မတ်လ (၃၁)ရက်။
ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။
မဲခွဲရွေးချယ်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က (၂၄၇)မဲနဲ့ အများဆုံးရရှိပြီး တစညပါတီက နာမည်စာရင်းတင်သွင်းတဲ့ ဒေါက်တာကျော်ဆွေက ဆန္ဒမဲ (၁၀)မဲသာ ရရှိခဲ့တာပါ။
အခုလို မဲအများဆုံးရရှိခဲ့တဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒုသမ္မတ ဖြစ်လာတာပါ။
မကြာမီ ပြည်သူ့လွှတ်တော်က မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က နန်းနီနီအေးနဲ့ စစ်တပ်အစုအဖွဲက မြတ်ဟိန်းတို့ကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးပြီး သမ္မတရွေးချယ်သွားမှာဖြစ်ပါတယ်။
သမ္မတလုပ်ဖို ရာနှုန်းပြည့် ကျိန်းသေနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တပ်ချုပ်ရာထူးကို လူယုံတဦးဖြစ်တဲ့ ရဲဝင်းဦးကို မနေ့က နေပြည်တော်မှာ အခမ်းအနားနဲ့ လွှဲအပ်ခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။








