မေလ (၁၆)ရက်။
လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။
လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့ လုံခြုံရေးနဲ့ တော်လှန်ရေး အခြေအနေတွေကြောင့် လူစုလူဝေးဖြစ်စေမယ့် ဇာတ်သဘင်တွေ ရှောင်ကြဉ်ဖို ဆိုပါတယ်။
အဲ့ဒီသတိပေးထုတ်ပြန်တာကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို ဖော်ပြထားပါတယ်။
တားမြစ်တာကို လိုက်နာတာမရှိဘဲ ဇာတ်သဘင်တွေ လက်ခံကျင်းပရင် ကျင်းပတဲ့သူတွေကို တည်ဆဲဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ ထိရောက်စွာ အရေးယူမယ်လို အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ နယ်မြေလုံခြုံရေးကို ရှေးရှုပြီး ဝိုင်းဝန်းပူးပေါင်း လိုက်နာဆောင်ရွက်ကြဖို တိုက်တွန်းထားတယ်လို သိရပါတယ်။








