နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။

တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ် ပြုခဲ့ပါတယ်။ မင်းအောင်လှိုင်ကလည်းအပြန်အလှန်တန်ဖိုးထားတဲ့အနေနဲ့ တရုတ်နဲ့ ချစ်ကြည်ရေး ပျက်အောင်ရေးသားမှုတွေမလုပ်ရန် ပြည်တွင်းမီဒီယာတွေကို ခေါ်ယူ သတိပေးခဲ့ပါတယ်။

တရုတ်ရဲ့ကျေးဇူးကြောင့်လက်လွှတ်ခဲ့ရတဲ့ လာရှိုးမြို့ကြီးကို ကျဥ်မဖောက်ရဘဲ ပြန်လည် ရရှိသလို တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိုလည်း မင်းအောင်လှိုင်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ တဖက်မှာလည်းမင်းအောင်လှိုင်ကိုဖိအားပေးပြီး မြစ်ဆုံဆည် စီမံကိန်းကိုပြန်စရန် ခြေလှမ်းပြင်လာသလို မြန်မာပြည်ထဲကိုဝင်ရောက်လာပြီး မြေရှားသတ္တုထုတ်ဖော်ရေးလုပ်ဖို့လာရောက် ညှိနှိုင်းတဲ့ အမေရိကန် စီးပွားရေးသမား မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham) ၏ ဥက္ကဋ္ဌဟောင်း အဒမ် ကက်စတီလို (Adam Castillo)ကို တရုတ်အလိုကျဖမ်းလိုက်သလို၊ တရုတ်ရဲ့မြန်မာပြည်တွင်း စီးပွားရေး စီမံကိန်းများကိုဖွင့်ချရေးသားနေတဲ့ ISP မြန်မာက ကိုမင်းဇင်ကို တရုတ်အစိုးရက ကူမင်းလေဆိပ်မှာသူလှိုလုပ်မှုနဲ့ဖမ်းလိုက်ပြန်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်လာတာလဲ ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ မိမိတို့အမြင်ကို ဆွေးနွေးတင်ပြကြမှာ ဖြစ်ပါတယ်၊ဒီနေ့ ဂျွန်လ (၁၄)ရက်နေ့ မြန်မာစံတော်ချိန် ည ၇နာရီခွဲ မှာ LIVEတိုက်ရိုက် ပြောကြားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ Era’s Eye, YouTube Channelကနေ အချိန်ကျရင် အောက်မှာပေးထားတဲ့လင့်ကို ကလစ်လုပ်ပြီးကြည့်ရှု နိုင်ကြပါတယ်။

https://www.youtube.com/@eraseyechannel

ခင်မင်စွာဖြင့်

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 3 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 2 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 4 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 4 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 12 Views
ဇွန်လ (၁၃)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့တယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လတိုင်း ပျမ်းမျှ စစ်မှုထမ်းတပ်သား (၄၇၀၀)နဲ့