မေလ (၁၆)ရက်။
မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။ စကားများတာက အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်နဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်းတိုပါ၊ အဲ့ဒီမှာ ဆလိုင်းဇကျုံးလျန်က စိတ်မထိန်းနိုင်ဘဲ သေနတ်နဲ့ ပစ်တာ” လို ဆိုပါတယ်။
CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ရာက စကားများပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က စိတ်မထိန်းနိုင်ဘဲ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်း ကျဆုံးခဲ့တာလို သိရပါတယ်။
ဖြစ်စဉ်ထဲ ကျဆုံးခဲ့တဲ့ ဆလိုင်းဆန်လင်းရဲ့ ရုပ်အလောင်းကို သူ့ရဲ့ဇာတိရွာမှာ သင်္ဂြိုလ်သွားဖိုရှိတယ်လို သိရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ တရားဝင် ထုတ်ပြန်ထားတာမရှိပါဘူး။
ဆလိုင်းဆန်လင်းဟာ CDF-Hakha ရဲ့ အားကိုးအားထားရသူတဦးဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်မှာ တပ်ဖွဲဝင်တွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တယ်လို ဒေသထဲသတင်းတွေက ဖော်ပြထားကြပါတယ်။
အခုလို ဆလိုင်းဆန်လင်း ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရသလို မဖြစ်သင့်တဲ့ကိစ္စဆိုကာ ချင်းတော်လှန်ရေးတပ်ဖွဲတွေက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားကြတယ်လို သိရပါတယ်။








