ဧပြီလ (၁၁)ရက်။
သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဲ့ဒီရက်တွေထဲ ဘယ်ယာဉ်အမျိုးအစားကိုမှ ဖြတ်သန်းသွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
ဒီလို သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက်ကို လိုက်နာတာမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ဒါပေမယ့် ကန့်သတ်ချက်ထုတ်ပြန်တာမှာ အရေးပေါ် ကျန်းမာရေးကိစ္စတွေရှိရင် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ကြိုတင်ချိတ်ဆက်ပြီး ခွင့်ပြုချက်နဲ့ ဖြတ်သန်းနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








