နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့် လူအများ၏အာရုံမှာ တီဟီရန်သို့ ရောက်ရှိနေသည်။

အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုများကို “ဖုန်းဖြင့်” သာ လုပ်ဆောင်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပထမအကျော့ လူချင်းတွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့ပြီး၊ ဒုတိယအကျော့မှာလည်း ဖျက်သိမ်းခဲ့ရသောကြောင့် အစ္စလာမ္မာဘတ်သို့ ၁၈ နာရီကြာ လေယာဉ်စီးရသည့် ခရီးစဉ်များကို “ဆက်မသွားတော့ဘဲ” ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မည်သည့်အဆိုပြုချက်အပေါ်မဆို အီရန်၏ ၏ တုံ့ပြန်မှုသည် ၎င်းတို့၏ နူကလီးယား အစီအစဉ် အပေါ် မည်မျှအထိ လိုက်လျောမည်ဆိုသည့်အပေါ် မူတည်ကြောင်း ထရမ့်က ဆိုပြီး “နူကလီးယားလက်နက် လုံးဝမရှိစေရဘူးဆိုတာကို သူတို့သဘောမတူသရွေ့ ဘယ်တော့မှ သဘောတူညီချက်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

မှတ်ချက်။ ထရမ့်က ပယ်ချခဲ့သော အီရန်၏ ယခင်အဆိုပြုချက်တွင် စစ်ပွဲကို အရင် အဆုံးသတ်ရန် နှင့် အီရန်၏ နူကလီးယားလက်နက်ကိစ္စကို နောက်ပိုင်းအဆင့်မှသာ ဆွေးနွေးရန် တောင်းဆိုထားသည်။

ထရမ့်အပေါ် အီရန်၏ တုံ့ပြန်မှု: ထရမ့်သည် စီးပွားရေးအရ ဖိအားပေးခြင်းနှင့် ပြည်တွင်း သွေးခွဲမှုများကို အသုံးချခြင်းဖြင့် အီရန်အား “လက်နက်ချ” စေရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အီရန်၏ အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) က ပြောကြားခဲ့ကြောင်း အီရန်သတင်းဌာနများက ဖော်ပြသည်။ အီရန်၏ ရန်သူများသည် “ဝိုင်းရံပိတ်ဆို့သည့် နည်းဗျူဟာများနှင့် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်ခြင်း” တို့ဖြင့် နိုင်ငံကို အတွင်းပိုင်းမှဆန့်ကျင်လာစေအောင် ကြိုးပမ်းနေကြောင်း ဂါလီဘတ်က ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဖြစ်နေမှုအပေါ် နောက်ထပ်တုံ့ပြန်မှုတစ်ခုအနေဖြင့် အမေရိကန်သမ္မတသည် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် သေနတ်တစ် လက်ကိုင်ကာ နေကာမျက်မှန်တပ်ထားသည့် ၎င်း၏ပုံကို ပြုပြင်မွမ်းမံကာ တင်ခဲ့ပြီး “NO MORE MR. NICE GUY!” (ယဥ်ကျေးသိမ်မွေ့သူတယောက်အဖြစ်မတွေ့နိုင်တော့ဘူး) ဟု သတိပေးချက်နှင့်အတူ ဖော်ပြခဲ့သည်။

စစ်ရေးအသင့်ဖြစ်မှုဆိုင်ရာ စိုးရိမ်ချက်များအပေါ်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ဗုဒ္ဓဟူးနေ့တွင် Fox News သို့ ပြောကြားရာ၌ နိုးနိုးကြားကြားရှိနေရန်မှာ ၎င်း၏ တာဝန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်စစ်ပွဲအတွင်း ဒုံးကျည်များ ပြတ်လပ်ကုန်ခမ်းနေသည့်အပေါ် ၎င်းက စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ရေးသားထားသော The Atlantic မဂ္ဂဇင်း၏ သတင်းကို ပယ်ချခဲ့သည်။ “ကျွန်တော်နဲ့ နီးစပ်သူ ဘယ်သူမှ အဲဒီ သတင်းထောက်ကို စကားပြောခဲ့တာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနာပွဲတွင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို ဆန့်ကျင်နေသော လွှတ်တော်အမတ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး “ဒီအချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ရန်သူကတော့ လွှတ်တော်တွင်းက ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တချို့ရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့၊ အရည်အချင်းမရှိတဲ့၊ အရှုံးပေးလိုတဲ့ စကားလုံးတွေပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ သမ္မတ ဒေါ်နယ်ထရမ့် သတင်းထောက်များကို စကားပြောကြားစဉ်။ Andrew Harnik/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက