ဧပြီလ (၁)ရက်။
ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။
ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။
အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲကြား အကြေအလည် ဆွေးနွေးညှိနှိင်းရမယ့်ကိစ္စလို ဖော်ပြထားပါတယ်။
ဒီလိုအကြေအလည် ဆွေးနွေးညှိနှိင်းတာတွေ မလုပ်နိုင်ရင် အောက်ခြေမှာ ရေတိုပဋိပက္ခမကဘဲ ရေရှည် လက်နက်ကိုင်ပဋ်ပက္ခအသွင်ဆောင်ဖို တာဆူနိုင်တာကြောင့် သက်ဆိုင်ရာ ဦးဆောင်အဖွဲတွေအချင်းချင်း အမြောင်အမြင်ရှိရှိ စကားဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို တိုက်တွန်းထားပါတယ်။
နောက်ပြီး ညီညွတ်ရေးကို ရှေ့ရှုကာ စကားဝိုင်းမှာ ဆွေးနွေးအဖြေရှာရမယ့်ကိစ္စကို အောက်ခြေညီညွတ်ရေး ပျက်ပြားစေနိုင်တာကိုတောင် ဂရုမစိုက်ဘဲ လက်နက်နဲ့ ကြိုးပမ်းအဖြေရှာသူတွေကို ကန့်ကွက်တယ်လို ပြောဆိုထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခုဖြစခ်စဉ်နဲ့ပတ်သက်ပြီး NUG၊ NUCC၊ CRPH၊ CRMH၊ MOD နဲ့ MFUIG တိုထံလဲ အိတ်ဖွင့်ပေးစာ ပေးပိုထားပြီး ဒေသထဲ တော်လှန်အကျိုးနဲ့ ညီညွတ်အားကောင်းဖိုကို ရှေ့ရှုကာ လျင်မြန်စွာ ဆွေးနွေးညှိနှိင်းအဖြေရှာဖို ထပ်မံတိုက်တွန်းထားတယ်လို သိရပါတယ်။









