ဧပြီလ (၁၁)ရက်။
မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စခတွေဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်” လို့ ဆိုပါတယ်။
ငဖဲ-စေတုတ္တရာလမ်းမပေါ်မှာ စစ်တပ်က အင်အား (၃၀)ကျော်နဲ့ တပ်စွဲထားတဲ့ ကင်ပွန်းခြုံရွာဂိတ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ (၂)နာရီခွဲ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က (၈)ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဆီကနေ MA-1 (၁)လက်၊ ကာဘိုင်အမျိုးအစား (၂)လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်တပ်ဂိတ်စခန်းကို CDF-Asho ၊ လူ့ဘောင်သစ်တပ်မတော်(NSA)၊ PRA-Magway နဲ့ မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။










