နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက်

မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကနေ သင်္ဘောတွေကို လမ်းပြခေါ်ဆောင် ပေးမယ့် စစ်ဆင်ရေးကိုလည်း ခေတ္တရပ်နားထားပါတယ်။

လွန်ခဲ့တဲ့ ၄ ပတ်ကျော်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်ပိုင်း တီဟီရန်နဲ့ ဝါရှင်တန်ကြား ဆွေးနွေးမှုတွေ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာကို အောက်မှာ အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

ဧပြီလ ၁၁ရက်။ အမေရိကန်နဲ့ အီရန်အရာရှိတွေဟာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာ ၂၁ နာရီကြာတဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ ၁၂ရက်။ အီရန်ဘက်က ၎င်းတို့ရဲ့ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ ငြင်းဆန် တာကြောင့် နှစ်ဖက်စလုံးဟာ “သဘောတူညီချက် မရရှိခဲ့ဘူး” လို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ကြေညာခဲ့ပါတယ်။ အီရန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) ကလည်း အမေရိကန်ဟာ အီရန်ဘက်က ယုံကြည်မှုကို မရယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနေ့နှောင်းပိုင်းမှာတော့ အပစ်အခတ်ရပ်စဲရေးဟာ အခုထိ “ကောင်းကောင်းထိန်းထားနိုင်ဆဲ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၃ရက်။ အမေရိကန်နဲ့ အီရန်တို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အရာရှိတစ်ဦးက ပြောနေချိန်မှာပဲ အမေရိကန်ဟာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှု စတင် ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး မကုန်ဆုံးခင်မှာ သဘောတူညီချက် မရရှိဘူးဆိုရင် အီရန်အတွက် “သာယာမှာမဟုတ်ဘူး” လို့ ထရမ့်က ဆိုပါတယ်။

ဧပြီ ၁၇ရက်။ အစ္စရေးနဲ့ လက်ဘနွန်ကြား သီးခြားအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာတဲ့ အတွက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ဖို့ နောက်ဆုံးသဘောတူညီချက် မရမချင်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုဟာ ဆက်ရှိနေဦးမှာဖြစ်ကြောင်း ထရမ့်က တုံ့ပြန်ခဲ့ပါတယ်။ အကယ်၍ ပိတ်ဆို့မှုတွေ ဆက်ရှိနေရင် ရေလက်ကြားကို ပြန်ပိတ်မယ်လို့ အီရန်က ဆိုပါတယ်။

ဧပြီ ၁၈ရက်။ အမေရိကန်ဟာ “ယုံကြည်မှုကို ဖောက်ဖျက်တယ်” လို့ အပြစ်တင်ပြီး ဟော်မုဇ်ရေလက်ကြားကို တစ်ကျော့ပြန်ပိတ်လိုက်ကြောင်း အီရန်က ကြေညာပါတယ်။ ညှိနှိုင်းမှုတွေ ရှိနေဆဲဖြစ်ပေမယ့် အီရန်က ရေလက်ကြားကို ပြန်ပိတ်လိုက်တာဟာ “နည်းနည်းတော့ ကဲသွားပြီ” လို့ ထရမ့်က စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ပါတယ်။ ဂါလီဘတ်ကလည်း အစိုးရရုပ်သံနဲ့ အင်တာဗျူးမှာ အမေရိကန်နဲ့ အီရန်ဟာ “နောက်ဆုံးသဘောတူညီချက်ရဖို့ အလှမ်းဝေးနေဆဲ” လို့ ပြောကြားပါတယ်။

ဧပြီ ၁၉ရက်။ အီရန်နဲ့ ဒုတိယအကျော့ ဆွေးနွေးဖို့ အမေရိကန်ကိုယ်စားလှယ်တွေ အစ္စလာမ်မာဘတ်ကို သွားရောက်မယ်လို့ ထရမ့်က ဆိုပါတယ်။ တီဟီရန် ကိုယ်စားလှယ် အဖွဲ့လည်း ပါကစ္စတန်ကို သွားမှာဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က CNN ကို ပြောပေမယ့် အီရန်အစိုးရမီဒီယာတွေကတော့ သွားရောက်မယ့်ကိစ္စ အတည်မပြုနိုင် သေးဘူးလို့ ဖော်ပြပါတယ်။

ဧပြီ ၂၀ရက်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါဟီ (Esmaeil Baghaei) က “အခုအချိန်အထိတော့” နောက်ထပ်ဆွေးနွေးပွဲအတွက် အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။ ထရမ့်ကတော့ နောက်ထပ် ၂ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေးကို ထပ်တိုးဖို့ “အလားအလာ အလွန်နည်းတယ်” လို့ ပြောကြားခဲ့ ပါတယ်။

ဧပြီ ၂၁ရက်။ နောက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောမတူရင် အီရန်ကို ဆက်လက်ဗုံးကြဲဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ဆိုပါတယ်။ ပါကစ္စတန် သတင်းပြန်ကြားရေးဝန်ကြီးကတော့ အီရန်ကို ဆွေးနွေးပွဲထဲပါလာအောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ နေ့လယ်ပိုင်းမှာတော့ အီရန်ဘက်က ပဋိပက္ခကို အပြီးတိုင်အဆုံးသတ်မယ့် အဆိုပြုချက်တစ်ခု မတင်မချင်း အပစ်ရပ်စဲရေးကို သက်တမ်းတိုးပေးမယ်လို့ ထရမ့်က ပြောပါတယ်။

ဧပြီ ၂၄ရက်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) ဟာ ညနေပိုင်းမှာ အစ္စလာမ်မာဘတ်ကို ရောက်ရှိမယ်လို့ သတင်းရင်းမြစ်တွေက CNN ကို ပြောပါတယ်။ ထရမ့်အစိုးရအဖွဲ့ကလည်း အရတ်ဂ်ချီနဲ့ တွေ့ဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်မယ်လို့ ဆိုပေမယ့် အီရန်ပြောခွင့်ရသူ ဘာဂါဟီကတော့ “အမေရိကန်နဲ့ ဘာတွေ့ဆုံမှုမှ စီစဉ်ထားတာမရှိဘူး” လို့ ငြင်းဆိုပါတယ်။

ဧပြီ ၂၅ရက်။ အရတ်ဂ်ချီဟာ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) နဲ့ တွေ့ဆုံပြီးနောက် ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားပါတယ်။ အီရန်ခေါင်းဆောင်ပိုင်း ကြားမှာ “အချင်းချင်း အငြင်းပွားမှုတွေ” ရှိနေတာကြောင့် ပါကစ္စတန်သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထရမ့်က ကြေညာပါတယ်။

ဧပြီ ၂၇ရက်။ အရတ်ဂ်ချီဟာ ပါကစ္စတန်ခရီးစဉ်အတွင်း အမေရိကန်ကို အသိပေးဖို့အတွက် အီရန်ရဲ့ “လျှော့မပေးနိုင်တဲ့ အချက်များ” (red lines) စာရင်းကို ပေးအပ်ခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာ Fars က ဖော်ပြပါတယ်။ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့် ပေးမယ့် အဆိုပြုချက်သစ် တင်ပြထားပေမယ့် အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်တွေ အပေါ် ရပ်တည်ချက်ကတော့ မရေမရာဖြစ်နေဆဲလို့ သိရပါတယ်။ ထရမ့်ကလည်း အဆိုပြုချက်သစ်ကို လက်ခံဖို့ အလားအလာမရှိဘူးလို့ အရိပ်အယောင်ပြပါတယ်။

ဧပြီ ၂၉ရက်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ အီရန်ရဲ့ အဆိုပြုချက်ကို ပယ်ချလိုက်ကြောင်း ထရမ့်က ပြောပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ အာမခံချက်တွေကို အရင်လိုချင်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်ပွဲရပ်တန့်ဖို့ ဆွေးနွေးမှုတွေကို “ဖုန်းကတစ်ဆင့်” လုပ်ဆောင်နေတယ် လို့လည်း ထရမ့်က ပြောပါတယ်။

မေ ၁ရက်။ အီရန်က ပါကစ္စတန်ကြားခံကတစ်ဆင့် အဆိုပြုချက်တစ်ခု ပေးပို့ထားပေမယ့် “ကျေနပ်မှုမရှိဘူး” လို့ ထရမ့်က ဆိုပါတယ်။ သူ့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိကြောင်း၊ အဲဒါတွေကတော့ အီရန်နဲ့ သဘောတူညီချက်ရအောင် လုပ်ဖို့ ဒါမှမဟုတ် “သူတို့ကို အပြတ်အသတ် သွားချေမှုန်းဖို့” ပဲလို့ အမေရိကန်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

မေ ၂ရက်။ ထရမ့်က အီရန်ရဲ့ အဆိုပြုချက်ကို ပယ်ချလိုက်ပြီးနောက် အမေရိကန်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ “ဖြစ်နိုင်ခြေရှိတယ်” လို့ အီရန်စစ်ဘက်အရာရှိကြီးတစ်ဦးက ဆိုပါတယ်။ အီရန်က အချက် ၁၄ ချက်ပါတဲ့ တုံ့ပြန်မှုကို တင်ပြထားပြီး ထရမ့်က အဲဒီအစီအစဉ်သစ်ကို မကြာမီ သုံးသပ်မယ်လို့ ပြောပေမယ့် “လက်ခံနိုင်စရာဖြစ်မယ်လို့တော့ မထင်ဘူး” လို့ ဖြည့်စွက်ပြောကြားပါတယ်။

မေ ၃ရက်။ အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို အီရန်က ပြန်လည်သုံးသပ်နေတယ်လို့ ဘာဂါဟီက ပြောကြားပြီး အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ကလည်း အီရန်နဲ့ “စကားပြောဆိုမှုတွေ ရှိနေတယ်” လို့ CNN ကို ပြောပါတယ်။ နောက်နေ့မှာ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေကို အမေရိကန်က လမ်းပြခေါ်ဆောင်ပေးတော့မှာ ဖြစ်ကြောင်းနဲ့ အီရန်နဲ့ “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်” လို့ ထရမ့်က ကြေညာပါတယ်။

မေ ၄ရက်။ ဟော်မုဇ်ရေလက်ကြားကို ချဉ်းကပ်လာတဲ့ ဒါမှမဟုတ် ဝင်ရောက်လာတဲ့ “ဘယ်လို နိုင်ငံခြားစစ်တပ်ကိုမဆို၊ အထူးသဖြင့် ကျူးကျော်သူ အမေရိကန်စစ်တပ်ကို… တိုက်ခိုက်သွားမယ်” လို့ အီရန်က သတိပေးပါတယ်။ အဲဒီနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် နဲ့ အီရန်တပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) အကြီးအကဲ အက်ဒ်မီရယ် ဘရက်ဒလေ ကူးပါး (Adm. Bradley Cooper) က သတင်းထောက်တွေကို ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးဆက်လက်တည်မြဲ နေသလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

မေ ၅ရက်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) က “အပစ် အခတ်ရပ်စဲရေး မပျက်ပြယ်သေးဘူး” လို့ အခိုင်အမာဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ကတော့ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ အီရန်အပေါ် တိုက်ခိုက်မှု တွေ ပြီးဆုံးသွားပြီလို့ ပြောပါတယ်။ အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတာကြောင့် ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေကို လမ်းပြပေးမယ့် စစ်ဆင်ရေးကို ရပ်နားထားမယ်လို့ ထရမ့်က နောက်ဆုံးမှာ ကြေညာလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော