နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ တိုက်လေယာဥ် တနေကုန်ပျံဝဲနေ၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စု လအိကျေးရွာအနီးတဝိုက်တွင် ဇန်နဝါရီ (၁၀)ရက် မနက် ၈ နာရီခန်က စတင်ကာ ညနေပိုင်းအထိ စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး ပျံဝဲနေသည့်အတွက် ဒေသခံတွေ ထိတ်လန့်နေရကြောင်း ကရင်နီပြည်နယ် လူငယ်အဖွဲ့ထံကသိရသည်။

Photo: Union of Karenni State Youth

စစ်ကောင်စီတိုက်လေယာဉ်ဟာ မနက်ပိုင်းမှာတစ်ကြိမ် နေ့လယ်ပိုင်းတစ်ကြိမ်နဲ့ ညနေပိုင်းမှာ တစ်ကြိမ် ပျံဝဲနေသည့်အ တွက် စာသင်နေသည့် ကလေး ၅၀ကျော်လည်း အထိတ်တလန့် ဖြင့်နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Photo: Union of Karenni State Youth

ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ လအိကျေးရွာ အနီးတဝိုက်မှာ မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းက စစ်ဘေးတိမ်းရှောင် နေရသူ ၂၀၀၀ ခန့် နေထိုင်နေကြကြောင်းသိရသည်။

Photo: Union of Karenni State Youth

စစ်ကောင်စီတပ်က ဖယ်ခုံမြို့ နယ်အပြင် မိုးဗြဲမြို့နယ်အတွင်းမှာလည်း လေကြောင်းထောက်လှမ်းမှုတွေ လုပ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးကပြောကြားထားသည်။

Photo: Union of Karenni State Youth

LayPyay/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 16 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 106 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 20 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 25 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ
မြန်မာသတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အတည်ပြုခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 23 Views
ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း ဧပြီလ (၁၀)ရက်။ တော်လှန်ရေးကာ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တရားဝင် အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဋိညာဉ်မူကြမ်းကို (၂)နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့ပြီး
မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 38 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းက အင်အား
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 27 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖက်ပင်အိုင်ရွာကို ဧပြီလ (၁)ရက်ကနေ (၄)ရက်နေ့အထိ စစ်အုပ်စုနဲ့ ပျူစောထီးတို့ဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 32 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ