ်းကြောင်းတွေကို ဒေသထဲအာဏာပိုင်တွေဆီ သတင်းမပို့ဘဲ ဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ လိုအပ်ရင် အချက်အချာကျတဲ့ လမ်းပိုင်းတွေကို မိုင်းတခုမကျန် ချိတ်ဆက်ပြီး ပျက်စီးအောင် အသုံးပြုဖို့ အကြောင်းကြားထားပါတယ်။

အခုလို ထုတ်ပြန်တဲ့စာကို မလိုက်နာရင် ကျန်ကိစ္စတွေကို တာဝန်ယူ ဖြေရှင်းမှာမဟုတ်ဘဲ အကြောင်းကြားစာ ထုတ်ပြန်တဲ့နေ့ကစပြီး အတည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအကြောင်းကြားစာထဲ မြိုနယ်ထဲရှိ ကျေးရွာတွေကလဲ တပ်တည်၊ တပ်ဖြန့် လှုပ်ရှားပုံဆောင်ရွက်ပြီး စစ်ဆေးရေးဂိတ်တွေ ပြန်လည်ဆောင်ရွက်ဖို့ကိုလဲ အတည်ပြုထားပါတယ်။

မြိုင်မြိုနယ်ပကဖဟာ လက်နက်ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ဖြတ်သန်း သွားလာ ခွင့်တောင်းခံဖို့ အကြောင်းကြားထားကာ လက်နက်၊ခဲယမ်း ဝယ်ယူ/ရောင်းချတာတွေကို အသေးစိတ်စစ်ဆေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို စစ်ဆေးတဲ့အခါ လုံလောက်တဲ့ သက်သေအထောက်အထား မပြနိုင်ရင် ဖမ်းဆီးချုပ်နှောင်တာနဲ့ အပြစ်ပေးအရေးယူမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 10 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 16 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 131 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 26 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 23 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 19 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 20 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်