နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေး အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူး၊ ပြည်သူကိုလက်တွေ့လုပ်ရပ်နဲ့ သက်သေပြမယ် ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား၊ NUG အစိုးရအနေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ နိုင်ငံရေးအမှားတွေကို သင်ခန်းစာယူ ဆောင်ရွက်ကြရမှာဖြစ်

NUG ယာယီသမ္မတ ဒူဝါလရှီးလ

အမျိုးသားညီညွတ်ရေး အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူး ၊ ပြည်သူကို လက်တွေ့လုပ်ရပ်နဲ့ သက်သေပြမယ် ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ကြောင်းသိရသည်။ ယနေ့ ဇန်နဝါရီ (၁၀) ရက်တွင် ကျင်းပခဲ့သည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက “ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်´´ဟု ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ်။

၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ကြောင်း NUG အစိုးရအနေနဲ့ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူကာ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း လေးလေးနက်နက်တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယာယီသမ္မတက ၂၀၂၃ ခုနှစ် သည် တော်လှန်ရေးအတွက် တဆစ်ချိုးအပြောင်းအလဲ တွေရှိလာမယ့် နှစ် ဟု ယုံကြည်ထားကြောင်း ၊ ဒီလိုကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ် စစ်ရေး အရ ပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်းမြင်တွေ့ရကြောင်း စသည် ဖြင့် ပြောကြားသည်။

ယာယီသမ္မတက ဆက်လက်ပြောကြားသည်မှာ “ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သော အစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေး အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာတွေ့ရလို့ကျွန်တော့်အနေနဲ့အားတက်ရပါတယ်” ဟု ပြောကြားခဲ့သည်။

ဒါ့အပြင်စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့ လိုအပ်သလို စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ် ဆောင်ဖို့ရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

“ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက်မသွင်းနိုင်ရင် အဲဒီနေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက် မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေရှိသလို၊မြေပြင်မှာလည်း လက်တွေ့လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်” လို့ ယာယီသမ္မတက ပြောကြားခဲ့သည်။

Lay Pyay/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနက်က ကန်တာကားတစ်စီးနဲ့ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 4 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို
မြန်မာသတင်း

ကျွန်းလှမြို့ထဲ စစ်ကောင်စီက (၃)ရက်ဆက်တိုက် မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဒေသခံ (၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၀)ရက်နေ့ကစပြီး (၂၂)ရက်နေ့အထိ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့တာ၊ လေကြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတို့ ပြုလုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်‌တွေ အစည်းအဝေး စစ်ကောင်စီတက်ရောက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ နိုဝင်ဘာလ (၂၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ကိုယ်စား စစ်ကောင်စီရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 2 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီ (၄၈)မိနစ်အချိန်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောအခြေစိုက်တပ်စခန်းဟာ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နဲ့