နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့

ဧပြီလ (၈)ရက်။

ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အား (၂၀၀)ခန့်နဲ့ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈)မိုင်အနီးကို စစ်ကြောင်းထိုးဝင်လာပြီး မိုင်တိုင်အမှတ် (၁)မိုင်ခွဲ နေရာကို အခြေပြုကာ ခံစစ်ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် စစ်ကာင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေနဲ့ အခြေပြု တပ်စွဲထားတဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ မီးသတ်ဌာန၊ ရဲစခန်း၊ တောင်ပါ်ဘုန်းကြီးကျာင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနဲ့ ဘန်ဂလားတာဝါတိုင် စတဲ့နေရာတွေကို ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မတ်လ (၂၂)ရက်နေ့ကနေ ဧပြီလ (၂)ရက်နေ့အထိ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် (၁၀)ထက်မနည်းသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတာတွေကြောင့် ဘုတ်ပြင်းမြို့ရှိ စစ်တပ်ဆေးရုံကို ပို့ဆောင်ခဲ့ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်တာကို KNLA အမှတ် (၂၀၃) တပ်ရင်းက ဦးဆောင်ပြီး မြိတ်ခရိုင် အမှတ်(၂)တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပကဖ၊ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးဌာနကြီး(SSTF DRONE FORCE)နဲ့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့သာ သက်ဆိုင်ပြီး ဒေသခံပြည်သူလူထုနဲ့ လုံးဝ(လုံးဝ)မသက်ဆိုင်ဘူးလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 16 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 15 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 14 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ
မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 40 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ KIO တောင်ပိုင်း တပ်ရင်းတွေကို သွားရောက်စစ်ဆေးတာရှိပါတယ်။ အဲ့ဒီမှာ နမ့်ဖက်ကာရွာက ဒေသခံတွေ
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 32 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့ရာ ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ လင်မယား
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 33 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 25 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 34 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့