နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့် လူအများ၏အာရုံမှာ တီဟီရန်သို့ ရောက်ရှိနေသည်။

အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုများကို “ ဖုန်းဖြင့်” သာ လုပ်ဆောင်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပထမအကျော့ လူချင်းတွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့ပြီး၊ ဒုတိယအကျော့မှာလည်း ဖျက်သိမ်းခဲ့ရသောကြောင့် အစ္စလာမ္မာဘတ်သို့ ၁၈ နာရီကြာ လေယာဉ်စီးရသည့် ခရီးစဉ်များကို “ ဆက်မသွားတော့ဘဲ” ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မည်သည့်အဆိုပြုချက်အပေါ်မဆို အီရန်၏ ၏ တုံ့ပြန်မှုသည် ၎င်းတို့၏ နူကလီးယား အစီအစဉ် အပေါ် မည်မျှအထိ လိုက်လျောမည်ဆိုသည့်အပေါ် မူတည်ကြောင်း ထရမ့်က ဆိုပြီး “ နူကလီးယားလက်နက် လုံးဝမရှိစေရဘူးဆိုတာကို သူတို့သဘောမတူသရွေ့ ဘယ်တော့မှ သဘောတူညီချက်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

မှတ်ချက်။ ထရမ့်က ပယ်ချခဲ့သော အီရန်၏ ယခင်အဆိုပြုချက်တွင် စစ်ပွဲကို အရင် အဆုံးသတ်ရန် နှင့် အီရန်၏ နူကလီးယားလက်နက်ကိစ္စကို နောက်ပိုင်းအဆင့်မှသာ ဆွေးနွေးရန် တောင်းဆိုထားသည်။

ထရမ့်အပေါ် အီရန်၏ တုံ့ပြန်မှု: ထရမ့်သည် စီးပွားရေးအရ ဖိအားပေးခြင်းနှင့် ပြည်တွင်း သွေးခွဲမှုများကို အသုံးချခြင်းဖြင့် အီရန်အား “ လက်နက်ချ” စေရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အီရန်၏ အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) က ပြောကြားခဲ့ကြောင်း အီရန်သတင်းဌာနများက ဖော်ပြသည်။ အီရန်၏ ရန်သူများသည် “ ဝိုင်းရံပိတ်ဆို့သည့် နည်းဗျူဟာများနှင့် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်ခြင်း” တို့ဖြင့် နိုင်ငံကို အတွင်းပိုင်းမှဆန့်ကျင်လာစေအောင် ကြိုးပမ်းနေကြောင်း ဂါလီဘတ်က ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဖြစ်နေမှုအပေါ် နောက်ထပ်တုံ့ပြန်မှုတစ်ခုအနေဖြင့် အမေရိကန်သမ္မတသည် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် သေနတ်တစ် လက်ကိုင်ကာ နေကာမျက်မှန်တပ်ထားသည့် ၎င်း၏ပုံကို ပြုပြင်မွမ်းမံကာ တင်ခဲ့ပြီး “ NO MORE MR. NICE GUY!” (ယဥ်ကျေးသိမ်မွေ့သူတယောက်အဖြစ်မတွေ့နိုင်တော့ဘူး) ဟု သတိပေးချက်နှင့်အတူ ဖော်ပြခဲ့သည်။

စစ်ရေးအသင့်ဖြစ်မှုဆိုင်ရာ စိုးရိမ်ချက်များအပေါ်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ဗုဒ္ဓဟူးနေ့တွင် Fox News သို့ ပြောကြားရာ၌ နိုးနိုးကြားကြားရှိနေရန်မှာ ၎င်း၏ တာဝန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်စစ်ပွဲအတွင်း ဒုံးကျည်များ ပြတ်လပ်ကုန်ခမ်းနေသည့်အပေါ် ၎င်းက စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ရေးသားထားသော The Atlantic မဂ္ဂဇင်း၏ သတင်းကို ပယ်ချခဲ့သည်။ “ ကျွန်တော်နဲ့ နီးစပ်သူ ဘယ်သူမှ အဲဒီ သတင်းထောက်ကို စကားပြောခဲ့တာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနာပွဲတွင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို ဆန့်ကျင်နေသော လွှတ်တော်အမတ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး “ ဒီအချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ရန်သူကတော့ လွှတ်တော်တွင်းက ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တချို့ရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့၊ အရည်အချင်းမရှိတဲ့၊ အရှုံးပေးလိုတဲ့ စကားလုံးတွေပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ သမ္မတ ဒေါ်နယ်ထရမ့် သတင်းထောက်များကို စကားပြောကြားစဉ်။ Andrew Harnik/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 23 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ