နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁.၅ ထရီလီယံ ရှာဖွေနေသည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ စီမံကိန်းမူကြမ်းသည် အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ်ကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၄၀% ထက်မက တိုးမြှင့်သွားမည်ဖြစ်သည်။ ၎င်းသည် ခဲယမ်းမီးကျောက်များ ပိုမိုဝယ်ယူရန်နှင့် အမေရိကန်ရေတပ် အုပ်စုကို တိုးချဲ့တည်ဆောက်ရန် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်သလို၊ သမ္မတ ဒေါ်နယ်ထရန့် စီစဉ်ထားသည့် “Golden Dome” ဒုံးခွဲကာကွယ်ရေးစနစ် တည်ဆောက်ရေး ကိုလည်း စတင်နိုင်မည်ဖြစ်သည်။

အစိုးရမှ ကာကွယ်ရေးဘတ်ဂျက်တွင် ထပ်မံဖြည့်စွက်လိုသော ဒေါ်လာ ၄၄၅ ဘီလီယံအနက် ဒေါ်လာ ၃၅၀ ဘီလီယံကို အထက်လွှတ်တော်တွင် မဲအများစုဖြင့်သာ အတည်ပြုနိုင်သည့် နည်းဗျူဟာကို အသုံးပြု၍ ရီပတ်ဘလီကန်များက အတည်ပြုရန် စီစဉ်ထားသော လာမည့် ဥပဒေကြမ်း၏ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ရန် အိမ်ဖြူတော်က အဆိုပြုထားသည်။

သမိုင်းဝင် ကာကွယ်ရေးအသုံးစရိတ် အဆင့်များသည် အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲနှင့် ကမ္ဘာတဝှမ်းရှိ အခြားသော တင်းမာနေသည့် ပဋိပက္ခများအကြား ထွက်ပေါ်လာခြင်းဖြစ်သည်။ နီးကပ်သော ရက်သတ္တပတ်များအတွင်း အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲများကို ရပ်တန့်ရန် စီစဉ်ထားကြောင်း ထရန့်က အကြိမ်ကြိမ် ကတိပေးထား သော်လည်း၊ အိမ်ဖြူတော်အနေဖြင့် အာရုံစိုက်မှုနှင့် အရင်းအမြစ်များကို အခြားနေရာများသို့ ရွှေ့ပြောင်းရန် စိတ်ဝင်စားမှု မရှိကြောင်း ယင်းက ဖော်ပြနေသည်။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ ဘတ်ဂျက်အဆိုပြုချက်သည် ကာကွယ်ရေးမဟုတ်သော အသုံးစရိတ်များကို ၁၀% (ဒေါ်လာ ၇၃ ဘီလီယံ) လျှော့ချရန် ကြိုးပမ်းနေသည်။ ယင်းလျှော့ချ မှုသည် အစိုးရမှ “woke” ဟု ကဲ့ရဲ့ရှုံ့ချလေ့ရှိသော အိမ်ရာဖော်ဆောင်ရေး၊ လူမှုဝန်ဆောင်မှု များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ပြည်တွင်းအစီအစဉ်များအပေါ် အဓိက သက်ရောက်မည်ဖြစ်သည်။

နှစ်စဉ် အိမ်ဖြူတော်ဘတ်ဂျက်သည် အစိုးရ၏ “အလိုရှိရာစာရင်း” သာဖြစ်ပြီး အစိုးရ အသုံးစရိတ်အပေါ် ထိန်းချုပ်ခွင့်ရှိသော လွှတ်တော်က ယင်းစီမံကိန်းများကို အပြည့်အဝ အတည်ပြုလေ့မရှိဘဲ အတိတ်ကာလများတွင်လည်း အစိုးရ၏ မူကြမ်းအများအပြားကို လျစ်လျူရှုခဲ့ဖူးသည်။

အိမ်ဖြူတော်၏ ဘတ်ဂျက်အဆိုပြုချက်တွင် လူဝင်မှုကြီးကြပ်ရေး အင်အားတိုးချဲ့ရန်၊ အရေးကြီးသော တွင်းထွက်သယံဇာတများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဝါရှင်တန်ဒီစီကို သာယာလှပအောင် ပြုပြင်ရန် အသုံးစရိတ်များလည်း ပါဝင်သည်။ ယင်းတို့မှာ ထရန့် ရုံးခန်းသို့ ပြန်လည်ရောက်ရှိသည့် ပထမနှစ်အတွင်း အထူးအာရုံစိုက်ခဲ့သော နယ်ပယ် များဖြစ်သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ Oceanside ရှိ ပင်ဒယ်တန်စစ်စခန်း(Camp Pendleton) ၏ ကမ်းခြေနီ(Red Beach) တွင် ကျင်းပသော အမေရိကန်မရိမ်းတပ် ၂၅၀( America’s Marines 250) အခမ်းအနား၌ ရေတပ်၏ ကမ်းတက်လေအိတ်အောက်ခံသင်္ဘော (Landing Craft Air Cushion) များ ကမ်းခြေပေါ်သို့ စက်ကိရိယာများ ချပေးနေစဉ် အပေါ်ယံ၌ အမေရိကန် မရိန်းတပ်ဖွဲ့၏ V-22 Ospreys နှင့် CH-53 Super Stallions ရဟတ်ယာဉ်များ ပျံသန်းနေစဉ်။

Mario Tama/Getty Images/ဖိုင်ဓာတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး