နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။

အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် သဘောမတူပါက အီရန်ဆိပ်ကမ်းများနှင့် သင်္ဘောများကို ရေတပ်ဖြင့် ဆက်လက်ပိတ်ဆို့ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် ရေနံစျေးနှုန်းများမှာ တစ်ဖန်ပြန်၍ ထိုးတက်လာခဲ့သည်။

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် တင်သွင်းရသော စွမ်းအင်အပေါ် များစွာမှီခိုနေရသည့် အာရှနိုင်ငံများသည် ၉ ပတ်မြောက်အထိ ကြာမြင့်လာပြီဖြစ်သော စစ်ပွဲ၏ စီးပွားရေးဒဏ်ကို အပြင်းထန်ဆုံး ခံစားနေကြရသည်။ ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့မှစ၍ ပလတ်စတစ်နှင့် မြေသြဇာများအထိ အရာအားလုံးမှာ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိတွင် ဘရန့် (Brent) ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၂၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ဗုဒ္ဓဟူးနေ့တွင် ရေနံစျေးနှုန်းများ ၆% ကျော် မြင့်တက်ခဲ့ပြီး ဘရန့်ရေနံစိမ်းစျေးမှာ တစ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ စစ်ပွဲမတိုင်မီက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စီးဆင်းသော ရေနံစိမ်းနှင့် ဓာတ်ငွေ့ ၈၀% မှာ အာရှသို့ ဦးတည်တင်ပို့ခြင်း ဖြစ်သည်။

လေယာဉ်ဆီစျေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်လာသဖြင့် ဒေသတွင်း လေကြောင်းလိုင်း များမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး အခြေအနေကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေကြ ရသည်။ Qantas၊ Air New Zealand၊ Vietnam Airlines နှင့် AirAsia အပါအဝင် လေကြောင်းလိုင်းများသည် ခရီးစဉ်များကို စတင်လျှော့ချနေပြီ ဖြစ်သည်။

ကမ္ဘာ့အဓိက ကြေးနီနှင့် နီကယ်ထုတ်လုပ်ရာ ဒေသဖြစ်သော အာရှသည် ပဋိပက္ခကြောင့် ပါရှန်းပင်လယ်ကွေ့အတွင်း ပိတ်မိနေသည့် စွမ်းအင်ဘေးထွက်ပစ္စည်းဖြစ်သော ဆာလ်ဖာ (sulfur) ပြတ်လပ်မှုဒဏ်ကိုလည်း ခံစားနေရသည်။ ကမ္ဘာ့အကြီးဆုံး နီကယ်ထုတ်လုပ် သည့် အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် ထုတ်လုပ်မှုကို လျှော့ချနေရပြီ ဖြစ်သည်။

စွမ်းအင်အမြောက်အမြား အသုံးပြုနေရသော လုပ်ငန်းများနှင့် စားသုံးသူများကို ကာကွယ်ရန် တောင်ကိုရီးယားနိုင်ငံသည် စွမ်းအင်တင်သွင်းမှုကို ဟော်မုဇ်ရေလက်ကြား အပြင် အမေရိကန်၊ အယ်လ်ဂျီးရီးယား၊ အိုမန်နှင့် အခြားနိုင်ငံများမှ တင်သွင်းခြင်းဖြင့် နည်းလမ်းမျိုးစုံ ပြောင်းလဲလုပ်ဆောင်နေသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ များပြားလှသော မဟာဗျူဟာမြောက် အရန်ရိက္ခာများ၊ ကျောက်မီးသွေးကို အဓိကထား အသုံးပြုမှုနှင့် ကွဲပြားသော လျှပ်စစ်ကွန်ရက်တို့ကြောင့် အခြားအာရှအိမ်နီးချင်းနိုင်ငံများထက် အီရန်စွမ်းအင် အကျပ်အတည်းကို ပိုမိုကောင်းမွန် စွာ ကျော်လွှားနိုင်ခဲ့သည်။ သို့သော်လည်း ဤစီးပွားရေးအင်အားကြီးနိုင်ငံသည် မြင့်တက် လာသော ကုန်စျေးနှုန်းများနှင့် စစ်ပွဲကြောင့် ပို့ကုန်ဝယ်လိုအား ကျဆင်းလာမှုများ အောက်တွင် ထိခိုက်လွယ်သည့် အခြေအနေ၌ ရှိနေဆဲဖြစ်သည်။

လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုသည် ထိုင်းနိုင်ငံမှ လယ်သမားများမှစ၍ ဖိလစ်ပိုင် နိုင်ငံမှ ယာဉ်မောင်းများအထိ ဒေသတွင်းရှိ လူပေါင်းများစွာ၏ ဘဝနှင့် အသက်မွေးဝမ်း ကျောင်း မှုများကို ထိခိုက်စေခဲ့သည်။ အနှောင့်အယှက်များ ကြာရှည်လာသည်နှင့်အမျှ အာရှတစ်လွှားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများသည် ပိုမိုနက်ရှိုင်းလာမည် ဖြစ်သည်။

ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုအရ စစ်ပွဲကြောင့် အာရှ-ပစိဖိတ်ဒေသရှိ လူပေါင်း ၈.၈ သန်းခန့်မှာ ဆင်းရဲမွဲတေမှုတွင်းထဲသို့ ကျဆင်းနိုင် ခြေ ရှိကြောင်း သိရသည်။

ရှန်ဟိုင်းမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကားတစ်စီးအား ဆီဖြည့်ပေးနေစဉ်။

Hector Retamal/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 62 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ