နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

မေလ (၁၃)ရက်။

အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကူညီပေးနိုင်ဖို့ ဧပြီလ(၁)ရက်နေ့မှာ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ပြန်ကြားစာတွေထဲ အာဆီယံအထူးကိုယ်စားလှယ် ပေးပို့တဲ့စာမှာ ဘုံသဘောတူညီချက် (၅)ရပ်နဲ့အညီ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားစာနာမှု အကူအညီတွေကို မခွဲခြားဘဲ တိုးချဲ့ဆောင်ရွင်နိုင်ဖို့ ကြိုးစားမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့၊ နိုင်/ကျဉ်းတွေ လွှတ်ပေးဖို့ကို ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးဆုံး ခြေလှမ်းအနေနဲ့ အာဆီယံက ရှုမြင်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် အာဆီယံဥက္ကဋ္ဌအနေနဲ့ သံတမန်ရေးလမ်းကြောင်းတွေကနေ အခိုင်အမာ တောင်းဆိုနေပြီး ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်ဖို့၊ အကြမ်းဖက်မှုလျော့ချဖို့နဲ့ လူသားစာနာမှုအကူအညီတွေအတွက် စစ်အုပ်စုအစိုးရကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို အာဆီယံအဖွဲထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှု မရရှိခဲ့သလို အကြမ်းဖက်တာတွေ ဆက်ရှိနေပြီး ဘုံသဘောတူညီချက်တွေ ဖော်ဆောင်ဖို့ အပြည့်အဝ မလိုက်နာရင် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံဖို့ ခဲယဉ်းမယ်လို့ လဲ ပြောဆိုထားပါတယ်။

ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်အုပ်စုအစိုးရကို တရားမဝင်အစိုးရအနေနဲ့ ရှုမြင်ပေမယ့် ဘုံသဘောတူညီချက်တွေ ဖော်ဆောင်ဖို့နဲ့ အကြမ်းဖက်မှုတွေ လျော့ချဖို့ အာဆီယံက ဆက်သွယ်ဆောင်ရွက်နေတာတွေကို နားလည်တယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတာအပြင် သူမရဲ့ တရားဝင် အခန်းကဏ္ဍနဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို ပြန်ရရှိစေဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတက ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလို အာဆီယံအနေနဲ့ အသိပေးပြန်ကြားလာတာဟာ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံတာ အောင်မြင်တာနဲ့ နိုင်ငံတကာမျက်နှာစာမှာ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ မြင့်မားလာတာကို ပြသတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို