နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖဲဝိုင်းအတွင်း လက်ပစ်ဗုံးကျရောက် ပေါက်ကွဲ၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် စခန်းတစ်ခုတွင် စစ်ကောင်စီအဖွဲ့ဝင် နယ်ခြားစောင့် တပ်သားအချင်း ချင်း ကစားနေခိုက် တစ်ဦးနှင့်တစ်ဦး အချင်းများရန်ဖြစ်ခဲ့ရာ တပ်ကြပ်တစ်ဦးက ဖဲဝိုင်း အတွင်းသို့ လက်ပစ်ဗုံး ပစ်ထည့်လိုက်သောကြောင့် နယ်ခြားစောင့် နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း ယင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ် ဒုံးညိုနယ်ခြားစောင်စခန်းမှ ဒုတပ်ကြပ် သက်ပိုင်းထွန်းနှင့် ဒုတပ်ကြပ် လင်းလင်း တို့ဖြစ်ကြောင်း၊ ဖဲကစားနေစဉ် သူတို့အချင်းချင်း စကားများရန်ဖြစ်ရာမှ ဒုတပ်ကြပ် လင်းလင်း က ဖဲဝိုင်းအတွင်း လက်ပစ်ဗုံး ပစ်ထည့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


” သေတာတော့ ဟုတ်တယ်ဗျ။ ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူးလေ။ နှစ်ယောက်တော့ သေတယ်။ ဒဏ်ရာရတဲ့သူကတော့ ငါးယောက်လောက်ပါ။ ဖြစ်တာက ၆ ရက်နေ့ကဖြစ်ကြတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူ နှစ်ဦးအနက် ဒုတပ်ကြပ် သက်ပိုင်းထွန်းမှာ လည်ပင်း၊ ရင်ဘတ်နှင့် မျက်နှာတို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဒုတပ်ကြပ် လင်းလင်းတွင် ခြေထောက် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသွားသူများအနေဖြင့် မောင်တောဆေးရုံနှင့် ဘူးသီးတောင်ဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 9 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့
မြန်မာသတင်း

TNLA ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ အစွမ်းကုန်ကာကွယ်မယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 19 Views
‌နိုဝင်ဘာလ (၄)ရက်။ တအာင်းတပ်(TNLA)ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းနဲ့ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူ-ရေစကြိုလမ်းမမှာ ကားတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 16 Views
‌နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သားကို ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပြင်သစ်သမ္မတရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာ သားဖြစ်သူ ကိုထိန်လင်း လက်ခံရရှိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 15 Views
‌နိုဝင်ဘာလ (၄)ရက်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို သားဖြစ်သူ ကိုထိန်လင်းက လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ခရစ္စတန် လရှယ်ဗီနဲ့
မြန်မာသတင်း

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်ကို ဆုတ်ဖြဲတာနဲ့ ရွေး/ကော်အဖွဲ့ဝင်တွေကို ထိုးကြိတ်ခဲ့သူအပါအဝင် (၇)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 12 Views
‌နိုဝင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူတွေဆိုပြီး အရပ်သားပြည်သူ (၇)ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နေသူတဦးနဲ့ ပုသိမ်မြို့နေသူတဦး၊ ဘားအံမြို့နေသူ (၂)ဦး၊ ရန်ကုန်တိုင်း ဒလမြို့နေသူတဦးနဲ့ ကမာရွတ်မြို့နေသူတဦးအပြင်
မြန်မာသတင်း

အပစ်ရပ်ကာလ တအာင်းဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားနိုင်ဖို့ ဦးစားပေးဆောင်ရွက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 30 Views
‌နိုဝင်ဘာလ (၃)ရက်။ အပစ်ရပ်ကာလမှာ တအာင်းပြည်ရဲ့ ဒေသထဲ တည်ငြိမ်ဖို့နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအပစ်ရပ်ကာလမှာ ခရီးသွားပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်မြို့ရွာကို လွတ်လပ်စွာ ခရီးသွားလာနိုင်တယ်လို့
မြန်မာသတင်း

မြဝတီရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 29 Views
နိုဝင်ဘာလ (၃)ရက်။ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုပြီး စစ်ကော်မရှင်တပ်ဟာ  မြဝတီမြို့ရှိ ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြဝတီက ရသေ့ဂူရွာ၊ မင်းလက်ပံရွာနဲ့ ဖလူးရွာတွေကို စကမကနေပြီး
မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 45 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနက် (၇)နာရီလောက် ဒီမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာကော အသေခံဒရုန်းနဲ့ကော ရှေ့ဆင့်နောက်ဆင့် ဗုံးလာကြဲသွားတာ။