နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 3 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။

ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။

တရုတ်နိုင်ငံ၏ မြို့တော်သည် ယခုအခါ ဒရုန်းကင်းစင်နယ်မြေ ဖြစ်သွားပြီဟု ဆိုနိုင်သည်။ မေလ ၁ ရက်နေ့မှစတင်၍ အာဏာတည်ခဲ့သော စည်းမျဉ်းသစ်များအရ ပေကျင်းမြို့ နယ်နိမိတ်အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဒရုန်းဝယ်ယူခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ပျံသန်းခြင်းများကို မပြုလုပ်နိုင်တော့ပေ။ တရုတ်နိုင်ငံသည် လူသုံးကုန်ဒရုန်း လုပ်ငန်း၏ ပင်မဇာစ်မြစ်နှင့် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေခြင်းကို ထည့်သွင်းစဉ်းစားပါက ယခုလုပ်ဆောင်ချက်မှာ အလွန်အံ့အားသင့်ဖွယ် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။

ဒရုန်းဝါသနာရှင်များသည် ပစ္စည်းများ စင်ပေါ်မှ မဖယ်ရှားမီ နောက်ဆုံးအဆင့်အနေဖြင့် ဝယ်ယူနိုင်ရန် ပေကျင်းတစ်ခွင်ရှိ အီလက်ထရွန်နစ်အရောင်းဆိုင်များသို့ ယခုအပတ်အတွင်း အလုအယက် သွားရောက်ခဲ့ကြသည်။ အသက် ၄၄ နှစ်အရွယ် ဝယ်ယူသူတစ်ဦးဖြစ်သူ ကျိုးကျောက် (Zoe Zhao) က သူမ DJI ဆိုင်သို့ ရောက်ရှိချိန်တွင် မော်ဒယ်အတော်များများမှာ ပြတ်လပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒရုန်းဝယ်ယူပြီးနောက်တွင်လည်း ပေကျင်းမြို့ခံများအနေဖြင့် ဒေသခံရဲစခန်းနှင့် တရားဝင် အက်ပလီကေးရှင်းတွင် မှတ်ပုံတင်ရမည့်အပြင်၊ အိမ်တွင် မိနစ် ၃၀ ကြာ စာမေးပွဲတစ်ခု ကိုလည်း ဖြေဆိုရမည်ဖြစ်သည်။ မြို့ပြအာဏာပိုင်များ၏ အဆိုအရ ဤတင်းကျပ်သော စည်းမျဉ်းများသည် “ မောင်းသူမဲ့ လေယာဉ်များ စီမံခန့်ခွဲမှုကို အားကောင်းစေရန်” နှင့် “ မြို့တော်၏ လုံခြုံရေးကို ကာကွယ်ရန်” ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် ဤလုပ်ဆောင်ချက်သည် ဒရုန်းများအပေါ် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှု ပိုမိုတင်းကျပ် လာခြင်းကို ထင်ဟပ်နေပြီး၊ တရုတ်နိုင်ငံက အမျိုးသားအဆင့် “ ဦးစားပေး” ကဏ္ဍအဖြစ် သတ်မှတ်ထားသော “ အနိမ့်ပျံ စီးပွားရေး” (Low-altitude economy) ကဏ္ဍအပေါ်တွင်လည်း မရေရာမှုများ ဖြစ်ပေါ်စေသည်။

တရုတ်နိုင်ငံတွင် ဒရုန်းများကို ဓာတ်ပုံရိုက်ကူးခြင်း၊ အစားအစာ ပို့ဆောင်ခြင်း၊ စိုက်ပျိုးရေးနှင့် ပွဲလမ်းသဘင်များတွင် မီးရှူးမီးပန်းများအစား အသုံးပြုခြင်းဖြင့် နေရာအနှံ့ တွေ့မြင်နေရပြီ ဖြစ်သည်။ ၂၀၂၅ ခုနှစ်ကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ထားသော ဒရုန်းအရေအတွက်မှာ သုံးသန်းကျော် ရှိလာခဲ့သည်။ ယင်းသို့ လျင်မြန်စွာ ပျံ့နှံ့လာမှုကြောင့် စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အချက်အချာကျသော နေရာများ စုဝေးရာ မြို့တော်တွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များ၏ စိုးရိမ်မှုမှာ ဒရုန်းများ၏ ထောက်လှမ်းနိုင်စွမ်းကြောင့်သာမကဘဲ၊ ရုရှား-ယူကရိန်း စစ်ပွဲတွင် တွေ့မြင်ခဲ့ရသကဲ့သို့ အပန်းဖြေသုံးဒရုန်းများကို လက်နက်အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည့် အန္တရာယ်ကြောင့်လည်း ဖြစ်ပုံရသည်။

ဘက်စုံပိတ်ပင်မှု

စည်းမျဉ်းသစ်များအရ ဒရုန်းများနှင့် ၎င်းတို့၏ အဓိကအစိတ်အပိုင်းများကို ခွင့်ပြုချက်မရှိဘဲ ပေကျင်းမြို့အတွင်းသို့ သယ်ဆောင်လာခွင့်ပင် မရှိတော့ပေ။ ဒေသခံရဲစခန်းတွင် ကိုယ်ရေး အချက် အလက် စစ်ဆေးအတည်ပြုထားသော ပိုင်ရှင်များသာ သယ်ဆောင်ခွင့်ရှိမည် ဖြစ်သည်။ ထို့ပြင် မြို့ပြအချက်အချာနေရာများရှိ သိုလှောင်ရုံများတွင် ဒရုန်းများ ထားရှိခြင်း နှင့် ဒရုန်းစနစ်များကို “ ဟက်ကင်း” (Hacking) လုပ်ခြင်းများကိုလည်း ပိတ်ပင်ထားသည်။

ဤမူဝါဒသစ်သည် ဒရုန်းများ သယ်ဆောင်လာမည့် အပြည်ပြည်ဆိုင်ရာ ခရီးသွားများ အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသော်လည်း စည်းမျဉ်းများတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသေးပေ။ ပေကျင်းရှိ ဒရုန်းအသုံးပြုသူများအတွက် ပိုမိုစိတ်ပျက် စရာကောင်းသည်မှာ မြို့အတွင်း၌ ဒရုန်းများကို ပြုပြင်ခြင်း သို့မဟုတ် အစိတ်အပိုင်း လဲလှယ်ခြင်းများပင် ပြုလုပ်နိုင်တော့မည် မဟုတ်ခြင်းဖြစ်သည်။

တက္ကသိုလ်ကျောင်းသား စတီဗင် ဝမ် (Steven Wang) က ယခင်က ပေကျင်းမြို့စွန်များတွင် ဒရုန်းပျံသန်းလေ့ရှိသော်လည်း ယခုအခါ ၎င်း၏ ဒရုန်း ၃ စင်းလုံးကို အိမ်တွင်သာ သိမ်းဆည်း ထားရကြောင်း ပြောသည်။ “ ပျံသန်းမှုတိုင်းအတွက် ခွင့်ပြုချက်တောင်းရတာက အရမ်း အဆင် မပြေဘူး။ အခုဆိုရင် စောင့်ဆိုင်းရတဲ့ အချိန်ကလည်း ပိုကြာလာသလို ပယ်ချခံရတဲ့ အကြောင်းပြချက်တွေကလည်း မရေမရာ ဖြစ်လာတယ်” ဟု ၎င်းက CNN သို့ ပြောကြား ခဲ့သည်။

အနိမ့်ပျံ စီးပွားရေး၏ အကျပ်အတည်း

တရုတ်နိုင်ငံသည် ကမ္ဘာ့ဒရုန်းလုပ်ငန်းကို စိုးမိုးထားပြီး DJI ကုမ္ပဏီတစ်ခုတည်းကပင် ကမ္ဘာ့စျေးကွက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ရယူထားသည်။ ပြည်တွင်းစျေးကွက်တွင် စည်းမျဉ်းများ တင်းကျပ်လာမှုသည် DJI အတွက် အခက်အခဲများ ပိုမိုဖြစ်ပေါ်စေနိုင်ပြီး၊ အမေရိကန်အစိုးရကလည်း အမျိုးသားလုံခြုံရေးအရ DJI မော်ဒယ်အသစ်များ တင်သွင်းမှုကို ပိတ်ပင်ထားသည်။

တရုတ်အစိုးရသည် ၂၀၃၅ ခုနှစ်တွင် “ အနိမ့်ပျံ စီးပွားရေး” ကဏ္ဍ၏ တန်ဖိုးမှာ ယွမ် ၃.၅ ထရီလီယံ (ဒေါ်လာ ၅၁၀ ဘီလီယံ) ရှိလာမည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း လာမည့် ဇူလိုင်လတွင် အာဏာတည်မည့် လေကြောင်းဆိုင်ရာ စည်းမျဉ်းသစ်များအရ ထုတ်လုပ်သူများမှစ၍ အသုံးပြုသူများအထိ လေကြောင်းဆိုင်ရာ လက်မှတ်များ လျှောက် ထားရတော့မည် ဖြစ်သည်။

ဟောင်ကောင်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ ဟွမ်လီရှီး (Huang Lixi) က ပေကျင်းရှိ တင်းကျပ်သော လုပ်ဆောင်ချက်မျိုးကို နိုင်ငံ၏ အခြားနေရာများတွင် ပုံတူကူးချ လိမ့်မည် မဟုတ်ကြောင်း၊ အခြားဒေသများတွင်မူ အတိုင်းအတာတစ်ခုအထိ အသုံးပြုခွင့် ပေးမည့် စီမံခန့်ခွဲမှုမျိုးကိုသာ လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ “ ပေကျင်းက နိုင်ငံရေးအချက်အချာဖြစ်တဲ့အတွက် လုံခြုံရေးအတွက် အခုလို ရိုးရှင်းတဲ့ ပိတ်ပင်မှုမျိုးကို လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ပေကျင်းမြို့ရှိ ကုန်တိုက်တစ်ခုအတွင်းရှိ DJI အရောင်းဆိုင်သို့ လူများလာရောက်ကြည့်ရှုနေစဉ်။ ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ ပေကျင်းအစိုးရသည် လူသုံးကုန်ဒရုန်းအသစ်များ ရောင်းချမှုကို ပိတ်ပင်မည်ဖြစ်သည်။ (ဓာတ်ပုံ – Adek Berry/AFP/Getty Images)

၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ပေကျင်းမြို့ရှိ DJI အရောင်းဆိုင်တစ်ခုတွင် တွေ့ရသည့် အရောင်းပစ္စည်းများမရှိဘဲ အလွတ်ဖြစ်နေသော ဒရုန်းပြကွက်စင်များ။ (ဓာတ်ပုံ – CNN)

ပိတ်ပင်မှု မစတင်မီ နှစ်ရက်အလိုတွင် ပေကျင်းမြို့၏ ဗဟိုစီးပွားရေးဇုန်ရှိ DJI အထင်ကရအရောင်းဆိုင်၌ ဝယ်ယူသူများက နောက်ဆုံးအဆင့်အနေဖြင့် ဝယ်ယူမှုများ ပြုလုပ်နေကြစဉ်။ (ဓာတ်ပုံ – CNN)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 13 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 14 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် အမေရိကန်က စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –