နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက်

အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။

အီရန်နှင့် အမေရိကန်

အီရန်နှင့် အမေရိကန်အကြား နှစ်ပတ်ကြာပြုလုပ်သည့် ဤအပစ်အခပ်ရပ်စဲရေးသည် ဗုဒ္ဓဟူးနေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ အိုမန်ပင်လယ်ကွေ့အတွင်း အီရန်အလံ လွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်ရေတပ်က ပစ်ခတ်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီးနောက် အမေရိကန်ဘက်က “ အပစ်အခပ်ရပ်စဲရေးကို ချိုးဖောက်သည်” ဟု အီရန်စစ်ဌာနချုပ်က စွပ်စွဲခဲ့သည်။ ယနေ့ ပါကစ္စတန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယ အကျော့ ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ခြင်း ရှိ၊ မရှိမှာ မသေချာသေးပေ။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒုသမ္မတဂျေဒီဗန့်( JD Vance) က ဦးဆောင်ပြီး အီရန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဆွေးနွေးပွဲသို့ တက်ရောက်ရန် “ အစီအစဉ်မရှိ” ကြောင်း ပြောကြားထားသည်။

လက်ဘနွန်နှင့် အစ္စရေး

ဧပြီလ ၁၆ ရက် သောကြာနေ့က စတင်သက်ရောက်ခဲ့ပြီး ဆယ်ရက်ကြာမည့် ဤအပစ်အခပ် ရပ်စဲရေးကို လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်းန် (Joseph Aoun) နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံနှစ်ခုလုံးက အမေရိကန် အနေဖြင့် တိုက်ရိုက်ဆွေးနွေးမှုများကို ဆက်လက်ကူညီပေးရန် တောင်းဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသေးစိတ်အချက်အလက်များအရ လက်ဘနွန် အနေဖြင့် ဟစ်ဇ်ဘိုလာနှင့် အခြားသော “ လက်နက်ကိုင်အဖွဲ့များ” က အစ္စရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းမှ တားဆီးရန် “ ထိရောက်သော အရေးယူဆောင်ရွက်မှုများ” ပြုလုပ်ရမည် ဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ပါဝင်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သော်လည်း “ အစ္စရေး တပ်ဖွဲ့များ လွတ်လပ်စွာ လှုပ်ရှားခွင့်မရှိစေရ” ဟူသော အချက်ပါဝင်ရမည်ဟု ဆိုသည်။

၁၀ ရက်ကြာ အပစ်ရပ်စဲရေးအတွင်း ပျက်စီးဆုံးရှုံးမှုများကြားမှ လက်ဘနွန်ပြည်သူများ သွားလာနေကြပုံ

အစ္စရေးနှင့် လက်ဘနွန်တို့၏ ၁၀ ရက်ကြာ အပစ်အခပ်ရပ်စဲရေး ကြေညာချက်ထွက်ပေါ် အျိုလာပြီးနောက် အပတ်စဉ်ပိတ်ရက်အတွင်း လက်ဘနွန်တောင်ပိုင်းရှိ ၎င်းတို့၏ နေအိမ်များသို့ “ လူအမြောက်အမြား” ပြန်လာခဲ့ကြကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာ (Tom Fletcher) က Today အစီအစဉ်သို့ ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော ဓာတ်ပုံများတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကြားမှ လူများ သွားလာ နေကြသည်ကို တွေ့ရသည်။

အပစ်အခပ်ရပ်စဲရေးအတွင်း ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ပျက်စီးနေသော အဆောက်အအုံများဘေးမှ အမျိုးသမီးတစ်ဦး လမ်းလျှောက်နေစဉ် (ပုံ)

တနင်္ဂနွေနေ့က လက်ဘနွန်တောင်ပိုင်း တိုင်ဖဲလ်ဆေး (Tayr Felsay) ရှိ ပျက်စီးသွားသော တံတားတစ်စင်းပေါ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ လမ်းလျှောက်နေစဉ် (ပုံ)

တနင်္ဂနွေနေ့က လက်ဘနွန်နိုင်ငံ ဇရာရီယေး (Zrarieh) ရှိ ပျက်စီးနေသော တံတားတစ်ခုပေါ်သို့ ဆိုင်ကယ်တစ်စီးအား တွန်းတင်နေစဉ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ