နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ ရှိနေနိုင်သည်ဟု အမေရိကန် တာဝန်ရှိသူများက သံသယရှိနေကြောင်း ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ အသိပေးခြင်းခံရသည့် သတင်းရင်းမြစ်အများအပြားအရ သိရသည်။

တာဝန်ရှိသူ ဟက်ကာများသည် အွန်လိုင်းပေါ်တွင် ရှိနေပြီး စကားဝှက် (Password) ဖြင့် ကာကွယ်ထားခြင်းမရှိသည့် အလိုအလျောက် ဆီတိုင်ကီတိုင်းတာရေးစနစ် (Automatic Tank Gauge – ATG) များကို အခွင့်ကောင်းယူကာ ဖောက်ထွင်းခဲ့ကြခြင်းဖြစ်ပြီး၊ အချို့ဖြစ်စဉ်များ တွင် တိုင်ကီများပေါ်ရှိ ပြသထားသော ကိန်းဂဏန်းဖော်ပြချက်များကို လှည့်စားပြင်ဆင် နိုင်ခဲ့သော်လည်း တိုင်ကီအတွင်းရှိ အမှန်တကယ် ဆီပမာဏကိုမူ ပြောင်းလဲနိုင်ခြင်း မရှိ ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယခု ဆိုင်ဘာကျူးကျော်မှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက် နစ်နာမှုများ ဖြစ်ပွားခဲ့သည်ဟု မသိရသေးသော်လည်း ATG စနစ်တစ်ခုကို ဝင်ရောက် ထိန်းချုပ်နိုင်ခြင်းသည် သီအိုရီအရ ဟက်ကာတစ်ဦးအနေဖြင့် စက်သုံးဆီယိုစိမ့်မှုကို မရိပ်မိအောင် ဖုံးကွယ်ထားနိုင်သောကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြောင်း ပုဂ္ဂလိက ကျွမ်းကျင်သူများနှင့် အမေရိကန် တာဝန်ရှိသူများက ဆိုသည်။

စုံစမ်းစစ်ဆေးမှုအကြောင်း သိရှိထားသည့် သတင်းရင်းမြစ်များက ပြောကြားရာတွင် အီရန်နိုင်ငံသည် ယခင်ကလည်း ဆီတိုင်ကီစနစ်များကို ပစ်မှတ်ထားခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ခြင်းကြောင့် ယခုဖြစ်စဉ်တွင် အဓိက သံသယရှိသူ ဖြစ်လာရခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော် ဟက်ကာများ ချန်ထားခဲ့သည့် မှုခင်းဆေးပညာဆိုင်ရာ သက်သေအထောက်အထား (Forensic Evidence) အားနည်းမှုကြောင့် အမေရိကန်အစိုးရအနေဖြင့် မည်သူတွင် တာဝန်ရှိ သည်ကို အတိအကျ အတည်မပြုနိုင်ဘဲ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက သတိပေးထားသည်။

CNN အနေဖြင့် ၎င်း ATG ဟက်ခ်ခံရမှုနှင့် ပတ်သက်၍ အမေရိကန် ဆိုင်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) ထံ သဘောထားမှတ်ချက် တောင်းခံ ထားသည်။ FBI ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အကယ်၍ အီရန်၏ ပါဝင်ပတ်သက်မှုကို အတည်ပြုနိုင်ပါက၊ ယခုဖြစ်စဉ်သည် အမေရိကန် နှင့် အစ္စရေးတို့ အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း အီရန်ဒရုန်းများနှင့် ဒုံးကျည်များ မရောက်ရှိနိုင်သည့် အမေရိကန်ပြည်တွင်းရှိ အရေးကြီးသော အခြေခံအဆောက်အအုံများကို တဟီရန် (အီရန်အစိုးရ) က ခြိမ်းခြောက်လာသည့် နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် ၎င်းသည် စစ်ပွဲကြောင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာမှုအပေါ် လူထုအာရုံ စိုက်မှု ပိုမိုများပြားလာစေသဖြင့် ထရမ့်အစိုးရအဖွဲ့အတွက် နိုင်ငံရေးအရ ထိရှလွယ်သော ကိစ္စရပ်တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော CNN ၏ လူထု စစ်တမ်းတစ်ခုတွင် စစ်တမ်းကောက်ယူခဲ့သည့် အမေရိကန် လူကြီးပိုင်း ၇၅ ရာခိုင်နှုန်း က အီရန်စစ်ပွဲသည် ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့ကြသည်။

ယခု ဟက်ကင်း(ဖောက်ထွင်းဝင်ရောက်သည့်)လှုပ်ရှားမှုသည် အစိုးရ၏ နှစ်ရှည်လများ တိုက်တွန်းနှိုးဆော်မှုများ ရှိခဲ့ သော်လည်း မိမိတို့၏ စနစ်များကို လုံခြုံအောင် ပြုလုပ်ရန် ရုန်းကန်နေရဆဲဖြစ်သော အမေရိကန်၏ အရေးကြီး အခြေခံအဆောက်အအုံ လည်ပတ်သူ အများအပြားအတွက် သတိပေးချက်တစ်ခုလည်း ဖြစ်သည်။

အီရန်ဟက်ကာအဖွဲ့များသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေပေးဝေရေးစနစ်များကဲ့သို့ အွန်လိုင်းပေါ်တွင် အလွယ်တကူ ချိတ်ဆက်နေပြီး ဟက်ခ်ရန် လွယ်ကူသော (Low-hanging fruit) အမေရိကန် အရေးကြီး ကွန်ပျူတာစနစ်များကို ကာလရှည်ကြာ ရှာဖွေခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ပြီးနောက်၊ အမေရိကန် တာဝန်ရှိသူများက အမေရိကန် ရေပေးဝေရေး အဆောက်အအုံများအား ဆက်တိုက် တိုက်ခိုက်ခဲ့မှုအတွက် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်သော ဟက်ကာများကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ၎င်းတိုက်ခိုက်မှုတွင် ရေဖိအား ထိန်းညှိသည့် စက်ပစ္စည်းများပေါ်၌ အစ္စရေးဆန့်ကျင်ရေး မက်ဆေ့ခ်ျများကို ပြသခဲ့ကြသည်။

ဆိုင်ဘာလုံခြုံရေး သုတေသီများသည် အင်တာနက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ATG စနစ်များနှင့် ပတ်သက်၍ သတိပေးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လုံခြုံရေးကုမ္ပဏီ Trend Micro သည် မည်သို့သော ဟက်ကာများက ပစ်မှတ်ထား မည်ကို သိရှိနိုင်ရန် ATG စနစ်တုများကို အွန်လိုင်းပေါ်တွင် တင်ထားခဲ့ရာ အီရန်လိုလားသော အဖွဲ့တစ်ဖွဲ့က ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့သော Sky News ၏ အစီရင်ခံစာတစ်ခုတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြည်တွင်းလျှို့ဝှက်စာရွက်စာတမ်းများကို ကိုးကားဖော်ပြခဲ့ရာ၌ ATG စနစ်များသည် စက်သုံးဆီဆိုင်များကို အနှောင့်အယှက်ပေးမည့် ဆိုင်ဘာတိုက်ခိုက်မှု တစ်ခုအတွက် အလားအလာရှိသော ပစ်မှတ်တစ်ခုအဖြစ် သီးသန့်ရွေးချယ်ထားကြောင်း ပါရှိသည်။

အီရန်၏ ဆိုင်ဘာစစ်ဆင်ရေးများ ‘အရှိန်မြင့်တက်လာ’

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် အီရန်၏ ဆိုင်ဘာစွမ်းရည်ကို တရုတ် သို့မဟုတ် ရုရှားတို့ထက် နိမ့်ကျသည်ဟု ကာလရှည်ကြာ ယူဆခဲ့ကြသည်။ သို့သော် စစ်ပွဲ အတွင်း အမေရိကန်၏ အဓိကပိုင်ဆိုင်မှုများကို အခွင့်ကောင်းယူ၍ ဆက်တိုက် ဟက်ခ်ခဲ့ခြင်း က အီရန်သည် စွမ်းဆောင်ရည်ရှိပြီး ခန့်မှန်းရခက်သော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ပြသနေသည်။

စစ်ပွဲကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့ကတည်းက တဟီရန်နှင့် ဆက်နွှယ်နေသော ဟက်ကာများသည် အမေရိကန်၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေပေးဝေရေးနေရာ အများ အပြားတွင် အနှောင့်အယှက်များ ဖြစ်ပွားစေခဲ့ပြီး၊ အမေရိကန်၏ အဓိက ဆေးဘက်ဆိုင်ရာ ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော Stryker တွင် ကုန်ပစ္စည်းတင်ပို့မှုများ ကြန့်ကြာ စေခဲ့ကာ FBI ဒါရိုက်တာ ကက်ရှ်ပါတေးလ် (Kash Patel) ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီးမေးလ်များကိုလည်း ပေါက်ကြားစေခဲ့သည်။

ယခုနောက်ဆုံး စစ်ပွဲအတွင်း တဟီရန်ဟက်ကာများ၏ အဓိကပစ်မှတ်များတွင် အစ္စရေး အဖွဲ့အစည်းများနှင့် နိုင်ငံသားများလည်း အများအပြား ပါဝင်ခဲ့ပြီး၊ အမေရိကန်နှင့် အစ္စရေးစစ်တပ်တို့ကမူ ၎င်းတို့၏ လက်နက်ဖြင့် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန် ထိရောက်စေရန် ဆိုင်ဘာစစ်ဆင်ရေးများကို အသုံးပြုခဲ့ကြသည်။

စစ်ပွဲအတွင်း အီရန်၏ ဆိုင်ဘာလှုပ်ရှားမှုများသည် “ဆိုင်ဘာစစ်ဆင်ရေးများနှင့် စိတ်ဓာတ် စစ်ဆင်ရေးများအကြား အတိုင်းအတာ၊ အရှိန်အဟုန်နှင့် ပေါင်းစပ်မှုအပိုင်းတွင် သိသိသာသာ မြင့်တက်လာကြောင်း” အစ္စရေး၏ ဆိုင်ဘာကာကွယ်ရေးအေဂျင်စီ (အမျိုးသား ဆိုင်ဘာ ညွှန်ကြားမှုဦးစီးဌာန) အကြီးအကဲ ယိုဆီ ကာရာဒီ (Yossi Karadi) က CNN သို့ ပြောကြား ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မတ်လအတွင်းက အီရန်၏ “ဆိုင်ဘာစစ်ဆင်ရေး ဌာနချုပ်” တည်ရှိရာ အဆောက်အအုံကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတိုက်ခိုက်မှုအတွင်း အီရန်ဆိုင်ဘာအော်ပရေတာ မည်မျှ သေဆုံးခဲ့သည် (သို့မဟုတ် သေဆုံးမှု ရှိ၊ မရှိ) ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကာရာဒီက ၎င်း၏အေဂျင်စီ၏ လုပ်ပိုင်ခွင့်မှာ ဆိုင်ဘာကာကွယ်ရေးအတွက်သာ ကန့်သတ်ထားသည်ဟု ဆိုကာ ယင်းကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

“ဒါပေမဲ့ ကာကွယ်ရေးရှုထောင့်ကနေ ကြည့်ရင်တော့၊ မကြာသေးခင်လတွေမှာ ရန်သူ့ဆိုင်ဘာ လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတချို့ ကျဆင်းသွားတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။ “အဓိကအချက်ကတော့ အီရန်ဆိုင်ဘာသမားတွေဟာ ဖိအားအောက် ရောက်နေပြီး ဆိုင်ဘာလောကမှာ အပေါက်အပြဲတွေ့တဲ့ ဘယ်နေရာကိုမဆို တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 30 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 27 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး