အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုအကြား ကုန်သွယ်ရေး ဆက်ဆံရေးနှင့် ပြိုင်ဆိုင်မှု အခြေအနေများကို ပုံဖော်ပေးမည့်၊ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိသော ရက်ရှည် နိုင်ငံတော်အဆင့် ခရီးစဉ်ကို စတင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံ မြို့တော်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။
အရေးကြီးသော ဆွေးနွေးပွဲများ: ဘေဂျင်း၌ ပထမဆုံးညကို ကုန်ဆုံးပြီးနောက် ထရမ့်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ နည်းပညာ၊ ကုန်သွယ်ရေးနှင့် ထိုင်ဝမ်အရေး အပါအဝင် ခက်ခဲနက်နဲသော ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။
အီရန်အရေး အရိပ်မည်းကြီး။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲနှင့် ယင်းနောက်ဆက်တွဲ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းမှာ ဤခရီးစဉ်အပေါ် လွှမ်းမိုးနေသည်။ ရေနံကုန်သွယ်မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရန် တရုတ်အနေ နှင့် မဟာမိတ် အီရန်ကို ဖိအားပေးတိုက်တွန်းရန် ထရမ့်က ရှီကို တောင်းဆိုလိမ့်မည်ဟု မျှော်လင့်ရသည်။
စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ သည် ထရမ့်နှင့်အတူ ပါဝင်လာသူများမှာ အဆင့်မြင့် အရာရှိကြီး များနှင့် တင်မ်ကွတ် (Tim Cook)၊ အီလွန်မတ်စ် (Elon Musk) တို့အပါအဝင် စီးပွားရေး ခေါင်းဆောင် တစ်ဒါဇင်ကျော် လိုက်ပါလာကြသည်။
ဘေဂျင်းတွင် ထရမ့်ကို မည်သူတို့ ကြိုဆိုကြသလဲ။ သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတများ နှစ်သက်သဘောကျလေ့ရှိသည့် ခမ်းနားထည်ဝါသော ကြိုဆိုမှု အခမ်းအနားဖြင့် ဘေဂျင်းသို့ ဆိုက်ရောက်လာခဲ့သည်။
ဤခရီးစဉ်၏ အရေးပါမှုကို ပြသသည့်အနေဖြင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ကြိုဆိုရေးအဖွဲ့ကို ဦးဆောင်ရန် အဆင့်မြင့်အရာရှိကြီးဖြစ်သူ တရုတ်ဒုတိယသမ္မတ ဟန်ကျန်း (Han Zheng) ကို စေလွှတ်ခဲ့သည်။ ဟန်ကျန်းသည် ရှီ၏ သံတမန်ရေးရာ အထူးကိုယ်စားလှယ်အဖြစ် လူသိများပြီး ပြီးခဲ့သည့်နှစ်က ထရမ့်၏ သမ္မတကျမ်းသစ္စာ ဆိုပွဲသို့လည်း တက်ရောက်ခဲ့သူ ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ပါဒူး (David Perdue)၊ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ရှဲ့ဖုန်း (Xie Feng) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အမှုဆောင်ဒုဝန်ကြီး မာကျောက်ရှု (Ma Zhaoxu) တို့လည်း ကြိုဆိုရေးအဖွဲ့တွင် ပါဝင်ကြသည်။
အမေရိကန်သမ္မတကို တရုတ်အလံများ ကိုင်ဆောင်ထားသည့် အပြာနှင့် အဖြူရောင် ဝတ်စုံဝတ် တရုတ်လူငယ် ၃၀၀၊ ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းတို့က ကြိုဆိုခဲ့ကြသည်။ ရှီကျင့်ဖျင်သည် ထရမ့်ကို ကြာသပတေးနေ့ နံနက်ပိုင်း (ဒေသစံတော်ချိန်) တွင် တရားဝင် လက်ခံတွေ့ဆုံမည် ဖြစ်သည်။









