နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး သဘောထားကြီးရာရောက်ကြောင်း ယနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။ ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြစ်တင်ရှုံ့ချမှု ထွက်ပေါ်လာပြီးနောက် ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒေသတွင်းမှ နောက်ဆုံးရဖြစ်ပေါ်တိုးတက်မှုများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • အီရန်၏ တုံ့ပြန်ကမ်းလှမ်းချက်တွင် အချုပ်အခြာအာဏာ အသိအမှတ်ပြုမှု ပါဝင် စစ်ပွဲအဆုံးသတ်ရေး အမေရိကန်၏ အစီအစဉ်အပေါ် အီရန်၏ တုံ့ပြန်ကမ်းလှမ်း ချက်တွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုရန်နှင့် လျော်ကြေးပေးရန် တောင်းဆိုမှုများ ပါဝင်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
  • ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်။ စစ်ပွဲအဆုံးသတ်ရေး အီရန်၏ နောက်ဆုံးသတ်မှတ်ချက်များကို ထရမ့်က ပယ်ချလိုက်ပြီးနောက် ပဋိပက္ခများ ထပ်မံအရှိန်မြင့်လာပြီး အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှာလည်း ကာလရှည်ပိတ်ဆို့နေဦးမည်ဟူသော စိုးရိမ်မှုများကြောင့် ရေနံစျေးနှုန်းများ ယနေ့တွင် ပြန်လည်မြင့်တက်လာခဲ့သည်။
  • ဖက်ဒရယ်ဓာတ်ဆီအခွန် ဆိုင်းငံ့ရန် စဉ်းစား။ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်  ရိုက် (Chris Wright) က ဓာတ်ဆီစျေးနှုန်းများ လျှော့ချနိုင်ရေးအတွက် “ ဆောင်ရွက်နိုင် သမျှ နည်းလမ်းအားလုံး” ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ဖက်ဒရယ်ဓာတ်ဆီအခွန်ကို ဆိုင်းငံ့ထားရန် စဉ်းစားနိုင်ကြောင်း မနေ့က အရိပ်အမြွက် ပြောကြားခဲ့သည်။
  • အီရန်သတင်းစာများ၏ မျက်နှာဖုံးဖော်ပြချက်။ ယနေ့နံနက်ပိုင်း အီရန်သတင်းစာ မျက်နှာဖုံးများတွင် အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့် စစ်ပွဲပြန်လည်ဖြစ်ပွားနိုင်ခြေအတွက် ပြင်ဆင်နေသည့်အသွင်ဖြင့် ဖော်ပြထားကြ သည်။
  • လက်ဘနွန်နယ်စပ်တွင် အစ္စရေးစစ်သားတစ်ဦး သေဆုံး။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မနေ့က လက်ဘနွန်နယ်စပ်အနီး ဟစ်ဇ်ဘိုလာ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် နိုင်ငံနှစ်ခုအကြား မရေမရာဖြစ်နေသော အပစ်အခတ်ရပ်စဲရေးအပေါ် ဖိအားများ ပိုမိုမြင့်တက်လာစေသည်။
  • ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမည်။ ဟော်မုဇ်ရေလက်ကြားတွင် ကုန်သွယ်မှုစီးဆင်းမှု ပြန်လည်ရရှိစေရန်အတွက် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က နိုင်ငံအသီးသီးမှ ကာကွယ်ရေးဝန်ကြီးများကို ဖိတ်ခေါ်ကာ စစ်ရေးအစီအစဉ်များကို မနက်ဖြန်တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 7 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 12 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်
Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 19 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့ ဦးတည်ခုတ်မောင်းနေစဉ်၊ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရသည့် အဆိုပါသင်္ဘော၏ နောက်ဆက်တွဲအခြေအနေများကို မဲလ်လစ်စာ ဘဲလ် (Melissa Bell)
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 19 Views
စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည် BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက် ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။ ယခင်နှစ်များကဆိုလျှင်